May 08, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၂၀၂၁ ခုနှစ်၊ မေလ (၈)ရက်နေ့ နံနက်(၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
May 08, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၉ နာရီတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ ဟာနာယကကျောင်းတော်ကြီး၌ နိုင်ငံတော်သံဃမဟာနနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘန္တ ကုမာရာဘိဝံသ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဓန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)မှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကြသည်။
May 08, 2021
ပညာသည် လူ့ဘောင်လောကအတွက် အခြေခံအရင်းအမြစ်ဖြစ်သည်။ ပညာသည် သုံးစွဲမကုန် နိုင်သော အရင်းအနှီးဖြစ်သည်။ ပညာဖြင့် ဘဝကိုအလှဆင်နိုင်သည်။ ပညာသည်သာ လူ့ဘောင် လောက၏ မီးရှူးတန်ဆောင်ဖြစ်သည်။ ပညာမတတ်လျှင် အကန်းနှင့်တူပြီး ပညာတတ်လျှင် ဘဝတွင် အမှန်အမှား ခွဲခြားဆင်ခြင်နိုင်ကာ ပညာသည်ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ဖန်တီးနိုင်ပေသည်။
May 08, 2021
ကျောင်းသားများ ကျောင်းမတက်ရေးအတွက် အကြမ်းဖက်မှု၊ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု လုပ်ရပ်များ ပိုမိုများပြားလာသည်။ ပညာရေးမှူးရုံးအဆောက်အအုံများကို တိုက်ခိုက်ခြင်း၊ ကျောင်း များကို တိုက်ခိုက်ခြင်း၊ ဆရာ ဆရာမများကို ခြိမ်းခြောက် နှောင့်ယှက်ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကျောင်းများ မဖွင့်လှစ်နိုင်အောင်၊ ကျောင်းသူ ကျောင်းသားများ ကျောင်း မတက်နိုင်အောင်၊ ပညာသင်ကြားခွင့်ဆုံးရှုံးအောင် ပြုလုပ် ကာ အနာဂတ်တိုင်းပြည်၏ အညွန့်အဖူးကလေးများကို အညွန့်ချိုးဖျက်ဆီးနေကြသည်။
May 07, 2021
မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ဆောင်ရွက်မည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉) နာရီ တွင် နေပြည်တော် ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပသည်။
May 07, 2021
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ (နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ) ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲကြီးကြပ်မှု မွမ်းမံသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
May 07, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မေလ (၇)ရက်နေ့ ည(၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
May 07, 2021
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်၁၈၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၌ ကျင်းပသည်။ အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။