Sep 26, 2023
သစ်တောဦးစီးဌာနရှိ တောအုပ်ကြီးများ လုပ်ငန်းခွင်အကြို သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်း၌ ကျင်းပသည်။
Sep 26, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Sep 26, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေးပါတီများအနက် ပြည်ထောင်စုနယ်မြေအတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 26, 2023
၁၉၀၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သည် အသင်းကြီး၏အဓိက လုပ်ငန်းစဉ်များဖြစ်သော အမျိုးဘာသာ သာသနာပညာလုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် အသင်းဝင်အင်အားဆယ်သိန်း ကျော်ရှိခဲ့ပြီဖြစ်သည်။
Sep 26, 2023
မွန်ပြည်နယ်သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ကွင်းတွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ အမြန်ဆုံးပြန်လည်အစားထိုး စိုက်ပျိုးပြီးစီးရေးအတွက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက အဆိုပါကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ ယနေ့နံနက်ပိုင်းတွင် ကောက်စိုက်စက်ဖြင့် အခမဲ့ကူညီစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
Sep 26, 2023
၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ၌ ဆုရရှိသူများထုတ်ပြန်
Sep 26, 2023
တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ စက်တင်ဘာ ၂၅ ရက်က ပြီးဆုံးခဲ့ပြီး မြန်မာအသင်းသည် ရှုံးထွက်အဆင့်တွင် နာမည်ကြီးဂျပန်အသင်းနှင့် ဆုံတွေ့ခဲ့သည်။
Sep 26, 2023
အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် Theatre ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မန်းဖြိုး၊ တပ်မတော်ဆေး တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် ဌာနမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်မည့် သင်တန်းသားများ တက်ရောက်ကြသည်။
Sep 26, 2023
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့စေရန်နှင့် နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လွယ်ကူချောမွေ့စေရန်အတွက် ယွမ်-ကျပ် တိုက်ရိုက်ပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Bank of China (Hong Kong)မှ 2023 Yangon Branch “Golden Autumn” RMB Forum ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲ က Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
Sep 26, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေးပါတီများအနက် ကယားပြည်နယ်အတွင်းရှိ ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီ (၂)ပါတီ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 26, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချနိုင်ရေးအတွက် ဆန်လုပ်ငန်းရှင်များ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆန်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Sep 26, 2023
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းသည် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းနှင့်အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသော အာရှပစိဖိတ် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်၏ (၂၈)ကြိမ် မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် (၂)နှစ် တစ်ကြိမ်ကျင်းပသည့် ညီလာခံ(28th Annual General Meeting of Asia Pacific Forum & Biennial Conference)တို့သို့ ပါဝင်တက်ရောက်ခဲ့သည်။
Sep 26, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်အာရှနှင့် အရှေ့တောင်အာရှ (နိုင်ငံတကာဒေသတွင်း) ပြန်ကြားရေးစင်တာမှ အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူနှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပရေး ဆွေးနွေးသည်။
Sep 26, 2023
မဲခေါင်-လန်ချန်းဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်ရာတွင် ဒစ်ဂျစ်တယ်အသုံးပြုမှု ကျွမ်းကျင်လာစေရန်အတွက် လိုအပ်သောနည်းပညာများနှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 26, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (16th Con-ference of ASEAN Ministers Responsible For Information - AMRI ) နှင့် (20th ASEAN Senior Officials Meeting Responsible for Information- SOMRI) နှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် ( AMRI +3) အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြပြီး စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
Sep 26, 2023
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန ဇေယျာသီဟအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Sep 26, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အများပြည်သူများထံသို့ မှန်ကန်ထိရောက်သော အချက်အလက်များဖြင့် ပေးပို့နိုင်ရေးနှင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သတင်း၊ မှတ်တမ်းတင်ပြချက် စွမ်းဆောင်ရည်များတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာနတွင်း သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေး သင်တန်းဆင်းပွဲကို ယနေ့ညနေပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 26, 2023
ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက် နေ့အထိကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၅၀ ကျော်မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များတက်ရောက်ပြီး ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 26, 2023
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များအနက် ကုန်ထုတ်လုပ်မှုကဏ္ဍကို နိုင်ငံတော်က ဦးစားပေးမြှင့်တင်လျက်ရှိ သည်။ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ရှိနေသော MSMEs ကုန်ထုတ်လုပ်ငန်းများကို လေ့လာရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်များ လွန်စွာအားနည်းလျက်ရှိသည်ကို တွေ့ရှိရသည်။
Sep 25, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။