Skip to main content

Oct 27, 2023

တောင်ငူမြို့တွင် တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးသူများရှိပါသည်။ အိမ်၌နေရင်း အိမ်တွင်းစီးပွားအဖြစ်လည်း ခြံထဲတွင်စိုက်ပျိုးကြပါသည်။ မှိုစိုက်ပျိုးရာတွင် ဘောင်လုပ်၍ စိုက်ပျိုးရပါသည်။ ဘောင်တစ်ဘောင်လျှင် မှိုထုပ် ၅ ထုပ် စိုက်ပျိုးရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပင်မှည့်သီး(ခေါ်) လိုင်းမချူးသီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ ပင်မှည့်သီးကို သကြားနှင့် တို့စားနိုင်သည့်အပြင် ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသည်။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပင်မှည့်သီး(ခေါ်) လိုင်းမချူးသီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ ပင်မှည့်သီးကို သကြားနှင့် တို့စားနိုင်သည့်အပြင် ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသည်။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ယခုလို မိုးဖြိုင်ဖြိုင်ရွာပြီး စိုစွတ်သောရာသီတွင် ထွက်‌ပေါ်လာသည့် ရာသီစာ ကတက်ဥကို လူတိုင်း မြင်ဖူး၊ စားဖူးကြလိမ့်မည်ဖြစ်သည်။ ကတက်ဥကို ကရင်ပြည်နယ်တွင် အရည်သောက်ဟင်း အဖြစ်ချက်စားကြသလို ဒေသစာ ကတက်မုန့်အဖြစ်လည်း လုပ်စားကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် အဆင့်မြှင့်တင် ဆောက်လုပ်ခဲ့သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံ ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီက အဆိုပါ Centre တည်နေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါကင်းစင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ‌ ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့သည် ယနေ့တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးဒုတိယဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းကို စနစ်တကျစီမံဆောင်ရွက်ရန်၊ ပလတ်စတစ်အမှိုက်များ လုံးဝမရှိအောင်ဆောင်ရွက်ရန်၊ ရုံးအဆောက်အအုံများအား ဆေးသုတ်ထားရန်၊ ကပွဲခန်းမနှင့် အစည်းအဝေးခန်မအား နိုင်ငံတော်အဆင့်မီ ပြုပြင်ဆောင်ရွက်ထားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ခေတ်အဆက်ဆက်တည်ရှိခဲ့သော မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု မြန်မာ့ရိုးရာအနုသုခုမပညာ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များ တိမ်မြုပ်ပျောက်ကွယ်မသွားစေရန်၊ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့နှင့် လျော်ညီစွာ တည်ရှိခဲ့သော ယဉ်ကျေးမှုအနုပညာစံနှုန်းများခိုင်မာတည်တံ့စေရန်၊ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပညာရပ်များကို ဖော်ထုတ်လျက် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပညာအမွေပေးရန် ကြီးမားသော အထောက်အပံ့ဖြစ်စေသည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ လက်ရှိအချိန်တွင် (၂၄)ကြိမ်ရှိခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များကို ရွှေနန်းထိုက်ဟိုတယ်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရတားက သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲပေးသွားမည်

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့ ညနေ ၅ နာရီခွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

အစ္စရေးနိုင်ငံတွင်ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ကယ်ထုတ်ရေးစီမံချက်အရ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ ၂၅ ရက်တွင် တဲလ်အဗီးမှ EI AI Airline LY 081 ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာလာခဲ့ပြီး ယနေ့ညပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအမှတ် 8M 351 ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက်သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်မှ သံဃာတော် ၃၁ ပါးနှင့် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်မှ သံဃာတော် ၃၄ ပါး စုစုပေါင်း သံဃာတော် ၆၅ ပါးတို့အား ဥတ္တရသီရိမြို့နယ် ခုတင် - ၅၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်အဖွဲ့မှ အသည်းရောင်အသားဝါရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးနှံပေးနေခြင်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး သံဃာတော်များအား ဘီပိုးကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းလျှောက်ထားခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့်ဆန်းသစ်တီထွင်မှုစီမံကိန်း အမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်ရုံး၊ ဟင်္သာတခရိုင်ရုံးနှင့် ဟင်္သာတမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်္ဂပူမြို့နယ်ရုံး၊ မြန်အောင်မြို့နယ်ရုံး၊ ကြံခင်းမြို့နယ်ရုံးနှင့် ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ်ရုံးတို့ကို  ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအားတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ မြို့တော်ခန်းမ၌ နိုင်ငံရေးပါတီ ၆ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များကို တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2023

​နေပြည်တော်ကောင်စီ၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်