နယ်ရုံးများ၏သတင်းများ

Jul 27,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီးကျေးရွာ (အ.ထ.က) ကျောင်း၌ ဆောင်ရွက်သည်။
Jul 27,2026
ဒီဂျစ်ဒယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ဝမ်လန်း(မိုင်းလန်း)ကျေးရွာ၌ မိုဘိုင်းစခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မိုဘိုင်းစခန်းရှေ့၌ ကျင်းပခဲ့သည်။
Jul 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၇) ရပ်ကွက်ရှိ အမှတ်(၄၁) လမ်းဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်းက “ဥပဒေအသိပညာပေးဟောပြောပွဲ” ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ ကျင်းပသည်။
Jul 26,2026
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၂၄ ရက်နေ့ နံနက် ၉ နာရီက အောက်တကဲ ကျေးရွာအထက(ခွဲ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Jul 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာနန္ဒသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်းဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပညာ့အလင်းခေတ်မီစာကြည့်တိုက်၌ ကျင်းပသည်။
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ၊ ဆရာမများ (Book Club) အသင်း၊ စာပေဝါသနာပါသူများနှင့် စာရေးဆရာ ဖေမြင့် ရေးသားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီ၌ ကျောက်တံတားမြို့နယ် ပညာ့အလင်းစာကြည်တိုက်တွင် ကျင်းပပြုလုပ်သည်။
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော"လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" ပြည်သူ့စကားဝိုင်း (Public Talk)ကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။