Skip to main content

Apr 14, 2021

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက် မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ၁၂ ရက်နှင့် ယနေတို့တွင် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူ များကို တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ် ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရက်ကွက်၊ အောင်မေတ္တာလမ်းနေ မဝင်းသန္တာဆွေ အား မတ် ၁၅ ရက်တွင် လှမျိုးအောင်(ခ) ကိုမျိုး(ခ)ဝက်ကြီး(ဘ)ဦးမြင့်လှိုင်၊ အောင်သူရဇော်(ခ)ကတုံး(ခ)သူရ(ဘ)ဦးအောင်ဇော်ဦး၊ အညာသား(ခ)မျိုးဇော်ထက်(ဘ)ဦးဝင်းခိုင်နှင့် မင်းခန့်(ခ)နှင်းကိုကို(ဘ)ဦးသောင်းတင် တို့သည် အရိုး/အသွား (၉)လက်မခန့်ရှိ ဓားဦးချွန်ဖြင် ထိုးခဲ့သဖြင့် အဆိုပါ မဝင်းသန္တာဆွေတွင် ၄ cm ခန့်အနက်ရှိ ယာရင်အုံထိုးသွင်းဒဏ်ရာ (၂)ချက်၊ ၁၂ cm ခန့်အနက်ရှိ ဝဲရင်အုံထိုးသွင်းဒဏ်ရာ (၄)ချက်၊ ၁၂ cm ဝဲခါးစောင်း ထိုးသွင်းဒဏ်ရာ များ ရရှိခဲ့ပြီး ဝဲရင်အုံးထိုးသွင်းဒဏ်ရာမှာ အဆုတ်ထိရောက်ပြီး ရင်ခေါင်းအတွင်း သွေးယို၍ သေဆုံးခဲ့ခြင်းဖြင့် တစ်ဦးထက်ပိုသောသူမျာက အကြံတူတစ်ခုကို အထမြောက်စေရန် ပြုလုပ်သည်ခဲ့သည့်ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ် ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ (၁)(ခ)/၃၄ အရ ဧပြီ ၁၂ ရက်တွင် “ သေဒဏ် ” အမိန့်ကို လည်းကောင်း၊ တင်ထွန်းအောင်(ခ)မိုးလျှံ(ဘ)ဦးထွန်းဆန်း၊ ဒေါ်မြင့်မြင့်အေး(ဘ)ဦးငွေငြိမ်း နှင့် ဒေါ်တင်တင်အေး(ဘ)ဦးငွေငြိမ်းတို့သည် မဝင်းသန္တာဆွေ အား မတ် ၁၅ ရက်တွင် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရ တို့က အရိုး/ အသွား (၉)လက်မခန့်ရှိ ဓားဦးချွန်ဖြင် ထိုးခဲ့သဖြင့် သေဆုံးမှုဖြစ်စဉ်တွင် မဝင်းသန္တာဆွေ အား သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲကာ သောင်ကြီး ဘုန်းကြီးကျောင်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊ မဝင်းသန္တဆွေ၏ နေအိမ်အား အပြင်ဘက်မှသော့ပိတ်ကာ သော့နှင့် လက်ကိုင်ဖုန်း(၂)လုံးအား သိမ်းဆည်းထား ရှိခဲ့ခြင်း၊ လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး မှ မဝင်းသန္တာဆေွ အား ခေါ်ဆောင်သွား ရန် သော့အား လာရောက်တောင်းယူစဉ် ပေးအပ်ခဲ့ခြင်းဖြင့် မဝင်းသန္တာဆွေ အား သတ်ရန် အားပေးကူညီမှုကို ပြုလုပ်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ (၁)(ခ)/၁၀၉ အရ ဧပြီ ၁၂ ရက်တွင် “ သေဒဏ် ”အမိန့်ကို လည်းကောင်း၊ စိုးကြီး(ခ)စိုးပိုင်(ဘ)ဦးလှစော သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၌ မတ် ၁၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် လှမျိုးအောင်(ခ) ကိုမျိုး(ခ)ဝက်ကြီးနှင့် မကြူကြူသင်း တို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အောင်မေတ္တာလမ်းနေ မဝင်းသန္တာဆွေ အား လူသတ်မှုကျူးလွန်ခဲ့သဖြင့် ဖမ်းဆီးစေရန် အမိန့်ထုတ်ပြန်ထားပြီး ထွက်ပြေးနေသည်ကို သိလျက်နှင့် ဖမ်းဆီးခြင်းမှ ကာကွယ်ရန်အကြံဖြင့် လက်သင့်ခံမှုကို ပြုလုပ်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၂၁၆ အရ ဧပြီ ၁၂ ရက်တွင် “ အလုပ်နှင့်ထောင် ဒဏ် ၇ နှစ် ”အမိန့်ကို လည်းကောင်း၊ မကြူကြူသင်း(ဘ) ဦးလှစော သည် မတ် ၁၅ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အောင်မေတ္တာလမ်း နေ သေဆုံးသူ မဝင်းသန္တာဆွေ ၏ လက်ရှိဖြစ်သည့် ရွှေရည် ၁၁ ပဲရည်၊ ရွှေ အလေးချိန် ၅ ပဲ ၅ ရွေးခန့်ရှိ ကျောက်ဖြူပါ ခရုပတ်ပုံ ဆွဲသီး (၁)ခု၊ ရွှေရည် ၁၁ ပဲရည်၊ ရွှေအလေးချိန် ၅ ပဲ ၆ ရွေးခန့်ရှိ ကျောက်ဖြူပါ ကျူထံရံ ကွက်ပုံ လက်စွပ်(၁)ကွင်းနှင့် ရွှေရည် ၁၄ ပဲရည်၊ ရွှေအလေးချိန် ၁၅ ပဲ ၁ ရွေးခန့်ရှိ ကျစ်ဆံမြီးပုံ ဆွဲကြိုး(၁)ကုံးတို့အား ဥပဒေနှင့်အညီ လက်ရှိဖြစ်သူ၏ လက်သို့ မရောက်မီ သိလျက်နှင့် အလွဲသုံးစားမှုကို ပြုလုပ်ခဲ့မှုနှင့် မဝင်းသန္တဆွေအား သူလျှို၊ ဒလန်၊ သတင်းပေးဟုစွပ်စွဲကာ သံပုံများ တီး၍ မောင်းထုတ်ခဲ့ခြင်း၊ သောင်ကြီးဘုန်း ကြီးကျောင်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြင့် အများ ပြည်သူကို ထိန်လန့်စေမှုပြုလုပ်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ- ၂၁၆ နှင့်ရာဇသတ်ကြီးပုဒ်မ-၅၀၅က(က)တို့ဖြင့် ဧပြီ ၁၂ ရက် တွင် “ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ” အမိန့်ကို လည်းကောင်း၊ ဒေါ်နန်းခင်ခင်ဝင်း (ဘ)ဦးစံသိန်း၊ ဒေါ်မိုးသီတာ(ဘ)ဦးမြင့်သိန်း၊ မဝေဖြိုးစံ(ခ)မကုလားမ(ဘ)ဦးစံဝင်း၊ အောင်နိုင်ကို(ဘ) စိစစ်ဆဲ၊ ယဉ်ထွေး(ဘ)စိစစ်ဆဲ၊ ဒေါ်ခင်မာဌေး(ဘ)စိစစ်ဆဲ၊ မပွင့် (ဘ)စိစစ်ဆဲ၊ မင်းမင်း(ခ)အောင်မင်းဦး(ဘ)ဦးအုန်းလွင်၊ မြင့်ဦး(ဘ)စိစစ်ဆဲ၊ သန့်ဇင် (ဘ)စိစစ်ဆဲ၊ လှရီ(ဘ)စိစစ်ဆဲ၊ ကြည်လွင်(ဘ)ဦးအောင်လှိုင်၊ ဂျပန်ကြီး(ခ) ထွန်းထွန်းအောင်(ခ)ဘိုထွန်း(ဘ)ဦးသန်းရွှေ၊ ဖိုးကျော်(ခ)ကျော်ကြီး(ခ)ကျော်ကျော်လတ် (ဘ)ဦးမောင်မြင့်၊ သန့်ဇော်ဦး(ခ)သက်ဇော်ဦး(ဘ)ဦးဝင်းလှိုင်နှင့် ဥက္ကာ(ဘ)စိစစ်ဆဲ တို့သည် မတ် ၁၄ ရက်တွင် မဝင်းသန္တာဆွေ အား သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲကာ သံပုံများ တီး၍ မောင်းထုတ်ခဲ့ခြင်း၊ သောင်ကြီး ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြင့် အများပြည်သူကို ထိတ်လန့်စေမှုကို ပြုလုပ်ခဲ့သည့်ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၅၀၅က(က)တို့ဖြင့် ဧပြီ ၁၂ ရက် တွင် “ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ”အမိန့်ကို လည်းကောင်း အသီးသီးချမှတ်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

(၁၈)ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနား ကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အာဇာနည်လမ်း ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း တောင်ကလေး-ဘုရားသုံးဆူ ၅၃ မိုင် လမ်းကြောင်းပေါ်တွင် ဖောက်လုပ်ပြီး မြေလမ်း ၂၂ မိုင်အနက် ၁၀ မိုင် ၂ ဖာလုံ ကျောက်ခင်းပြီး ကျန်မြေလမ်း ၁၁ မိုင် ၆ ဖာလုံ အနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၈ ဒသမ ၀၆၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို ကြာအင်းဆိပ်ကြီးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ မြို့နယ်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းလင်းဇော်နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၆၄) ကြိမ်မြောက် မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်