Apr 14, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစား နှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်အတူ ဧပြီ ၁၂ ရက် နံနက်(၁၁)နာရီတွင် အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) သင်တန်းသားစားသောက် ဆောင်၌ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဝန်ထမ်း များကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြား သည်။
Apr 14, 2021
၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက် (၁၃၈၂ ခု တန်ခူးလဆန်း ၃ ရက်) မြန်မာ့ရိုးရာ မဟာ သင်္ကြန် (အကျနေ့)တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ် ကောင်းမှုပြု ကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွင် စွာရေကစား ကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကား လျက်ရှိသည်။
Apr 14, 2021
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၆၅၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
Apr 14, 2021
ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများ အလိုက် ဘာသာရေးကျောင်းများ အား ဖူးမြော် ခွင့် ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့် အညီ ပြန်လည် ဖွင့်လှစ် ပေးထားရာ ယနေ့တွင် ရန်ကုန် မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီး၊ နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ( ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး တို့အပါ အဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များနှင့် မိဘ ပြည်သူများက ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။
Apr 14, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း စာအုပ်ကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ထုတ်ဝေဖြန့်ချိသည်။
Apr 14, 2021
ယနေ့ ၁၃၈၂ ခုနှစ် မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်မြို့တွင်း၌ YBS ယာဉ်များ ပြေးဆွဲလျက်ရှိသည်။
Apr 14, 2021
၂၉။ ပြည်ထောင်စုနေ့စဉ် သတင်းဌာနမှ သတင်း ထောက် ဦးကိုကိုလွင်က CDM နှင့်ပတ်သက်ပြီး ပြည်သူလူထုအများနှင့်သက်ဆိုင်သည့် ကျန်းမာရေး ကိစ္စဖြစ်ကြောင်း၊ CDM လုပ်သည့်အချိန်တွင် CDM လုပ်သည့် ဝန်ထမ်းများရှိသလို CDM မလုပ်သည့် ဝန်ထမ်းအချို့ လည်း ရှိပါကြောင်း၊ ဥပမာတစ်ခု ပြောရလျှင် တန့်ဆည် မြို့နယ်က ကံထူးမ ဆရာဝန် တစ်ယောက်ကဲ့သို့ ထိုဆရာဝန်များလိုလူများရှိလျှင် နိုင်ငံတော် စီမံအုပ် ချုပ်ရေး ကောင်စီအနေဖြင့် ဘယ်လိုမျိုး ဂုဏ်ပြုခြင်းမျိုးရှိပါသလဲ။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြိမ်ကြိမ် သတိ ပေးနေသည့်ကြားက ယနေ့တိုင် CDM ပြုလုပ်နေ သည့် ကျန်းမာရေးဝန်ထမ်းများ၊ အထူး သဖြင့် ဆရာဝန်များနှင့် ပတ်သက်ပြီး နှစ်နာနေသည့်အတွက် ၎င်းတို့ကို မည်သို့အရေးယူမည်ကို သိလိုကြောင်း မေးမြန်းသည်။
Apr 14, 2021
ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၁၂ ရက် တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ ရေးမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် UNIVERSAL ခရီးသည်တင်ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးအား ရပ်တန့်ရှာဖွေစစ်ဆေးရာ ကောင်းဆက်ပိုင်အမည်ပါ စက္ကူပုံးအတွင်းမှ BAOFENG တံဆိပ်ပါ စကားပြောစက် ၁၀၀ လုံး၊ BAOFENG တံဆိပ်ပါ ဘတ္ထရီအပို ၁၀၀ ခုနှင့် ဆက်စပ်ပစ္စည်း အားလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မုဒိတာ(၁)အိမ်ရာ၌ စောမင်းနိုင် (ဘ)ဦးသိန်းဌေးအပါအဝင် အမျိုးသား ၁၈ ဦးနှင့် မငုံလေး(ခ)သမီးချစ်(ဘ) ဦးတင်မောင်တို့ ၁၉ ဦးတို့အား မူးယစ်ဆေးဝါးများ၊ လက်လုပ်မိုင်းများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ နှင်းဆီလမ်း၊ အိမ်အမှတ် (၇၉၆)နေ ဦးမြင့်သန်း(ဘ)ဦးဝင်းကြည်နှင့် အိမ်အမှတ်(၇၆၉)နေ ဦးမြဟန်ညွန့်(ဘ) ဦးစွန်ဝှက်အား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ရွှေဟင်္သာလမ်း၊ ရွှေဟင်္သာစျေးရှေ့၌ ဆူပူ အကြမ်း ဖက်သူ နေထက်(ဘ)ဦးသန်းထွန်း အပါအဝင် ၆ ဦးတို့အားလည်းကောင်း၊ တောင်ဉက္ကလာပ မြို့နယ်၊ (၉)ရပ်ကွက်၊ သူရ(၅)လမ်း၊ အမှတ်(၁၇၀)ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အလုပ် အမှုဆောင်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဉက္ကဌ ဦးမြင့်ဌေးနေအိမ်၌ CDM ပြုလုပ်သူများအား ထောက်ပံ့ပေးသည့် အထောက်အထားပစ္စည်းများနှင့် အခြားဆက်စပ် ပစ္စည်းများအား လည်းကောင်း၊ မတူပီမြို့၊ စန်ဘောင်ရပ်ကွက်ရှိ အောင်သိန်းဝင်း(ဘ) ဦးဟုန်းတန်အား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများဖြင့် လည်းကောင်း၊ ပုလဲမြို့၊ ကြောင်သန်းကျေးရွာရှိ ဦးစိုးမြင့်အောင် (ဘ)ဦးကြက်ဘို၏နေအိမ်၌ လက်လုပ်သေနတ် ၂ လက်၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ကနီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေထက်လှိုင်(ဘ)ဦးသိန်းလှိုင်ဝင်းနေအိမ်၌ လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ် ပစ္စည်းများအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက်နှင့် ဆက်စပ်လျက်ရှိသော တောင်ယာတဲ အတွင်း၌ တူမီးသေနတ် ၁ လက်နှင့် အဆိုပါရပ်ကွက်နေ မျိုးကိုကိုအောင်(ဘ) ဦးအောင်မြင့်အား ၎င်း၏နေအိမ်၌ ဂျင်ကလိ ၆၃ ချောင်း၊ အခြားဆက်စပ်ပစ္စည်း များနှင့်လည်းကောင်း၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာနေ ထွန်းမင်းဦး(ခ)ငပိန်(ဘ) ဦးစံခင်အား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၂ လက်၊ အခြားဆက်စပ်ပစ္စည်း များနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။