May 09, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင် လုပ်ဆောင် ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရား အသင်းအား ထောက်ခံ အားပေးခြင်း တို့ကို ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
May 08, 2021
(၇-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၃၇၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၈၈,၈၈၀) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၉၄၇) ဦး ရှိပြီ ဖြစ်ပါသည်။
May 08, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ သစ်အခြေခံ စက်မှု လုပ်ငန်းဌာန၊ အမှတ်(၁၀) ပရိဘောဂစက်ရုံအား ကြည့်ရှုစစ်ဆေးရာ သစ်အခြေခံစက်မှုလုပ်ငန်းဌာန စက်ရုံအထွေထွေ မန်နေဂျာက စက်ရုံနောက်ခံသမိုင်းများနှင့် စက်ရုံ၌ Prowess Myanmar Co., Ltd နှင့်ပူးပေါင်း၍ ပရိဘောဂများ ထုတ်လုပ်တင်ပို့မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
May 08, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် မေ ၇ ရက်တွင် နေပြည်တော်၊ လမ်းဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော နေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြား-မကွေး လမ်းအပိုင်း (၂၂)မိုင် (၆)ဖာလုံကို (၁၂)ပေ အကျယ်မှ (၁၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းပြီးမှု၊ လမ်းချဲ့ခြင်းနှင့် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူ အဆင်ပြေ စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန် တာဝန် ရှိသူများကို မှာကြားသည်။
May 08, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်သည် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် (၃) ဦးအောင်သန်းဦးနှင့်အတူ မေ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များရှိ မီးလောင်ကျွမ်းခဲ့သည့် စက်ရုံများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံ သည်။
May 08, 2021
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ပါဝင် ယှဉ်ပြိုင်ပြီး အောင်မြင်မှု ရရှိစေရန် ရည်ရွယ်၍ ကြိုတင်ပြင်ဆင် လေ့ကျင့်လျက်ရှိရာ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာ အား ကစား အဖွဲ့များအား ယနေ့ နံနက် (၈)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် လိုက်လံကြည့်ရှုအားပေးစကား ပြောကြားသည်။
May 08, 2021
မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့(၂/၂၀၂၁) အစည်းအဝေးကို မေ ၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဆေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 08, 2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဒေါက်တာ မောင်မောင်နိုင်သည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်အတွင်း ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မှု များကို သွားရောက် စစ်ဆေးသည်။