နေပြည်တော်၊ ဧပြီ - ၁၃
ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၁၂ ရက် တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ ရေးမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် UNIVERSAL ခရီးသည်တင်ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးအား ရပ်တန့်ရှာဖွေစစ်ဆေးရာ ကောင်းဆက်ပိုင်အမည်ပါ စက္ကူပုံးအတွင်းမှ BAOFENG တံဆိပ်ပါ စကားပြောစက် ၁၀၀ လုံး၊ BAOFENG တံဆိပ်ပါ ဘတ္ထရီအပို ၁၀၀ ခုနှင့် ဆက်စပ်ပစ္စည်း အားလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မုဒိတာ(၁)အိမ်ရာ၌ စောမင်းနိုင် (ဘ)ဦးသိန်းဌေးအပါအဝင် အမျိုးသား ၁၈ ဦးနှင့် မငုံလေး(ခ)သမီးချစ်(ဘ) ဦးတင်မောင်တို့ ၁၉ ဦးတို့အား မူးယစ်ဆေးဝါးများ၊ လက်လုပ်မိုင်းများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ နှင်းဆီလမ်း၊ အိမ်အမှတ် (၇၉၆)နေ ဦးမြင့်သန်း(ဘ)ဦးဝင်းကြည်နှင့် အိမ်အမှတ်(၇၆၉)နေ ဦးမြဟန်ညွန့်(ဘ) ဦးစွန်ဝှက် အား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ရွှေဟင်္သာလမ်း၊ ရွှေဟင်္သာစျေးရှေ့၌ ဆူပူ အကြမ်း ဖက်သူ နေထက်(ဘ)ဦးသန်းထွန်း အပါအဝင် ၆ ဦးတို့အားလည်းကောင်း၊ တောင်ဉက္ကလာပ မြို့နယ်၊ (၉)ရပ်ကွက်၊ သူရ(၅)လမ်း၊ အမှတ်(၁၇၀)ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အလုပ် အမှုဆောင် အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဉက္ကဌ ဦးမြင့်ဌေးနေအိမ်၌ CDM ပြုလုပ်သူများအား ထောက်ပံ့ပေးသည့် အထောက်အထားပစ္စည်းများနှင့် အခြားဆက်စပ် ပစ္စည်းများအား လည်းကောင်း၊ မတူပီမြို့၊ စန်ဘောင်ရပ်ကွက်ရှိ အောင်သိန်းဝင်း(ဘ) ဦးဟုန်းတန်အား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများဖြင့် လည်းကောင်း၊ ပုလဲမြို့၊ ကြောင်သန်းကျေးရွာရှိ ဦးစိုးမြင့်အောင် (ဘ)ဦးကြက်ဘို၏နေအိမ်၌ လက်လုပ်သေနတ် ၂ လက်၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ကနီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေထက်လှိုင်(ဘ)ဦးသိန်းလှိုင်ဝင်းနေအိမ်၌ လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ် ပစ္စည်းများအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက်နှင့် ဆက်စပ်လျက်ရှိသော တောင်ယာတဲ အတွင်း၌ တူမီးသေနတ် ၁ လက်နှင့် အဆိုပါရပ်ကွက်နေ မျိုးကိုကိုအောင်(ဘ) ဦးအောင်မြင့်အား ၎င်း၏နေအိမ်၌ ဂျင်ကလိ ၆၃ ချောင်း၊ အခြားဆက်စပ်ပစ္စည်း များနှင့်လည်းကောင်း၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာနေ ထွန်းမင်းဦး(ခ)ငပိန်(ဘ) ဦးစံခင်အား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၂ လက်၊ အခြားဆက်စပ်ပစ္စည်း များနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
အလားတူ ယနေ့တွင် အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်၊ အောက်ကြည့်မြင်တိုင် လမ်းနှင့် ကွမ်းကျောင်းလမ်းဆုံအနီးရှိ ရထားသံလမ်းဘေး၌ ဒေသန္တရလက်လုပ်ဗုံး ၁ လုံးနှင့် စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ မြေနီကုန်းတံတားအောက်ရှိ လမ်းလယ် ကျွန်း၌ ဒေသန္တရလက်လုပ်ဗုံး ၁ လုံးတို့အားလည်းကောင်း၊ ဓနုဖြူမြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာအနီး ရန်ကုန်- ဟင်္သာတကားလမ်းရှိ ဓနုဖြူမြို့ဝင်စစ်ဆေးရေး ဂိတ်၌ ရန်ကုန်မြို့မှ ဟင်္သာတမြို့ဘက်သို့မောင်းနှင်လာသည့် ရွှေတော်ဝင်ခရီးသည် တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ စိုးမိုးအမည်ပါ စက္ကူပုံးအတွင်းမှ လက်လုပ်ဗုံး ၁ လုံးနှင့် ဆက်စပ် ပစ္စည်းများအားလည်းကောင်း၊ တမူးမြို့၊ မြို့မရပ်ကွက်၊ ပါဟဲတံတား၌ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ လက်လုပ်သေနတ် များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လူစုခွဲခဲ့ရာ ၎င်းတို့ အနက်မှ အမျိုးသား ၁ ဦးအားလည်းကောင်း၊ ကလေးမြို့နယ်၊ ငှက်ပျောတောကျေးရွာ အနီးရှိ ကြက်ခြံ၌ မင်းစိုးနိုင်(ဘ)ဦးကျော်စိုးမိုးအား လေသေနတ် ၂ လက်၊ လက်လုပ် သေနတ် ၁ လက်နှင့်လည်းကောင်း၊ မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာရှိ မိုးကျော်သူ(ဘ) ဦးချစ်တင်နေအိမ်၌ လက်လုပ်သေနတ် ၂၃ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့် ငြိမ်းချမ်းကျော် (ဘ)ဦးကျော်သိန်း အား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း၊ အောင်မြေသာစံ မြို့နယ်၊ ၂၆ လမ်းနှင့် ၇၇ လမ်းထောင့်ရှိ ပန်းဘောင်အတွင်း၌ ဒေသန္တရလက်လုပ်မိုင်း ၉ လုံးအားလည်းကောင်း ဖမ်းဆီးထိန်း သိမ်းရမိခဲ့သည်။
အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေး ယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။