Apr 16, 2021
၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက် (၁၃၈၂ ခု တန်ခူးလဆန်း ၅ ရက်) မြန်မာ့ရိုးရာ မဟာသင်္ကြန်(အတက်နေ့)တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကုသိုလ်ကောင်း မှုပြုသူများ၊ ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများကို တွေ့ရပြီး စတုဒိသာ မဏ္ဍပ် များတွင်လည်း အကျွေးအမွေးများဖြင့် ဧည့်ခံကြသည်။
Apr 16, 2021
ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရေးတို့အတွက် နောက်ကွယ် မှ ကြိုးကိုင်ခြယ်လှယ်နေသူများ၏ သွေးထိုးလှုံ့ဆော်မှုများဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာတွင် အများပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရ သည်။
Apr 16, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Apr 16, 2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူး၍ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ရုံးဝင်း အတွင်း မြန်မာ့ရိုးရာမိသားစု သင်္ကြန်ပွဲတော်ကို ဝန်ထမ်း မိသားစု မဟာသင်္ကြန်ပွဲတော် အဖြစ် ဧပြီ ၁၄ ရက် (တန်ခူး လဆန်း ၃ ရက်) မဟာသင်္ကြန် အကျနေ့တွင်ကျင်းပရာ ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီကျင်းပ ခဲ့သည်။
Apr 16, 2021
ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေ စေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များက တိုင်းစစ်ဌာနချုပ်များ၊ အလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်လှူဖွယ်ပစ္စည်း များ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
Apr 16, 2021
၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက် (၁၃၈၂ ခု တန်ခူးလဆန်း ၄ ရက်) မြန်မာ့ရိုးရာမဟာသင်္ကြန် (အကြတ်နေ့) တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာ ကျွေးမွေး အလှူဒါနပြုကြသူများနှင့် ကုသိုလ်ကောင်းမှုပြုသူများကို တွေ့ရသည်။
Apr 16, 2021
ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ ပုံရိပ်များတွင် မြို့ကြီးပြကြီး များ၌ မြင်နေကျဖြစ်သည့် ရေကစားမဏ္ဍပ်ကြီးများ၊ အဆိုအတီး က စင်မြင့်ဖျော်ဖြေမှုများ စသည့် မြင်ကွင်းများအစ ဘုရားကျောင်ကန်များ၌ ကုသိုလ်ယူကောင်းမှုပြုသည့် မြင်ကွင်းများ၊ စတုဒီသာကျွေးမွေး လှူဒါန်းကြသည့်မြင်ကွင်းများ ဒေသအလိုက် တည်ရှိနေသည့် အပန်းဖြေအနားယူစရာနေရာ များတွင် အပန်းဖြေ ရေကစားကြသည့် မြင်ကွင်းများကို တွေ့မြင်ကြရသည်။ ကိုစ်-၁၉ ကူးစက်ရောဂါဆိုင်ရာစည်းမျဉ်းစည်းကမ်းများကြောင့် မင်နွှဲခဲ့ကြရ သည့် ယမန်နှစ်ထက် ယခုနှစ်သင်္ကြန်တွင် ပျော်ရွှင်မှုရကြသည်ဟု ဆိုရမည်ဖြစ်သည်။
Apr 16, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ် တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
Apr 16, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။