Nov 01, 2023
အခြေခံပညာ (၁၅-၂၀) မဟာဂီတ သီချင်းအဆိုပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တာပါ။ တိုင်းရင်းသားတစ်ယောက်အနေနဲ့ မဟာဂီတအဆိုပြိုင်ပွဲမှာ ဆုရရှိခဲ့တော့ ဝမ်းသာပါတယ်။ အရင်ကတော့ သီချင်းတွေဆိုပေမယ့် ဒီလိုသီချင်းကြီးတွေကို ဆိုဖြစ်မယ်လို့တောင်မထင်ဘူး။ ဒါပေမယ့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်တာက ကျောင်းဂုဏ်ဆောင်ချင်တယ်၊ လူမျိုးဂုဏ်ဆောင်ချင်တယ်၊ ဒါကြောင့် ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တာပါ။ တကယ်တော့ ဒီအခုပြိုင်ပွဲဟာ မျိုးဆက်သစ်တွေအတွက် အလွန်ကိုကောင်းတဲ့ ပြိုင်ပွဲကြီးတစ်ခုပါ။ မဟာဂီတကို သိပ်ပြီးမဆိုနိုင် ကြဘူး။ လီဆူတိုင်းရင်းသူတစ်ယောက်အနေနဲ့ မဟာဂီတသီချင်းကြီးတွေကို အခုလိုဆိုပြတဲ့အချိန်မှာ သူတို့ဆိုနိုင်ပါလားဆိုတာ အံ့ဩသွားကြတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့လည်း ကြိုးစားပြီး ဝင်ပြိုင်ကြပါ။
Nov 01, 2023
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များ ရရှိလာကြပြီး မိမိတို့ဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းတာဝန်များ၊ သက်ဆိုင်ရာဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များကို သိရှိနိုင်ရေးအတွက် လုပ်ငန်းခွင်ဝင်သင်တန်းကို ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။
Nov 01, 2023
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တို့ကို ထုတ်ဖော်ထိန်းသိမ်းလက်ဆင့်ကမ်းလျက် အမျိုးဂုဏ်ဇာတိဂုဏ်ကို စောင့်ရှောက်သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပခဲ့ရာ ယနေ့တွင် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည်လည်း အောင်မြင်စွာပြီးဆုံးခဲ့ပြီ ဖြစ်သည်။ အနုသုခုမပညာရပ် နယ်ပယ်အသီးသီးတွင် ထူးချွန်ပညာရှင်များ၊ မျိုးဆက်သစ်အနုပညာရှင်လူငယ်မောင်မယ်များလည်း ပေါ်ထွန်းလာလျက် အောင်ပွဲရလဒ်များ ရယူပိုင်ဆိုင်နိုင်ခဲ့ကြသည်ဖြစ်ရာ ပြိုင်ပွဲဝင်များ၏ ပီတိနှင့်ယှဉ်သော အနာဂတ်မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လက်ဆင့်ကမ်းထိန်းသိမ်းသွားမည့် အားမာန်ပြည့်ဝသော စကားသံများကို ပြန်လည်ဖော်ပြလိုက်ပါသည်။
Nov 01, 2023
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန် ဦးပိန်တံတားတွင် အောက်တိုဘာ ၂၉ ရက်က လာရောက်လည်ပတ်သူများပြားမှုကြောင့် အခန်းအမှတ် ၃၃၉ နင့် ၃၄၀ နှစ်ခန်းမှာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က ကျိုးကျခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)က ပြင်ဆင်မှုများကို အောက်တိုဘာ ၃၀ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ သုံးရက်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
Nov 01, 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၏ ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာကိစ္စရပ်များအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အများပြည်သူသို့ အသိပညာပေးရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် ငွေကြေးလိမ်လည်မှုများကို အချိန်မီတားဆီးနိုင်ရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (Action Task Force) ဖွဲ့စည်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 01, 2023
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Nov 01, 2023
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC–II) ညီလာခံခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Nov 01, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အတွင်းရေး မှူးချုပ်ရုံး အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 01, 2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Nov 01, 2023
မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များ နိုင်ငံနှင့် လူမျိုး၊ အမျိုးသားယဉ်ကျေးမှု၏ ဂုဏ်သိက္ခာကို အလေးအနက်ပြု တန်ဖိုးထားထိန်းသိမ်းနိုင်ရန်အတွက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကျင်းယှဉ်ပြိုင်ခဲ့ကြပြီးနောက် ယနေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဂုဏ်ယူဖွယ်ရာ ကျင်းပနေသည်။
Nov 01, 2023
အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုဟူသည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းသဖွယ်ဖြစ်ပြီး နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ရှိနေကြသောအရာများလည်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများကို လေ့လာပါက တစ်နိုင်ငံတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင်နေကြခြင်းမဟုတ်ဘဲ ဘာသာစကား၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုစသည်တို့ မတူကွဲပြားသည့်လူမျိုးများ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည်ကို တွေ့နိုင်သည်။ အချို့ဘာသာစကားတစ်မျိုးတည်းကိုသာ တစ်နိုင်ငံလုံးတွင် ပြောနေကြစေကာမူ ဒေသတစ်ခုနှင့်တစ်ခု၊ တစ်မြို့နှင့်တစ်မြို့ လေယူလေသိမ်း၊ အသုံးအနှုန်းစသည်တို့တွင် ကွဲပြားခြားနားတတ်ကြပြန်သည်။ ယင်းသို့ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူမျိုးနွယ်အလိုက်၊ ဒေသအလိုက် မတူညီမှု၊ ကွဲပြားခြားနားမှုများကို ညီညွတ်အောင်စုစည်းပေးသောအရာမှာ အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုပင်ဖြစ်သည်။
Oct 31, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကားလျက်ရှိသည်။
Oct 31, 2023
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ယနေ့နေလယ်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ) မှ ထွက်ခွာကြရာ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
Oct 31, 2023
KIA နှင့် ပူးပေါင်းအင်အားစုများအနေဖြင့် ယနေ့နံနက်ပိုင်းတွင် အများပြည်သူအသုံးပြုလျက်ရှိသော မြစ်ကြီးနား-ဗန်းမော် အဓိကဆက်သွယ်ရေး ကားလမ်းမကြီးအား လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် ကန်တော်ယန်တစ်ဝိုက်ရှိ လုံခြုံရေးအဖွဲ့အား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ရယူ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
Oct 31, 2023
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄) ရေတပ်ဗောတံတားမှ ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
Oct 31, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ
Oct 31, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
