Skip to main content

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် သူနာပြုများအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်

 

နေပြည်တော် မေ ၈

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင် လုပ်ဆောင် ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရား အသင်းအား ထောက်ခံ အားပေးခြင်း တို့ကို ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

အဆိုပါအမှုဖွင့်လှစ်ထားသော သူနာပြုများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိရာ လက်ခံ ထားသူများအား CDM နှင့် CRPH လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိ ပေး ကြေညာအပ်ပါသည်။

သတင်းစဉ်