Skip to main content

ဝေဒနာရှင်များ ရောဂါသက်သာပျောက်ကင်းရေးအတွက် ပြုစုကုသပေးမည့် မြောက်ဥက္ကလာပ အထွေထွေရောဂါ ကုနှင့် သင်ကြားရေး ဆေးရုံကြီး ၂၄ နာရီ ဖွင့်လှစ်ထားရှိပြီ

 

ရန်ကုန် မေ ၈

ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုနှင့် သင်ကြားရေး ဆေးရုံကြီးအား အရေးပေါ် ခွဲစိတ်ကုသမှု အပါအဝင် အရေးပေါ် ဆေးဝါးကုသမှု ခံယူရန် လိုအပ်သည့် လူနာများကို အချိန်မီဆေးဝါးကုသမှုများ ပြုလုပ်နိုင်ရန် ၂၄ နာရီ ဖွင့်လှစ်ထားရှိပေးလျက်ရှိသည်။

ထို့ပြင် ဆေးရုံတွင် တာဝန်ထမ်း ဆောင်နေကြသည့် ဆေးရုံအုပ်ကြီးအပါ အဝင် ဆရာဝန်၊ ဆရာမ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများကလည်း ဝန်နှင့်အား မမျှတသည့်ကြားမှ လူနာများအား နွေးနွေးထွေးထွေးဖြင့် ဂရုတစိုက် ကုသ ပေးလျက် ရှိသည်။ ။

သို့ဖြစ်၍ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေး ဆေးရုံကြီးတွင် အနယ်နယ် အရပ်ရပ်မှ လာရောက် ဆေးဝါးကုသမှု ခံယူနေကြ သည့်လူနာများနှင့်လူနာစောင့်များအား ဆေးကုသပေးမှုနှင့် စပ်လျဉ်းပြီး တွေ့ဆုံ မေးမြန်းထားသည်များကို  တင်ပြလိုက်ရပါသည်။

 မချော (လူနာစောင့်)

ညောင်လေးပင်မြို့ ကလာတာပါ။ ကျွန်မက လူနာစောင့်ပါ။ ဆေးရုံတက်နေတာက ကျွန်မ အမျိုးသား ကိုနေလင်းအောင် ပါ။ သူအလုပ်ကအပြန် ဆိုင်ကယ် မတော်တဆဖြစ်ပြီး မြောက်ဥက္က လာပဆေးရုံကို ဆေးကုသဖို့ ရောက်လာ တာပါ။ညောင်လေးပင် မှာရှိတဲ့ဆေးရုံက အရေးပေါ်ကား နဲ့ လိုက်ပို့ပေးတာပါ။ ဆေးကုသမှု ခံယူနေတာ တစ်ပတ်ပြည့်ပါပြီ။ ဆရာဝန်၊ ဆရာမတွေကလည်း ဂရုတစိုက်နဲ့ ကုသပေးကြပါ တယ်။ အခုလူနာက လှုပ်လှုပ် ရှားရှားနဲ့ စားသောက် နေပါပြီ။ ဆေးကုသတဲ့ ကုန်ကျစရိတ်က  မရှိပါဘူး။ စားစရိတ်လောက်ပဲ ကုန်ကျပါတယ်။

ဒေါ်ခင်လှဝင်း (လူနာစောင့်)

မှော်ဘီက လာတာပါ။ ဆေးရုံ တက်နေတာက ကျွန်မသားပါ။ သားနာမည်က မောင်ဇင်ကိုဝင်း အသက် (၁၇)နှစ်ရှိပါပြီ။ ဆိုင်ကယ် မတော်တဆဖြစ်တာပါ။ မနေ့ကမှ     ဆေးရုံစတက်တာပါ။ ဆေးရုံပေါ် ဘယ်နှရက်လောက် နေရမလဲ တော့ မသိရသေးပါဘူး။ သတိတော့ ရနေပါပြီ။ ဆေးရုံ မှာမရှိတဲ့ ဆေးဝါးလောက်ပဲဝယ်ရပါတယ်။ ဆေးရုံပေါ်မှာတော့ အားလုံး အဆင်ပြေပါတယ်။ အခက်အခဲ မရှိပါဘူး။ ဆရာဝန်၊ ဆရာမတွေ ကလည်း ဂရုတစိုက်နဲ့ ကုသပေး ကြပါတယ်။

 ကိုအောင်မြင့် (လူနာ)

အသက်(၃၁)နှစ် ရှိပါပြီ။ မိတ္ထီလာကနေ လာရောက် ဆေးကုသမှု ခံယူနေတာပါ။ ရောဂါက ဗိုက်မှာအန်ဖြစ်ချင်လို့ ဒီဆေးရုံမှာ လာခွဲစိတ်မှုခံတာ ပါ။ မေလ ၂ ရက်နေ့က စပြီး ဆေးရုံတက်နေတာပါ။ မိတ်ဆွေ တစ်ယောက်က မြောက်က္ကလာပ ဆေးရုံဖွင့်နေတယ်။ အဲဒီကို သွားပါ။ ဆေးဝါးတွေလည်း အစုံ အလင်ရှိတယ်၊ ရေဆန်၊ ဆရာမ တွေလည်း ရှိတယ်ဆိုလို့ ဒီမှာ  လာရောက်ကုသမှု ခံယူဖြစ် တာပါ။ ဒီမှာတော့ ကုန်ကျမှုမရှိ ပါဘူး။ ဆေးရုံက အတတ် နိုင်ဆုံး ဆေးဝါးတွေ အခမဲ့ပေးပါတယ်။ ဆေးရုံမှာမရှိတဲ့ ပစ္စည်းတချို့ပဲ ဝယ်ရပါတယ်။ အကုန်အကျတော့ မရှိပါ ဘူး။ ဆရာဝန်၊ ဆရာမတွေ ကလည်း စေတနာထားပြီး ကုသ ပေးကြပါတယ်။ အစစအရာရာ ကုန်အဆင်ပြေပါတယ်။ အခက် အခဲလည်း မရှိပါဘူး။ အခုလို ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်ပြီး လူနာတွေအပေါ် စေတနာထားပြီး ကုသပေးတဲ့ ဆရာဝန်၊ ဆရာမတွေကိုကျေးဇူးအထူးတင်ပါတယ် လို့ ပြောချင်ပါတယ်။ ဒီကို လာတော့ လူနာစောင့်ဖို့ မိသားစု ဝင်နှစ်ဦး ပါပါတယ်။

ကိုသိန်းထွန်း (လူနာစောင့်)

 

ကျွန်တော်က လူနာစောင့်ပါ။ အဒေါ် ချော်လဲပြီး ဗိုက်ကိုငုတ် ထိုးမိလို့ လှိုင်သာယာကနေ မြောက်ဥက္ကလာပ ဆေးရုံကို လာရောက်ဆေးကုသမှု ခံယူတာ ပါ။ အဒေါ်နာမည်က ဒေါ်ဝင်းပါ။ အသက်(၄၈)နှစ်ရှိပါပြီ။ ပထမ စဖြစ်တော့ ဆေးခန်း သွားပြတယ်။ ဆေးခန်းက မြောက်ဥက္ကလာပ ဆေးရုံဖွင့်တယ်၊ အဲဒီကို သွားပါ ဆိုလို့ ဒီရောက်လာတာပါ။

ဒီမှာ ဆေးကုသတာက ကုန်ကျ မှု မရှိပါဘူး။ လူနာစောင့် စားဖို့ သောက်ဖို့အတွက်ပဲ ဝယ်ရပါ တယ်။ တခြား ကုန်ကျ စရိတ်တော့ မရှိပါဘူး။ ဆေးဝါးကလည်း ဒီမှာ  မရှိတဲ့ သေးသေးမွှားမွှား လောက် ပဲ ဝယ်ရတယ်။ ကျန်တာကတော့ အကုန် အဆင်ပြေပါတယ်။ ဆေးထိုးချိန် ဆေးလာထိုးပေး တယ်။ ဆေးပုလင်း ချိတ်စရာ ရှိရင်လည်း လာချိတ် ပေးတယ်။ ကုန်ကျစရိတ်က ဘာမှမရှိပါဘူး။ အခုလို ဆေးရုံတွေ ပြန်ဖွင့်ပြီး လူနာတွေကို ဆေးကုသပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပြည့်ပြည့်စုံစုံ လုပ်ပေး ကြပါတယ်။ ။

ဒေါ်မူမူလွင် (လူနာစောင့်)

လှည်းကူးမြို့နယ်ကလာတာ ပါ။ ကျွန်မအမျိုးသား နေမကောင်း ဖြစ်လို့လူနစောင့်ဖို့ပါ။ အမျိုးသား နာမည်က ဦးချစ်ပို ပါ။ အသက် (၅၃)နှစ် ရှိပါပြီ။ အဆုတ်မှာ ရေဝင်လို့တီဘီဆေးသောက်နေရ တယ်။ တီဘီဆေးသောက်နေရင်း နဲ့ အိမ် မှာ မောနေလို့ မြောက် ဥက္ကလာပဆေးရုံလာတက်တာပါ။ ဆေးရုံရောက်ရောက်ချင်း ဆရာ၊ ဆရာမတွေက လိုလေ သေးမရှိ အကုန်လုပ်ပေးပါတယ်။ အဆုတ်မှာ ရေဝင်တယ်ဆိုပြီး ရေစုပ် ထုတ်ပေးတယ်။ ရောဂါက အခု တော်တော် သက်သာနေပါပြီ။ အခုသိပ်လည်း မမောတော့ဘူး။

ဧပြီလကုန်လောက်က စပြီးဆေးရုံ လာတက်တာပါ။ ဆရာ၊ ဆရာမ တွေ၊ ဝန်ထမ်းတွေကအစ နွေးနွေး ထွေးထွေး ဆက်ဆံကြပါတယ်။ အားလုံးလိုလေသေးမရှိတော်ရွက် ပေးကြတယ်။သဘောကောင်းလွန်း လို့ ပြန်တောင် အားနာ နေရ တယ်။

ဆေးရုံလာတက်တဲ့သူတွေက ပြေလည်တဲ့သူရှိသလို မပြေလည် တဲ့ သူတွေလည်း ရှိတယ်။ မပြေ လည်တဲ့ သူတွေ ဆိုလည်း ပံ့ပိုးမှု တွေပေးတယ်။ ဆေးရုံဖွင့်နေတယ် ဆိုတာ မသိဘူး။ လာတဲ့လမ်း တစ်လျှောက်က ဆေးရုံတွေက ပိတ်ထား တာများတော့ အဆင် မပြေဘူး။ ဒီရောက်တော့ မြောက် ဥက္ကလာပဆေးရုံ ဖွင့်ထားတော့ အဆင်ပြေ သွား တယ်။ လူနာတွေ အနေနဲ့ မြောက်ဥက္ကလာပဆေးရုံ မှာ လာရောက်ဆေးကုသမှု ခံယူ ချင်တယ်ဆိုရင် ဆေးရုံ ဖွင့်ထား ပါတယ်။ ဆေးကုသပေးတဲ့ ဆရာဝန်၊ ဆရာမတွေအပြင် ဆေးရုံ ဝန်ထမ်းတွေကလည်း နွေးနွေးထွေးထွေး ဆက်ဆံကြ ပါတယ်။ အားလုံး အဆင်ပြေပါ တယ်လို့ ပြောချင်ပါတယ်။

ဦးတင်အောင်ထွန်း (လူနာစောင့်)

သာယာဝတီမြို့နယ်ဘီးလင်း

ရွာသစ်ကလာတာပါ။ ကျွန်တော့သား မြွေကိုက်ခံရလို့ ဒီဆေးရုံမှာ ဆေးလာကုဖို့ လူနာစောင့်အဖြစ် လိုက်လာတာပါ။ ကျွန်တော့် သား နာမည်က မောင်မိုးဇော်ထွန်း အသက် (၁၇) နှစ်ရှိပါပြီး၊လယ်ထဲ သွားရင်း မြွေကိုက်ခံရတာပါ။ သာယာဝတီက မြောက်ဥက္ကလာပ ဆေးရုံလွှတ်လိုက်လို့ ရောက်လာတာပါ။ ကုန်ကျစရိတ်လည်း မရှိပါဘူး။ ဆရာဝန် တွေကလည်းကောင်းပါတယ်။ မကြာခဏ လာကြည့်ပေးတယ်။ အခုကလေးက တစ်ရက်တည်းနဲ့ ထူထူ ထောင်ထောင် ဖြစ်နေပါပြီ။ ရောက်ခါစကတော့ ကလေး အတွက် ပူပန်နေရတယ်။ ဒီလို နေရာမျိုးမှာ ဒီလိုဆရာဝန်၊ ဆရာမ တွေက လူနာတွေအပေါ်နွေးနွေး ထွေးထွေးဆက်ဆံပြီး အချိန်ပြည့် ကုသပေးတဲ့အတွက် ကျွန်တော် တို့အနေနဲ့ အလွန် ဝမ်းသာပါတယ်။ ကျွန်တော်တို့အားလုံး အားထား ရာ ပြည်သူ့ဆေးရုံကြီးတွေနဲ့ အဲဒီ မှာ တာဝန် ထမ်းဆောင် နေကြတဲ့ ဆရာဝန်၊ ဆရာမတွေက လူနတွေ အတွက် မရှိမဖြစ်တဲ့သူတွေပါ။

 တွေ့ဆုံမေးမြန်း - စိမ်းခက် လင်းလက်၊ ဓာတ်ပုံ- ကိုနေ