နေပြည်တော်၊ ဧပြီ ၁၄
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစား နှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်အတူ ဧပြီ ၁၂ ရက် နံနက်(၁၁)နာရီတွင် အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) သင်တန်းသားစားသောက် ဆောင်၌ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဝန်ထမ်း များကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့ တိုင်းဒေသကြီးအားကစားရုံနှင့် (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ အလေးမလေ့ကျင့်ရေးခန်းနှင့် (၂)ထပ် အားကစားသမား အိပ်ဆောင် တည်ဆောက်မည့်နေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ကာ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်ရုံးမှ ဝန်ထမ်းများကို တွေ့ဆုံ နှုတ်ဆက်စကား ပြောကြား ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပဲခူးမြို့ ဥဿာမြို့သစ်ရှိ အားကစားကွင်းတွင် နှစ်ထပ်ပွဲကြည့်စင်၊ ပတ်လည်အုတ်တံတိုင်းတည်ဆောက်ခြင်းနှင့် မီတာ(၄၀၀)ပြေးလမ်း၊ ဘောလုံး ကွင်းပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေး သည်။
ဒုတိယဝန်ကြီးသည် ဧပြီ ၁၃ ရက်တွင် ဝေါမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ် နှင့် ပေါင်မြို့နယ် တို့ရှိ အားကစားကွင်း/ရုံများနှင့် ၎င်းမြို့နယ်များအတွင်း (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေ၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်နှင့် မော်လမြိုင်မြို့နယ်ရုံးမှ ဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ်အားကစားကွင်း အတွင်း ငွေကျပ်(၈၇၂)သန်းအကုန်အကျခံ၍ Synthetic ရာဘာပြေးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ စားပွဲတင်တင်းနစ် ကလပ်၊ မြို့မကာယဗလ ကလပ်နှင့် ပြည်နယ်ရုံး၊ ပြည်နယ်အားကစားရုံ၊ (၅)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်အားကစားဥယျာဉ် တည်ဆောက် မည့်မြေနေရာကိုသွားရောက်ကြည့်ရှစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ချုပ်မှုရုံးတွင် ဝန်ထမ်းများကိုတွေ့ဆုံနှုတ်ဆက်၍ ကျောင်းဖွင့်ချိန်အမီ လိုအပ် သည်များ ပြင်ဆင်ဆောင်ရွက်ထားကြရန်မှာကြားပြီး တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် လေ့ကျင့်ရေးဘောလုံးကွင်း အဆင့်မြှင့်တင်ပြုပြင်မှုအခြေအနေများ၊ 315 KVA ထရန်စဖော်မာ တပ်ဆင်ပြီးစီးမှု၊ ဒုတိယ ကျောင်းအုပ်ကြီး နေအိမ်တည်ဆောက်နေမှုနှင့် အားကစားရုံ(၂)ထပ် လျှာထိုးကြမ်းခင်း ပြုလုပ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျိုက်မရောမြို့နယ်အားကစားကွင်း (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ ဖူဆယ်အားကစားကွင်းနှင့် မြို့နယ်အားကစားမှူး ရုံး တည်ဆောက်နေမှု များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်ရုံး၌ ဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက်စကား ပြောကြားကာ ရုံးအတွင်း လိုက်လံကြည့်ရှု စစ်ဆေး ခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဘားအံမြို့ ဇွဲကပင်အားကစားကွင်းအတွင်း (၄) ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုနှင့် အားကစားလေ့ကျင့်ရေးရုံများကို ကြည့်ရှုစစ်ဆေးပြီး ကြက်တောင်အားကစားရုံကြမ်းခင်းပျက်စီးနေမှများကို ပြုပြင်ရန် မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လှိုင်းဘွဲ့မြို့ အားကစားရုံသစ် တည်ဆောက်နေမှု၊ ကွင်းပတ်လည်အုတ်တံတိုင်းကာရံနေမှုနှင့် အားကစားရုံအဟောင်းတို့ကို လည်းကောင်း၊ ဘားအံမြို့ ပြည်နယ်ညွှန်ကြားရေးမှူးနေအိမ်တည်ဆောက်ရေးလုပ်ငန်းကို လည်းကောင်း၊ သထုံမြို့ ဖူဆယ်အားကွင်းတည်ဆောက်နေမှုနှင့် သထုံမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးနှင့် မြို့နယ်အားကစားမှူးနေအိမ် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)