နေပြည်တော် ဧပြီ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၆၅၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ များဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဧပြီ ၁၃ ရက် နံနက် ၈ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ မန္တလေး - မြစ်ကြီးနား ကားလမ်း နန့်စီးအောင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဖြိုးသန့်ကျော် မောင်းနှင်လာသော ခရီးသည်တင်မော်တော်ယာဉ်ကို သတင်း အရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မအိအိခိုင်နှင့် မထုနန်တို့ သယ်ဆောင်လာ သော ခရီးဆောင်အိတ်နှင့် ဆာလာအိတ်များ အတွင်းမှ ငွေကျပ် ၆၅၈ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၂၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မအိအိခိုင်(၄၉)နှစ်၊ မထုနန် (၃၀)နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
(သတင်းစဉ်)