Sep 23, 2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိပါသည်။
Sep 23, 2023
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှ လုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ် သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာ ရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
Sep 23, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Li Xiaopeng ၏ ဖိတ်ကြားမှုအရ စက်တင်ဘာ၂၅ ရက်မှ ၂၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် Global Sustainable Transport. Forum သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့်ထွက်ခွာ သွားသည်။
Sep 23, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာ တွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါ တယ်။
Sep 23, 2023
၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
Sep 23, 2023
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Sep 23, 2023
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာနက ဦးဆောင်အကောင် အထည်ဖော်ဆောင်ရွက်နေသည့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ် ပညာဦးစီးဌာနများရှိ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် စေတနာလုပ်အားပေး ဆရာဆရာမများအဖြစ် ပါဝင်ကြစေရေးအတွက် စည်းရုံးဆောင်ရွက်ပေးကြစေလိုပါကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်း အုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
Sep 23, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်း (၂/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ဒုတိယဝန်ကြီးဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Sep 23, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 23, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများကပေးပို့ တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင်အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
Sep 23, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme(KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်(၃၀) ဆွေးနွေးပွဲအဖြစ် “နှစ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များအတွက် ညှိနှိုင်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုကို ပြန်လည်မျှဝေခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 23, 2023
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း၊ တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဆပ်သွားတောကျေးရွာအုပ်စု ရှမ်းကုန်းရွာ ဓမ္မာရုံလမ်း အမှတ် (၂၂၈) ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု Khaing & Kyaw Services Company Limited ၏ မိရအိအလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ ဂဟေဆက်သင်တန်းနှင့် ငြမ်းဆင်သင်တန်း ဖွင့်လှစ်ပို့ချမှုများကို ကြည့်ရှု အားပေးသည်။ (ယာပုံ)
Sep 23, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ အရအသုံးစာရင်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီစစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စစ်ဆေးထိန်းကျောင်းပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိရောက်ကောင်းမွန်သည့် စီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုစာရင်း စစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၃) တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
Sep 23, 2023
အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
Sep 23, 2023
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁၅ ရက်) မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (နိုဝင်ဘာ ၁ ရက်)အထိ အင်းလေး ဒေသ ၂၁ ဌာနသို့ ဒေသစာရီ လှည့်လည်ကြွချီပူဇော်ခံမည်ဖြစ်သည်။
Sep 23, 2023
(၁၆) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (16th ASEAN Ministers’ Responsible for Information and its related Meetings) (16th AMRI) ကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ Furama Resort Danang ၌ ယနေ့နံနက် ၉ နာရီတွင် စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Sep 23, 2023
၂၀၂၃ ခုနှစ် နွေရာသီကို အပူဆုံးနှစ်အဖြစ် နာဆာမှ ရာသီဥတုဆိုင်ရာသိပ္ပံ ပညာရှင်များက မှတ်တမ်းတင်ထားကြောင်း သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အသိပေးချက်အရ လာမည့်နွေရာသီ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် နာဆာမှ မှတ်တမ်းတင်ထားသည့် အခြားသောနှစ်များထက် သုညဒသမ ၄၁ ဒီဂရီဖာရင်ဟိုက်ထက် ပိုပူမည်ဖြစ်ကြောင်း၊ ၁၉၅၁ ခုနှစ်၊ ၁၉၈၀ ပြည့်နှစ် နွေရာသီပျမ်းမျှအပူချိန်ထက် ၂ ဒသမ ၁ ဒီဂရီဖာရင်ဟိုက် ပိုပူမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
Sep 23, 2023
မူးယစ်ဆေးဝါးပြဿနာက မိမိတို့နိုင်ငံတွင်ရော တစ်ကမ္ဘာလုံးတွင်ပါ ရင်ဆိုင်နေကြရသည့် ပြဿနာဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တစ်ခုတွင် အမေရိကန်စစ်သားများ ခိုးသွင်းလာသည့် ဓာတုဆေးခြောက်များ သိမ်းဆည်းရမိမှုနှင့် ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုလိုက်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာသည့်သတင်းများကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို မြို့ပြများတွင်သာမက ကျေးလက်ဒေသများတွင်ပါ တွေ့ရှိနေရသည်ဟု ဆိုသည်။