May 11, 2021
ကမ္ဘာပေါ်တွင် ရုပ်ရှင်ပေါ်ပေါက်လာမှုသည် ၁၈၈၆ ခုနှစ်ခန့်ကဖြစ်ပြီး ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန်နိုင်ငံတို့၌ စတင်ထွန်းကားလာ ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၁၀ ပြည့်နှစ် ခန့်က ရုပ်ရှင်ပြသမှုများစတင်ခဲ့ကြောင်းကို “အလွန်ထူးဆန်းသော ဓာတ်မီးနှင့် အရိပ်ပြပွဲ အကြောင်း” သတင်းအထောက်အထားများအရ သိရ သည်။
May 11, 2021
၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင် များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ CRPH အမည်ခံ မတရားအသင်း၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များ တည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရ ပါသည်။
May 11, 2021
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ရာဇဓိရာဇ်လမ်းနှင့် ကုန်သည်လမ်းပေါ်၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငွေကြေးလိမ်လည် ယူဆောင် သွားသည်ဟု မဟုတ်မမှန်စွပ်စွဲပုတ်ခတ် သတင်းဖြန့်ဝေသူကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ သိရှိရသည်။
May 11, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
May 11, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည်၊ သာသနာရေးဦးစီးဌာနက ကျင်းပသော ၂၀၂၁ ခုနှစ်၊ နိကာယ်စာမေးပွဲကို ၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်မှ နယုန်လပြည့်ကျော် ၁ ရက် အထိ (၂၀၂၁ ခုနှစ်၊ ဇွန် ၂၁ ရက်မှ ဇွန်လ ၂၅ ရက်အထိ) ၅ ရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေဌာနများ၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပါသဖြင့် ဖြေဆိုရမည့် ကျမ်းစာအလိုက် သတ်မှတ် ထားသော ရက်အတိုင်း နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဖြေဆိုခွင့် ပြုမည်ဖြစ်သည်။
May 11, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည့် စာရင်းအင်းအချက်အလက် ပြုစုခြင်းနှင့် သုံးသပ်တင်ပြခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)၌ ကျင်းပသည့် Microsoft Office (Excel) ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
May 11, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၂၀၂၁ ခုနှစ်၊ မေလ (၁၁)ရက်နေ့ နံနက်(၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
May 11, 2021
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ အခြေခံ သင်တန်းအမှတ်စဉ် ၁/၂၀၂၁ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ မြေညီထပ် ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။