နေပြည်တော် မေ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့၏ (၅/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်း ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ ပဉ္စမကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သတင်း မီဒီယာများအားလုံး ဝန်ကြီးဌာနအလိုက် ပြောရေး ဆိုခွင့်ရှိသူများအားလုံး၊ အထောက်အကူပြုပုဂ္ဂိုလ်များ အားလုံး၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင်သံကြားနှင့် အွန်လိုင်းက ကြည့်ရှုနေကြသည့် မိဘပြည်သူများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ကြောင်း ဆန္ဒပြုလုပ်ပါကြောင်း ပြောကြား သည်။
ပြောကြား
ပြောကြား ယနေ့သတင်းစာရှင်းလင်းပွဲတွင် အဓိက ပြောကြားသွားမည့် အကြောင်းအရာများမှာ နံပါတ် (၁) အနေဖြင့် မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍဆိုင်ရာ လုပ်ဆောင်ချက်များ၊ နံပါတ်(၂)အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဧပြီလအတွင်း လုပ်ဆောင် ချက်များ၊ နံပါတ်(၃)အနေဖြင့် NUG, CRPH တို့ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့သည့်ကိစ္စ၊ နံပါတ် (၄)အနေဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သမားများ ဖော်ထုတ်ရရှိမှု၊ နံပါတ်(၅)အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းတင်ပြပြီးနောက် ရွေးကောက်ပွဲကော်မရှင် ဆိုင်ရာကိစ္စရပ်များကို မေးမြန်း နိုင်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ဆက်လက်ရှင်းလင်းဖြေကြားသွားမည် ဖြစ်ကြောင်းနှင့် မိမိမှအမေးအဖြေကဏ္ဍများကို ဖြေကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပထမဦးစွာ မိမိတို့နိုင်ငံအနေဖြင့်ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြောကြားသွားမည်ဖြစ် ကြောင်း၊ * ဘဝဆိုတာတိုက်ပွဲ ” လို့ လူ့ဘဝနှင့် ပတ်သက်ပြီး ဆိုရိုးစကားတစ်ခုရှိပါကြောင်း၊ မိမိတို့ အသက်ရှင်နေထိုင်ရေး၊ ဘဝအဆင့်မီမီနေနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့စဉ်နှင့်အမျှ ကြိုးစား ရပါကြောင်း၊ ရုန်းကန် လှုပ်ရှား ရပါကြောင်း၊ လူတစ်ဦး ချင်း ဘ၀၊ မိသားစုဘဝအတွက်ကိုပင် ယခုလိုတင်စား ခေါ်ဝေါ်ကြပါကြောင်း၊ တစ်ဦးချင်း ဘဝ၊ မိသားစုဘဝ ပင် ယင်းသို့ဆိုပါက နိုင်ငံတစ်နိုင်ငံ၏ဘဝ၊ မိမိတို့ နိုင်ငံ၏ဘဝဆိုလျှင် ဆိုဖွယ်မရှိပါကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်နေရ၊ ယှဉ်ပြိုင်နေရ၊ တိုက်ပွဲ ဝင်နေကြရပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက ၎င်းတို့၏အားသာချက်အသီးသီးကို ကိုင်ဆွဲပြီး အမျိုးသားအကျိုးစီးပွားကို အကောင် အထည်ဖော်ဆောင်ကြပါကြောင်း၊ မည်သို့ပင်ဖြစ်စေ အားလုံးက လက်ခံထားသည်မှာ နိုင်ငံတိုင်းစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် အဓိက အရင်းအမြစ် သည် လူသားအရင်းအမြစ် (Human Resources) ဆိုသည်ကို လက်ခံကြ ကြောင်း၊ လူသားအရင်း အမြစ် ဆိုသည်မှာ “ပညာ” အပေါ် အဓိကမူတည်သည်ကို သိကြသဖြင့် နိုင်ငံသူ နိုင်ငံသားအားလုံး၏ ပညာရည် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြကြောင်းကို တွေ့ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေး ရင်းနှီးမြှုပ်နှံမှုကို အဓိက ထားလုပ်ဆောင်ကြပါကြောင်း၊ မိမိတို့နိုင်ငံ၌လည်း ပညာရေးနှင့်ပတ်သက်ပြီး အမျိုးသားလူ့စွမ်းအား အရင်းအမြစ်များကို စနစ်တကျ ထိရောက်ပီပြင်စွာ ပြုစုပျိုးထောင်နိုင်ရန်အတွက် အခြေခံပညာရေးကဏ္ဍ ကို အနှစ် (၃၀) နှစ်ရှည်စီမံကိန်း ချမှတ်ရေးဆွဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၀၁-၂၀၀၂ ပညာသင်နှစ် မှသည် ၂၀၃၀-၂၀၃၁ ပညာသင်နှစ်အထိ ဖြစ်ပါကြောင်း၊ ယင်းနှစ် ၃၀ နှစ်ရှည်စီမံကိန်းတွင်ပဲ အစိုးရ အဆက်ဆက်က နှစ်တိုစီမံကိန်းများ ချမှတ်ဆောင်ရွက် ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်အစိုးရလက်ထက်တွင်လည်း ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၅ နှစ်စာကို ချမှတ်ဆောင်ရွက် ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍအတွက် ဥပဒေမူဘောင်ဆိုင်ရာ အခြေခံတစ်ရပ် ကို ချမှတ်ထားပါကြောင်း၊ ပုဒ်မ ၂၈ အရ “ နိုင်ငံတော် သည်
(က) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက်အလေးထားဆောင်ရွက်ရမည်။
(ခ) ပြည်သူများ၏ပညာရေးနှင့်ကျန်းမာရေး တို့တွင် တိုင်းရင်းသားပြည်သူများ ပါဝင် ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဌာန်းဆောင်ရွက်ရမည်။
(ဂ) အခမဲ့ မသင်မနေရ မူလတန်းပညာရေး စနစ် ဖော်ဆောင်ရမည်။
(ဃ) ဘက်စုံအတွေးအခေါ် အယူအဆ မှန်ကန်၍အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေး အတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရမည်”ဟု ပြဋ္ဌာန်းထားပါ ကြောင်း။
အခြေခံဥပဒေ ပုဒ်မ ၃၆၆ အရ “ နိုင်ငံသားတိုင်း သည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေး ဆိုင်ရာ မူဝါဒများနှင့်အညီ -
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်။
(ခ) ဥပဒေဖြင့် ပြဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်။
(ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့်
အနုပညာ ခေတ်မီတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့် ရှိသည် ” ဟု ပြဋ္ဌာန်းထားပါကြောင်း။
အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့
မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ရေးအတွက် အရေးပါသည့် ပြောင်းလဲမှုအဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အမျိုးသားပညာရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ထိုဥပဒေပိုမိုခိုင်မာစေရန် အတွက် ၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထိုဥပဒေ များအရ နိုင်ငံသားတိုင်း ၏ အခြေခံပညာဆည်းပူးနိုင်သည့် အခွင့်အရေးနှင့် အခမဲ့ မသင်မနေရ မူလတန်း ပညာရေးကို အသိ အမှတ်ပြုထားခြင်း၊ ပညာအရည်အသွေး အာမခံစနစ် တစ်ရပ်တည်ထောင်ရန် ပြဋ္ဌာန်း သတ်မှတ်ခြင်း၊ အခြေခံပညာသင်ကာလကို ၁၃ နှစ် (Kg+12) အထိ တိုးမြှင့်ထားခြင်း၊ တိုင်းရင်းသား ဘာသာ စကားနှင့် ယဉ်ကျေးမှုကို သင်ယူရာတွင် အထောက်အပံ့ပေး ခြင်း၊ ပညာရေးစနစ်ကို ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ကို ဦးတည်ခြင်း စသည့် အကျိုးကျေးဇူးများရခဲ့ပါ ကြောင်း၊ လက်ရှိမိမိတို့ကျင့်သုံးနေသည့် စနစ်များ သာဖြစ် ကြောင်း ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် COVID-19 ကမ္ဘာ့ ကပ်ရောဂါကာလတွင် ကမ္ဘာ့နိုင်ငံများနည်းတူ စာသင်ကျောင်းများ ပိတ်ထားရပါကြောင်း၊ ကျောင်းသား၊ မိဘ၊ ဆရာ ဆရာမ၊ နိုင်ငံတော် လေးဦးလေးဖလှယ် နစ်နာရပါကြောင်း ကာယကံရှင် ကျောင်းသား ကျောင်းသူများ တစ်နှစ်ပညာသင်ခွင့်၊ တစ်နှစ်လုပ်ငန်းခွင်ဝင်ခွင့် နောက်ကျသကဲ့သို့ မိဘ များအနေဖြင့်လည်း တစ်နှစ် အချိန်နောက်ကျပါ ကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း တစ်နှစ် ပညာသင်ပေးခွင့်၊ မိမိကိုယ်တိုင်မျှဝေခွင့် နစ်နာခဲ့ သလို နိုင်ငံတော်အနေဖြင့်လည်း လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးရေးနောက်ကျရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော် တာဝန် စတင်ယူချိန်မှစပြီး စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းခဲ့ပါကြောင်း၊ ယခုဆိုလျှင် ပြီးခဲ့သည့် ၅ ရက်နေ့ကစပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပါရဂူဘွဲ့၊ မဟာဘွဲ့နှင့်နောက်ဆုံး နှစ်သင်တန်းများ စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ အခြေခံ ပညာကျောင်းများကို နောက်လ ဇွန်လ ၁ ရက်နေ့တွင် ပုံမှန် စာသင်နှစ် အတိုင်း ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊
ယခုလ မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်း အပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားပါ ကြောင်း၊ ကျောင်းအပ်နှံရေးအတွက် “ မိဘ၊ အုပ်ထိန်း သူ၊ ပြည်သူများသို့မေတ္တာရပ်ခံချက်”“ကျောင်းအပ်နှံ ရေး အစီ အစဉ်”၊ “ဆရာ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ”ကို နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များ၊ သတင်းစာများတွင် နေ့စဉ် ဖော်ပြ လျက်ရှိပါကြောင်း၊ အရေးပါသည့်အချက်များကို ထုတ်နုတ်ပြောကြားလိုပါကြောင်း၊ ကျောင်းအပ်နှံ ရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်းမပြုရန်၊ ကျောင်းထွက်သူလုံးဝမရှိစေရေး နှင့် အလယ်တန်း၊ အထက်တန်း အဆင့် များသို့ အဆင့် ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေး အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်၊ အဆိုပါအချက် သည် အရေးကြီးသည့်အချက်တစ်ခုဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် စတင်ထမ်းဆောင်စဉ်ကတည်းက ပညာရေး နှင့် ပတ်သက်ပြီး မြင့်တင်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်း၊ တပ်မတော်သားများ ပညာရည်မြင့်မားရေး၊ တပ်မတော်သားမိသားစုဝင်များ ပညာရည်မြင့်မား ရေး ဆောင်ရွက် ခဲ့သလို နှစ်စဉ်ပညာရည်ထူးချွန်ဆု များ ချီးမြှင့်ပေးရာတွင် မြန်မာနိုင်ငံ၌ နှစ်စဉ် ကျောင်း ထွက်နှုန်း များပြား မှုများကို မူလတန်းမှ အလယ်တန်း ကို ကူးပြောင်းသည့်အခါ မည်မျှသာ တက်ရောက် ကြောင်း၊ အထက်တန်းကို ထပ်မံကူးပြောင်းသည့်အခါ မည်မျှသာ တက်ရောက်ခဲ့ကြောင်းနှင့်တက္ကသိုလ်ပညာ ဝင်ခွင့်လျှောက်ထားသည့်အခါ မည်မျှသာ တက်ရောက် နိုင်ခဲ့ကြောင်းကို ရာခိုင်နှုန်းအလိုက် ကျသွားသည့် ဆယ်နှစ်တာ သုံးသပ်ချက်များကို အမြဲတမ်းထည့် သွင်းပြောကြားလေ့ရှိကြောင်း
မိမိတို့မြန်မာနိုင်ငံတွင် ကျောင်းထွက်မှုနှုန်း မြင့်မား နေခြင်းကြောင့် အဆိုပါ စည်းမျဉ်းစည်းကမ်းများကို တိုက်တွန်းခြင်းဖြစ်ကြောင်း၊ COMID-19 စည်းမျဉ်း စည်းကမ်းများကို လိုက်နာကြရန်၊ ကျောင်းအပ်နှံရာ တွင် အခမဲ့ထောက်ပံ့မည့်အတန်းစဉ်အလိုက် ပြဋ္ဌာန်း စာအုပ်များ ဗလာစာအုပ် ဘောပင် ခဲတံ၊ Mask နှင့် Face Shield တို့ကို အသေးစိတ်ဖော်ပြထားပါကြောင်း ပြောကြားသည်။
ပညာတတ်များ လိုအပ် စိတ်မကောင်းစရာတစ်ခုမှာ ကျောင်းများ မဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား ကျောင်းသူများ ကျောင်းမတက်စေရေး အဖျက်သမားများ၊ ဆူပူ အကြမ်းဖက်သမားများ၊ နိုင်ငံရေးအစွန်းရောက် လှုံ့ဆော်သူများက လှုံ့ဆော်နေမှုများ၊ ပညာရေးမှူး ရုံးများ၊ စာသင်ကျောင်းများကိုမီးရှို့၊ မိုင်း၊ လက်လုပ်ဗုံး များပစ်ပြီး ခြိမ်းခြောက်မှုများကို တွေ့နေရပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး (၆/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က “ကျောင်းများပိတ်ထား ရသည့်အတွက် ကျောင်းသား၊ မိဘနှင့် နိုင်ငံတော် အတွက် ဆုံးရှုံးမှုများ ရှိသဖြင့် ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာတတ်များလိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေး နှင့်ပတ်သက်၍ အားပေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားများ ပညာတတ်ဖြစ်စေရန်အတွက် ကျွမ်းကျင်သည့် ဆရာ ဆရာမများက လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း၊ ယခုအခါ ကျောင်း မတက်ရန်အတွက် အချို့ သူများက ခြိမ်းခြောက် ဆောင်ရွက်ပြီး အဖျက်လုပ်ငန်းများလုပ်ဆောင်နေမှု သည် နိုင်ငံအား ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာတတ်များပေါများလာမည်ကို နိုင်ငံရေးလုပ်စားသူများက မလိုလားဘဲ ပြည်သူများ ဒုက္ခ ရောက်အောင် လုပ်ဆောင်နေခြင်းပင်ဖြစ်ပြီး မိုက်မဲသည့်လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း၊ ယခု သင်ကြားနေသည့် ပညာရပ်များသည် ယခင်အစိုးရ များမှ ချမှတ်ထားသည့် အမျိုးသားပညာရေးမူဝါဒ အတိုင်းသာ သင်ကြား ပေးနေခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါကြောင်း၊ ကမ္ဘာတွင် အုပ်ချုပ်သူအစိုးရ ကို မကျေနပ်သဖြင့် ပညာရေးကို တိုက်ခိုက်ခြင်းကို မရှိခဲ့၊ မတွေ့ခဲ့ရပါကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ပိတ်ပင်တားဆီးမှုများ သင်ကြားရေးနှင့် ပတ်သက်၍ CDM လုပ်ဆောင်နေခြင်းများသည် တိုင်းဖျက် ပြည် ဖျက်လုပ်ငန်းများသာဖြစ်ပါကြောင်း ပြောကြားသည်။
ဆူပူအကြမ်းဖက်အဖျက်သမားများ လှုံ့ဆော် နေသည့်လက်ကိုင်စကားမှာ “ စစ်ကျွန်ပညာရေးစနစ်" ဖြစ်ကြောင်း၊ မည်သည့်အချက်အလက်၊ မည်သည့် သင်ခန်းစား မည်သည့်ပို့ချချက်များကို ရည်ညွှန်းပြီး စစ်ကျွန်ပညာရေးဟု စွပ်စွဲခြင်းဖြစ်ပြီးရှိလျှင် ထောက်ပြရန်၊ အချက်အလက်နှင့် ပြောပါဟု ပြောလို ကြောင်း၊ တပ်မတော်က ပြည်သူလိုလားတောင့်တ သည့် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ် အပေါ်ခိုင်ခိုင်မာမာ အာမခံသည်ဟု ပြီးဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့ကလေးများ သင်ကြားမည့် အခြေခံပညာ သင်ရိုး ညွှန်းတမ်းစာအုပ်များကို မိမိတို့တတ်နိုင် သလောက်လေ့လာကြည့်ပါကြောင်း၊ အချို့ကို ထုတ်နုတ် တင်ပြလိုပါကြောင်း၊ သူငယ်တန်း(KG) ကလေးများသင်ရမည့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ အက္ခရာစုံကဗျာများ သင်ခန်းစာစာအုပ်တွင်ပါသော * သူငယ်ချင်း " ဆိုသည့် ကဗျာ“ ပင်လုံ ” ဆိုသည့် ကဗျာ *တာဝန်ကိုယ်စီ "ဆိုသည့် ကဗျာများကို စောစောက စစ်ကျွန်ပညာရေးဟု ပြောခဲ့သည့်သူများ ဖတ်ကြည့်စေလိုကြောင်း၊ ဥပမာ " ပင်လုံ” ဆိုသည့် ကဗျာတွင် (လွတ်လပ်ပန်းကို ဘယ့်နှယ် ဆွတ်တယ်၊ တို့ညီညွတ်လို့ ဆွတ်နိုင်တယ်၊ ရှမ်း ချင်း ကရင် ကချင် များနဲ့ ရခိုင် ကယား အသွယ်သွယ်၊ ပင်လုံမြို့မှာ အတူဆုံကြလို့၊ တို့ပြည်မနဲ့တို့ပြည်နယ်၊ သားချင်း ညီနောင် တည်ထောင်မှုနဲ့ ပြည်ထောင်စုကြီး ပေါ်လာ တယ်၊ အမိနိုင်ငံတာဝန်များကို ကိုယ်အားဉာဏ်အား ထမ်းကြမယ်။ ထမ်းမယ် ထမ်းမယ်။) ဆိုသည့် ကဗျာ ဖြစ်ကြောင်း၊ စစ်ကျွန်ပညာရေးဟု ပြောသည့်သူများ အနေဖြင့် ထိုကဗျာများကို ဖတ်ကြည့်စေလိုကြောင်း၊ ၎င်းတို့ လေလုံးထွားနေသည့် ဒီမိုကရေစီစနှစ်၊ ဖက်ဒရယ် စနှစ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုများကို သူငယ်တန်းကလေးကစပြီး သင်ကြားပေးနေခြင်းကို တွေ့ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ဖတ်ကြည့်စေလို အလယ်တန်းအဆင့်နှင့်ပတ်သက်ပြီး အနည်း ငယ် ပြောပြလိုကြောင်း၊ ဆဋ္ဌမတန်း စာရိတ္တနှင့် ပြည်သူ့နီတိ ကျောင်းသုံးစာအုပ်ထဲတွင်ပါသည့် လူမှု ကျင့်ဝတ်၊ အခွင့်အရေးနှင့်တာဝန်၊ စည်းကမ်းနှင့် ဥပဒေ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း စသည် တို့ကိုသာ ဖတ်ကြည့်စေလိုကြောင်း၊ ထိုအထဲတွင်ပါ သည့် အချို့ စကားများကို သဘောကျ၍ မှတ်ထား သမျှ ဖတ်ပြလိုကြောင်း၊ အခွင့်အရေးနှင့် တာဝန် သင်ခန်းစာတွင် “လူသားတစ်ယောက်အနေဖြင့် လူ့အခွင့်အရေးများကို မည်သူကမျှ ပိတ်ပင်တားဆီး ခွင့်မရှိဘဲ ဘဝတစ် လျှောက်လုံးတွင် ခံစားပိုင်ခွင့်ရှိ သည်။ လူ့အခွင့်အရေးများကို သိရှိထားသင့်သကဲ့သို့ အခွင့်အရေးကို ခံစားပြီး တာဝန်များကိုလည်း ကျေပွန် စွာထမ်းဆောင်ကြရမည်”ဟု သင်ကြားပေးပါ ကြောင်း၊ ကျောင်းသား ကျောင်းသုံးနိုင်ငံသားများ၏ ပညာသင်ခွင့်ကို ပိတ်ပင်နေသည်မှာ မည်သူနည်း ဟုမေးလိုပါကြောင်း၊ မည်သူ များက လှုံ့ဆော်နေသည် ကို မေးလိုပါကြောင်း၊ “ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခြင်း” သင်ခန်းစာတွင် “ကျောင်းသားများသည် ငြိမ်းချမ်းရေးကို မြတ်နိုးတတ်ပြီး ငြိမ်းချမ်းရေးကို တန်ဖိုးထား ထိန်းသိမ်း တတ်သူများ ဖြစ်စေရန် လေ့ကျင့်သင်ယူရမည်၊ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင် ဖြစ်စေ၊ ရပ်ရွာတွင်ဖြစ်စေ အငြင်းပွားမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင် ရန် လေ့ကျင့်သင်ယူကြရမည်”ဟု ပို့ချပေးပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ် သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အကျင့် ကောင်းများ၊ အငြင်းပွားသည့်အခါ ငြိမ်းချမ်းစွာ မည်ကဲ့သို့ ဖြေရှင်းပေးရမည့်အချက်များကို ငယ်စဉ် ကတည်းက အခြေခံကျကျ သင်ကြားပေးခြင်းဖြစ် ကြောင်း။
အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းတွေထဲမှ လည်း သိသာအောင် ထုတ်နုတ်ပြောလိုပါကြောင်း၊ ဥပမာ သင်ရိုးသစ် Grade 11 ရဲ့ ဘောဂဗေဒပြဌာန်း စာအုပ်တွင် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကို အထောက် အကူပြုသည့် သင်ခန်းစာများကို အခြေခံထည့်သွင်းထားသည်ကို တွေ့နိုင်ပါကြောင်း၊ ဥပမာ “ တိုင်းပြည်ဝင်ငွေ”၊ “ငွေကြေးနှင့်ဘဏ် လုပ်ငန်း(Money and Banking) ** အပြည်ပြည် ဆိုင်ရာ စီးပွားဆက်သွယ်မှုများ ~ (International Economic Relations) တို့ကို လေ့လာကြည့်လျှင် တွေ့နိုင်ပါကြောင်း၊ မိမိတို့ပြောနေသည့် ဈေးကွက် စီးပွားရေးနှင့် ဒီမိုကရေစီစနစ်များကို ကလေးများ အား အခြေခံသိအောင် သင်ပေးနိုင်ခြင်းကို တွေ့ရ ကြောင်း၊ ဒသမတန်း စာရိတ္တနှင့်ပြည်သူ့နီတိ သင်ခန်း စာ စာအုပ်တွင် အခွင့်အရေးနှင့်တာဝန်အခန်း၌ ဒီနေ့ ဒီမိုကရေစီအမည်ခံ လုပ်စားနိုင်ငံရေးသမားများ၏ လက်သုံးစကားဖြစ်သော “ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း (Universal Declaration of Human Rights - UDHR)၊ CEDAW ဟုပြောသည့် “အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက် ရေး ဆိုင်ရာကွန်ဗင်းရှင်း” “ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေ”“ရွေးကောက်ပွဲဆိုင်ရာသိမှတ် စရာများ” စသည်တို့ကို သင်ကြားပေးထားသည်ကို တွေ့ရပါကြောင်း၊ အခန်း ၄ တွင် ငြိမ်းချမ်းရေး၏ အခြေခံသဘောတရားများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆောင်ရွက်ကြသူများတွင် ဆရာကြီး သခင် ကိုယ်တော်မှိုင်းအကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးညီညွတ်ရေးစကား၊ မဟတ္တမဂနီ္ဓ၏စကား များထည့်သွင်းသင်ကြားပေးသည်ကိုတွေ့ရပါကြောင်း ပြောကြားသည်။
မိမိအနေဖြင့် မေးခွန်းထုတ်လိုသည်မှာ ယနေ့ ကျောင်းသား ကျောင်းသူ မိမိတို့ သား သမီး၊ တူ၊ တူမ၊ ညီ၊ ညီမများသင်မည့် သင်ခန်းစာများတွင် စစ်ကျွန်ဖြစ်စေမည့် သင်ခန်းစာပါပါက အချက် အလက်နှင့် ထောက်ပြစေ လိုကြောင်း၊ ဒီမိုကရေစီ၊ လူ့ အခွင့်အရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ နိုင်ငံကြီး သားပီသမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ရနံ့သင်းနေသည့် သင်ခန်းစာများသာဖြစ်ပါကြောင်း၊ မှိုင်းတိုက်နေခြင်း သာဖြစ်ပါကြောင်း၊ ပညာမတတ်မှသာ နိုင်ငံတကာ၏ ကျွန်ဖြစ်မှာဖြစ်ပါကြောင်း၊ မိမိ ပြောလိုသည်မှာ ဆရာ ဆရာမအများစုအနေဖြင့် အာစရိယ ဂိုဏ်းဝင် ပီပီမိမိတပည့်ကလေးများပညာတတ်မြောက်စေရေး မွန်မြတ်သည့်စိတ်နှင့် ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက် နေခြင်းရှိပါကြောင်း၊ ၎င်းတို့ကို နည်းမျိုးစုံ နှင့် ခြိမ်းခြောက်နေမှုများလည်း တွေ့ရပါကြောင်း၊ မိမိတို့ လုံခြုံ စိတ်ချရအောင် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ဆရာ ဆရာမများကို ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောလိုပါကြောင်း၊ တာဝန်သိ ပြည်သူ လူထုအနေနှင့်လည်း ဆရာ ဆရာမများကို ဝိုင်းဝန်း ကြပါဟု ပြောလို ပါကြောင်း ပြောကြားသည်။
စဉ်းစားဆင်ခြင်မှုကို ဦးစားပေး မိဘပြည်သူများအနေဖြင့် ယခုကဲ့သို့ မဟုတ် မဟတ်၊ လုပ်ကြံဇာတ် ဖန်တီး သွေးထိုးလှုံ့ဆော်နေသည့် အဖျက်သမား၊ တိုင်းဖျက်ပြည်ဖျက်၊ မိမိတို့ သားသမီးများ၊ နိုင်ငံ့ အနာဂတ် ကလေးငယ်များကို ဖျက်ဆီးမည့်သူများ၏ အန္တရာယ်ကို မြင်ကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း၊ မိမိတို့နိုင်ငံသား ပြည်သူ လူထုအများစုသည် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည့် ဉာဏ်နှင့် ပြည်စုံကြသူများ ဖြစ်ပါကြောင်း၊ မိမိတို့ ယဉ်ကျေးမှု အခြေခံမှာကတည်းက စဉ်းစားဆင်ခြင်မှု ကို ဦးစားပေးလေ့ရှိပါကြောင်း မိမိတို့ ယဉ်ကျေးမှုတွင် တရားတော်များ နာယူခြင်းလည်းရှိကြပါကြောင်း၊ ဗီပဿနာ ခန္ဓာဉာဏ်ရောက် တရားတော်များ နာကြားရာတွင် အများစုကြားဖူးသည့် စကားကိုသာ ရည်ညွှန်းပြောဆိုလိုကြောင်း၊ “ နားက တရားနာပါ" “ ဉာဏ်က ခန္ဓာလှည့်ပါ “ ဆိုသည့်စကားဖြစ်ကြောင်း၊ ဆိုလိုသည်မှာ မိမိတို့ နားများက ပြောစကားများ၊ တရားများကို နားထောင် မှတ်သားကြောင်း၊ ထိုသို့ တရားနာယူရသည်ကို မိမိကိုယ်တိုင် မိမိခန္ဓာတွင် ဖြစ်ပျက်နေသည့် သဘော တရား များနှင့် နှိုင်းယှဉ် ချိန်ထိုး လေ့လာဆန်းစစ်ကြပါဟူ၍ မှတ်သားဖူးပါ ကြောင်း၊ ယနေ့သတင်းခေတ်ကြီး၌ သတင်းမျိုးစုံ၊ အပြောမျိုးစုံကြားရပါကြောင်း၊ ထို့ကြောင့် နားထောင် ပြီးလျှင် စိစစ်စရာ၊ ချိန်ထိုးနိုင်စရာများ မိမိတို့အားလုံး ၌ ရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင်မေ့နေခြင်း ဖြစ်ခြင်းကြောင့် လက်တွေ စိစစ်ကြည့် စေလိုကြောင်း၊ ထို့ကြောင့် “နားက နားထောင်လိုက်ပါ၊ ဥာစ်ကဟုတ်၊ မဟုတ်ဆန်းစစ်ပါ” ဟုသာ မေတ္တရပ်ခံလိုပါကြောင်းပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)