May 17, 2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
May 17, 2021
ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများအား လုပ်ငန်းစွမ်းရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက် (၁၀) နာရီအချိန်ကကျင်းပခဲ့ရာ သင်တန်းနည်းပြများနှင့် သင်တန်း သား/သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
May 17, 2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် ရှိ Denko ဆီဆိုင်၌ အကြမ်းဖက်သူများမှ လက်လုပ်မိုင်း ဖောက်ခွဲ မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။
May 17, 2021
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ် မိုင်း ယူဆောင် လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အား ဆက်လက် စိစစ် ခဲ့ရာမှ ဖောက်ခွဲရေးပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
May 17, 2021
တိုင်းဒေသကြီး၊ ပြည်နယ်အချို့၌ မြို့နယ်အချို့ရှိ လုံခြုံရေးတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ ဝင်များအား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
May 17, 2021
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကွမ်ဘန်ကျေးရွာအုပ်စု ဝဝမ် ကျေးရွာနေ ဦးတူးမိုင်(ဘ)ဦးခန့် ဂျယ်လရစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခေါန်ရာတို့ သည် မေ ၁၅ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင်တောင်ယာသို့သွားရောက်စဉ် ကျေးရွာ၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာသို့အရောက်၌ KIA အဖွဲ့မှ ထောင်ထားသည့် နှင်းမိုင်း နှစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်။
May 17, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းကို ယနေ့ နံနက် ၆ နာရီ ၂၅ မိနစ် ခန့်တွင် အကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
May 17, 2021
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုက ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင် ရှိသောလက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
May 17, 2021
ကန်တော်ကြီး ရေလှောင်ကန်သည် တစ်ချိန်က ရန်ကုန်မြို့နေလူထုအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက် သုံးရေများကို ကာလကြာမြင့်စွာ ဖြန့်ဝေပေးရာမှ မြို့တော်လူဦးရေတိုးပွားလာချိန်တွင် သောက်သုံး ရေများ ပိုမိုဖူလုံပြည့်ဝစွာ ပေးနိုင်ရန်အတွက် အင်းလျားကန်မှရေကို ကန်တော်ကြီးထဲသို့ လက်မ ၃ဝ ပိုက် များဖြင့် သွယ်တန်းကာ သောက်သုံးရေများ ဆက်လက်ဖြန့်ဝေပေးနိုင်ခဲ့သည်။
May 17, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့၏ (၅/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်း ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။