နေပြည်တော် ဧပြီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း စာအုပ်ကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ထုတ်ဝေဖြန့်ချိသည်။
အဆိုပါမိန့်ခွန်းစာအုပ်တွင် ၂၀၂၁ ခုနှစ် မတ်လ အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် အထိမ်းအမှတ် အခမ်းအနား များသို့ ပေးပို့သည့် သဝဏ်လွှာများ စုစုပေါင်း (၁၇) ပုဒ်ကို စုစည်း ဖော်ပြပေးထားသည်။
မတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး ၂ (၄/၂၀၂၁) တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လုပ်ငန်းစဉ် (၅) ရပ် ချမှတ် ထားကြောင်း၊ စီးပွားရေး ကဏ္ဍ တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကောင်စီ အဆင့်ဆင့်အနေဖြင့် ဒေသအလိုက်ဆောင်ရွက် | ရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများသည် ကိုဗစ်ရောဂါ ဖြစ်ပွားထိခိုက်မှုနည်းနိုင်ပြီး ငွေပြန်ရ လွယ်ကူသည့် ရောင်းကုန် လုပ်ငန်းဖြစ်သည့် အတွက် တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်း ကြိုးစားဆောင်ရွက်ရေး အားပေး ရန် လိုကြောင်း၊ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ဦးတည်ချက်များ လည်း ချမှတ်ပေးထားကြောင်း၊ လူမှုရေး ဦးတည်ချက် တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် ကျန်းမာရေးဦးတည် ချက်ပါ ရှိကြောင်း၊ ကျန်းမာရေးအထောက်အကူ ဖြစ်စေရန်အတွက် တစ်နိုင်ငံလုံးအနေအထားဖြင့် ပြင်ပတွင် ကစားရသည့် အားကစားပွဲများကို ပြန်လည်ကျင်းပရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအားကစားတွင် မြန်မာ့သိုင်းအားကစား နည်းကို ထည့်သွင်းရန်လိုအပ်ကြောင်း၊ ယင်း အားကစားနည်းမှာ အပိုပစ္စည်းမလိုအပ်ဘဲ အားကစားပြုလုပ်နိုင်သည့် ကိုယ်ခံပညာအားကစား နည်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ရိုးရာ အားကစား နည်းများကိုလည်း အားပေးရန်လိုအပ်ပါကြောင်း” ပြောကြားသည့် အမှာစကား၊ မတ်လ ၂ ရက်နေ့တွင် တောင်သူ လယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် “ကမ္ဘာရရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ် ကြောင့် ယခုရာစုနှစ်အတွင်းမှာပင် ကမ္ဘာ တစ်ဝန်း စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာနိုင်မည် ဟု ခန့်မှန်းထားရာ ပြောင်းလဲလာသည့် ရာသီဥတု နှင့်အညီ လိုက်လျောညီထွေရှိမည့် သီးနှံအမျိုးအစား၊ သီးနှံပုံစံ၊ စိုက်ပျိုးနည်းစနစ် စသည်တို့ကို ပြောင်းလဲ စိုက်ပျိုးနိုင်မည့် အစီအမံများကို ရေတိုရေရှည် စီမံချက်များချမှတ်၍ သက်ဆိုင်ရာ ဌာနများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ရာသီဥတုပြောင်းလဲမှုကြောင့်သဘာဝဘေးအန္တရာယ် ကြီးများ ကြုံတွေ့ပါက စားနပ်ရိက္ခာ မလုံလောက်မှု
အန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင် စွမ်းအားကောင်းရေးတို့ကို နိုင်ငံတိုင်း အလေးထား ဆောင်ရွက် လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း အစိုးရနှင့်ပုဂ္ဂလိက ညီညွတ်စွာပူးပေါင်း၍ အရန် မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ သီးနှံပျက်စီးဇရိယာများ တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းတို့ကို အားပေးကူညီလျက်ရှိပါကြောင်း” စသည့် အကြောင်း အရာများ အပါအဝင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ အမှာ စကား၊ မိန့်ခွန်းများကို စုစည်း ထုတ်နုတ်ထားသည်။
ယင်းစာအုပ်ကို အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး များနှင့် ရန်ကုန်မြို့ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်တို့တွင် တစ်အုပ်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူရရှိနိုင်သည်။
သတင်းစဉ်