ရန်ကုန်၊ မေ ၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်သည် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် (၃) ဦးအောင်သန်းဦးနှင့်အတူ မေ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များရှိ မီးလောင်ကျွမ်းခဲ့သည့် စက်ရုံများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံ သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက စက်ရုံများ ပြန်လည်လည်ပတ်ရေးအတွက် စက်ပစ္စည်း ကိရိယာများ တင်သွင်းရေး၊ အာမခံ ထားရှိသောစက်ရုံများ အာမခံလျော်ကြေး ရရှိရေး၊ အလုပ်သမားများ လူမှုဖူလုံရေးခံစားခွင့်များ ရရှိရေး၊ ရင်းနှီး မြှုပ်နှံသူများနှင့် ပညာရှင်များ ပြည်ဝင်ခွင့်ဗီဇာ ရရှိရေးကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုလွယ် ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက လတ်တလော တွေ့ကြုံ နေရသည့် အခက်အခဲများ၊ အလုပ် သမားဆိုင်ရာကိစ္စရပ်များ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ် များ၊ အစိုးရဌာနများအနေဖြင့် ကူညီပံ့ပိုး ဆောင်ရွက် ပေးစေလိုသည့် ကိစ္စရပ်များကို တင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆွေးနွေး ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် (၃) နှင့်အတူ အမှတ် (၁) သစ္စာလမ်း၊ ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ် လျက်ရှိသော သယ်ယူပို့ဆောင် ရေးလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် မြန်မာ့ ကုန်သွယ်ရေကြောင်းဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံ ဆွေးနွေး သည်။ တွေ့ဆုံစဉ် ကွန်တိန်နာငှားရမ်းစရိတ် မြင့်တက်နေခြင်း ကိစ္စရပ်များ၊ ကွန်တိန်နာသင်္ဘောများ ယခင် ကကဲ့သို့ ပုံမှန်ဝင်ရောက်နိုင်ရေးနှင့် ပို့ကုန် အတွက်လိုအပ်သည့် ကွန်တိန်နာအလွတ်များ လုံလုံလောက် လောက်ရရှိရေး ကိစ္စရပ်များ ကို ဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ မြန်မာ့ကုန်သွယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြ သည်။
(သတင်းစဉ်)