Skip to main content

May 07, 2021

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မေလ (၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

May 07, 2021

နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင် နှင့် အများပြည်သူပိုင် အဆောက်အဦများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များ အား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲ ထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသား လှုံ့ဆော်ဖြန့်ဝေသူများကိုလည်း နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရှေ့ရှု့ကာဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်(၂)ရပ်ကွက်၊ နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံ အတွင်းရှိ Team PT အားကစားခန်းမအတွင်း၌ မေ ၅ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းများအား ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2021

ဆူပူအကြမ်းဖက်သူများအနေဖြင့် တိုင်းဒေသကြီးအချို့ရှိ မြို့နယ်များ၌ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များ၊ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် မိမိတို့၏ တာဝန် ဝတ္တရားများအား ထမ်းဆောင်နေကြသော ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ခြင်း စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ ယာဉ်ရပ်နားစခန်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်နှင့် ကျောင်းဆရာ/ ဆရာမများ၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း ကဲ့သို့သော အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့် ပို့ဆောင်ပေးသူများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2021

ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများအပေါ် ယုံကြည်ကာ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ ပညာသင်ကြားရေး နှစ်အလိုက် ပညာသင်ကြားပေးနိုင်ရေး ပြင်ဆင်လျက်ရှိသော ပညာရေးမှူးရုံးများ၊ အခြေခံပညာ အထက်တန်းကျောင်းများတွင် လက်လုပ်ဗုံး၊ လက်လုက်မိုင်းများ ထောင်ထားခြင်း၊ ဖောက်ခွဲခြင်း များကဲ့သို့ အဖျက်အမှောင့် လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ အမှတ်(၁) အဆန်ရထားကို ယနေ့ (မေ ၆ ရက်) နံနက် ၈ နာရီ မိနစ် ၃၀တွင် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာပြေးဆွဲခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2021

(၁၃) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းပေါင်းစပ်ညှိနှိုင်းရေး ညီလာခံကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ယနေ့နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အာဆီယံအဆင့်မြင့် ဉပဒေအရာရှိကြီးများ အစည်းအဝေး (ASLOM) အလှည့်ကျဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးစန်းလွင် တက်ရောက်ပြီး ASLOM ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး (၆/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2021

ဒီမိုကရေစီနိုင်ငံတွင် ပြည်သူတို့သည် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ပြည်သူ့အခွင့် အရေးများကို မပြတ်မလပ်ရယူအပ်၊ စောင့်ရှောက်ကာကွယ်အပ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရ များကို လေးလေးနက်နက် သိရှိနားလည်အပ်သည်။ ဒီမိုကရေစီကို ဝေဝါးထွေပြား တွေဝေမနေရပေ။ ဝေဝါးထွေပြားပါက ဒီမိုကရေစီအငိုက် မိတတ်သည်။ ဒီမိုကရေစီဝါဒလှလှလေးများကို ဗန်းပြပြီး အာဏာရှင်စနစ်ကို ထူထောင်သော နိုင်ငံရေးပါတီများ၏ သြဇာအာဏာစက်အောက်သို့ ကျရောက် တတ်သည်။

ဆက်လက်ဖတ်ရှုရန်