Jul 26, 2021
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိရာ ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
Jul 26, 2021
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဇူလိုင် ၂၄ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။
Jul 26, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီးရှိဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
Jul 26, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ် ကုန်သွယ်ရေးစခန်းများ အနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများ နှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
Jul 26, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အချုပ်ထောင်ကို ကြည့်ရှုစစ်ဆေးသည်။
Jul 26, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။
Jul 26, 2021
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် အကောက်ခွန်ဦးစီးဌာန တို့မှ ဌာနအကြီးအကဲများနှင့် Virtual စနစ်ဖြင့် တွေ့ဆုံ၍ အများပြည်သူရုံးပိတ်ရက် ဆက်လက် ကြေညာထားသည့် ကာလအတွင်း ဆောင်ရွက် ရမည့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများနှင့် အကောက် ခွန် ရှင်းလင်းရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးသည်။
Jul 26, 2021
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလတွင် ရောဂါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူများကြား နေကြသည်။ ကြောက်ရွံ့စိုးရိမ်နေမှုများကြားမှ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ မြင့်တက်လာသည်ကိုတွေ့ရသည်။ လက်ရှိတွင် ရောဂါဆိုးကြီးကို စိုးရိမ်ကြောက်ရွံ့ပြီး ရောဂါ၏ တိုက်ခိုက်ခြင်းကို ခံနေရသည်ဟုဆိုချင်သည်။ - အမှန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်စေ၊ အောက်ဆီဂျင် ကျဆင်းမှုဖြစ်စေ ရောဂါက တိုက်ခိုက်နေခြင်းကို အရှုံးပေးနေရခြင်းမဟုတ်ဘဲ ရောဂါကို ခုခံကာကွယ်နိုင်သည့် ကိုယ်ခံအားစနစ်ကို စနစ်တကျ မထူထောင်ထားနိုင်၍သာ လက်အရှုံးပေး နေရခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ရောဂါပိုးနှင့် ကိုယ်ခံအားတိုက်ပွဲတွင် ခုခံစွမ်းအားကို မတည်ဆောက် နိုင်သည့် ပြဿနာဖြစ်သည်။ ရောဂါဖြစ်ပွားမှုကို စနစ်တကျ ခံယူကြသော လူအများစုသည် ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံစွမ်းအားစနစ်က အနိုင် တိုက်နိုင်၍ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံမှ ဆင်းသွားနိုင်သော လူနာ အမြောက်အမြားရှိသည်။
Jul 26, 2021
မြတ်စွာဘုရားရှင်လက်ထက် ဝေသာလီပြည်တွင် အနာရောဂါ ဘေး၊ ဘီလူးသရဲတို့၏ ဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး ဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကျရောက်ခဲ့သည်။ ယင်းဘေးအန္တရာယ်ကြီး များမှ လွတ်မြောက်ပါစေခြင်းအကျိုးငှာ ဝေသာလီပြည် လိစ္ဆဝီမင်း တို့က ဂင်္ဂါမြစ်တစ်ဖက်ကမ်းတွင်ရှိပြီး ရှစ်ယူဇနာကွာဝေးသော ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးနေသည့် မြတ်စွာဘုရားကို ရာဇဂြိုဟ် ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးမှတစ်ဆင့် ပင့်ဖိတ်လျှောက်ထားသောအခါ ဘုရားရှင်သည် ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာ ခြံရံ၍ ဝေသာလီပြည်သို့ ကြွချီတော်မူသည်။
Jul 25, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။
Jul 25, 2021
(၂၃-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိ ရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၅,၆၅၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေ မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Jul 25, 2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှ ကရင်ပြည်နယ် မြဝတီမြို့သို့သယ်ဆောင်မည့် ငွေကျပ် ၅၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ဝဝဝ ကီလိုနှင့် ကတ်တမင်း ကီလို ၅၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jul 25, 2021
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပဲခူးတိုင်း ဒေသကြီး မြို့နယ် ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်၊ ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး မြို့နယ် ၂၆ မြို့နယ်တို့၏ မဲစာရင်းများကို တစ်မြို့နယ်ချင်းအလိုက် အသေးစိတ်စိစစ်ခဲ့ပြီး မြို့နယ်အသီးသီးရှိ မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကိုသက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အတူမြေပြင်ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး/ မဲရုံ အဖွဲ့ ဝင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Jul 25, 2021
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)