Skip to main content

ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ ဈေးများ၊ ဆေးရုံးများနှင့် ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြေးဆွဲ

နေပြည်တော် ဧပြီ ၁၃ ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများ အလိုက် ဘာသာရေးကျောင်းများ အား ဖူးမြော် ခွင့် ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့် အညီ ပြန်လည် ဖွင့်လှစ် ပေးထားရာ ယနေ့တွင် ရန်ကုန် မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီး၊ နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ( ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး တို့အပါ အဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များနှင့် မိဘ ပြည်သူများက ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။ အလားတူ သက်ဆိုင်ရာ ဘာသာရေးကျောင်းများတွင်လည်း ဘာသာဝင်များက စိတ်အေးချမ်း သာစွာ လာရောက် ဝတ်ပြုလျက် ရှိကြကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်၊ ရန်ကုန် မြို့နှင့် မန္တလေးမြို့ကြီးများ အပါအဝင် အခြားမြို့ကြီးများတွင် လည်း တည်ငြိမ်အေးချမ်းစွာဖြင့် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ် များဖြင့် စည်ကားလျက် ရှိပြီး ဆေးရုံများ၊ လေကြောင်းခရီးစဉ် များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော် ယာဉ်လိုင်း များကို တည်ငြိမ် အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ၎င်းအပြင် သင်္ကြန်ကာလ အတွင်း ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေ အပါအဝင် အခြား အပန်းဖြေ နေရာများ ကိုလည်း ပြည်သူများ အပန်းဖြေ အနယူနိုင်ရန်အတွက် စားသောက် ဆိုင်များ၊ ဟိုတယ်၊ မိုတယ်များကို လည်း ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ် ပေးလျက်ရှိရာ ယနေ့တွင် လာရောက် အပန်း ဖြေအနားယူ နေသော ပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ် ဓာတ်ပုံ-ကျော်ဆန်းမြင့်