May 13, 2021
နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် NUG အကြမ်းဖက်အဖွဲ့သည် နောက် ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
May 13, 2021
နိုင်ငံပိုင်ရုပ်ရှင်ရုံ တောင်ကြီး (မြသုခ)၊ လားရှိုး(အောင်သီရိ)တို့၏တာဝန်နှင့်ဝတ္တရားလွှဲပြောင်းခြင်း စာချုပ် ချုပ်ဆိုခြင်းကို မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 13, 2021
လူဦးရေဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့ (Demography Cluster) ၏ (၁/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 13, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းများအားလုံး ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လာမည့် ၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါထက်၊ လယ်၊ မူကျောင်း များအားလုံး အခက်အခဲမရှိ ဖွင့်လှစ်သင်ကြားနိုင်ရေး အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
May 13, 2021
ယနေ့သုံးစွဲနေသော စွမ်းအင်လောင်စာဆီများသည် တွင်းထွက်သယံဇာတပစ္စည်းဖြစ်ပြီး နေ့စဉ် ထုတ်ယူသုံးစွဲနေမှုများကြောင့် အနာဂတ်တွင် ကုန်ခန်းသွားဖွယ်ရာရှိသည်။ ယနေ့သုံးစွဲနေကြသော စွမ်းအင်လောင်စာရုပ်ကြွင်းများကြောင့် လက်ရှိကာလတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လျက် ရှိပြီး ရာသီဥတုပြောင်းလဲမှု နောက်ဆက်တွဲ အကျိုးဆက်အဖြစ် သဘာဝဘေးဒဏ်ခံစားရမှုများ ပိုများလာနိုင် သည်။ ထို့ကြောင့် တွင်းထွက်လောင်စာများအစား သဘာဝလောင်စာ စွမ်းအင်များ ထုတ်လုပ်သုံးစွဲနိုင်အောင် တီထွင်နေကြသည်။
May 13, 2021
ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြု၍ စာသင်နှစ်တစ်နှစ် ဆုံးရှုံးသွားခဲ့ရပြီးနောက် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေပြီဖြစ်သည်။ ရောဂါကူးစက်ပျံ့နှံ့မှု ရှိနေသေးသည့် တိုင်အောင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှု ကာလရှည်ကြာ ဆုံးရှုံးနစ်နာမှုမရှိအောင် ဆောင်ရွက်ပေးခြင်းလည်း ဖြစ်သည်။ အကယ်၍သာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စိုးရိမ်ဖွယ်ဖြစ်လာလျှင်လည်း စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို ပြန်လည်စဉ်းစားသုံးသပ်မှုပြုလုပ်ရလိမ့်မည်ဟု ယုံကြည်မိသည်။
May 12, 2021
(၁၁-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၄၇၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၉၅,၃၅၉) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၉၉၇) ဦး ရှိပြီ ဖြစ်ပါသည်။
May 12, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်
May 12, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြေင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရေလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို မေ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။