Skip to main content

၉-၄-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း

(ယမန်နေ့မှအဆက်) ၂၉။ ပြည်ထောင်စုနေ့စဉ် သတင်းဌာနမှ သတင်း ထောက် ဦးကိုကိုလွင်က CDM နှင့်ပတ်သက်ပြီး ပြည်သူလူထုအများနှင့်သက်ဆိုင်သည့် ကျန်းမာရေး ကိစ္စဖြစ်ကြောင်း၊ CDM လုပ်သည့်အချိန်တွင် CDM လုပ်သည့် ဝန်ထမ်းများရှိသလို CDM မလုပ်သည့် ဝန်ထမ်းအချို့ လည်း ရှိပါကြောင်း၊ ဥပမာတစ်ခု ပြောရလျှင် တန့်ဆည် မြို့နယ်က ကံထူးမ ဆရာဝန် တစ်ယောက်ကဲ့သို့ ထိုဆရာဝန်များလိုလူများရှိလျှင် နိုင်ငံတော် စီမံအုပ် ချုပ်ရေး ကောင်စီအနေဖြင့် ဘယ်လိုမျိုး ဂုဏ်ပြုခြင်းမျိုးရှိပါသလဲ။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြိမ်ကြိမ် သတိ ပေးနေသည့်ကြားက ယနေ့တိုင် CDM ပြုလုပ်နေ သည့် ကျန်းမာရေးဝန်ထမ်းများ၊ အထူး သဖြင့် ဆရာဝန်များနှင့် ပတ်သက်ပြီး နှစ်နာနေသည့်အတွက် ၎င်းတို့ကို မည်သို့အရေးယူမည်ကို သိလိုကြောင်း မေးမြန်းသည်။ Professional ကျကျ လုပ်နိုင်ရန်လို ၃၀။ ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့ သတင်းစာ ရှင်းလင်းပွဲတွင် ခဏခဏပြောနေသည့် ကံထူးမ တိုက်နယ် ဆေးရုံမှ CDM မလုပ်သည့်ဆရာဝန် ပြောသွားသည့်အထဲတွင် အစိုးရကို ထောက်ခံ မထောက်ခံ၍ CDM မပြုလုပ်ခြင်း မဟုတ်ကြောင်း၊ CDM မလုပ်ခြင်းသည် လူနာများအတွက် မလုပ်ခြင်း ဖြစ်ကြောင်း၊ မိမိတို့ပြောနေ သည်မှာလည်း ထိုအတိုင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် မည်သည့် အစိုးရတက်လာလာ ပြည်သူလူထု အကျိုး အတွက် လုပ်ရမည်ဖြစ်ကြောင်း၊ အစိုးရကို ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ မိမိဆန္ဒကို မိမိပြ၍ ရကြောင်း၊ ထိုစိတ်ဓာတ်မျိုးကို ပြောခြင်းဖြစ်ကြောင်း၊ မိမိတို့လုပ်နေသည့်လုပ်ငန်း၊ ဝန်ထမ်းများ လုပ်နေ သည့်လုပ်ငန်းများသည် မည်သူဖြစ်ဖြစ် စာရေးစာချီမှ စပြီး အရာရှိဖြစ်ဖြစ် သူလုပ်ရမည့်လုပ်ငန်းများသည် Professional လုပ်ငန်းကို လုပ်ရခြင်းဖြစ်ကြောင်း၊ Professional စိတ်ဓာတ်မျိုး ရှိစေချင်ပါကြောင်း၊ ဝန်ထမ်း ကောင်းများနှင့်ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထိုက်သင့်သည့် ချီးမြှင့်မှုများ ထိုက်သင့် သည့် အသိအမှတ်ပြုမှုများ လုပ်ရန်အတွက် အစီအစဉ်များရှိပါကြောင်း၊ ဝန်ကြီး ဌာနများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင် နေသည့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေး အတွက် ထောက်ပံ့မှုများ ဆောင်ရွက် လျက်ရှိသည်ကို သတင်းများတွင် မြင်ရမည်ဖြစ်ပါကြောင်း၊ သင်္ကြန် ကာလအတွင်းတွင် သက်သာ ချောင်ချိမှု ဆောင်ရွက် နိုင်စေရန် ထောက်ပံ့ပေးနေသည့် ဝန်ကြီးဌာနများ ရှိပါကြောင်း၊ CDM နှင့်ပတ်သက်ပြီး အစိုးရ၊ ဝန်ကြီး ဌာနများသည် ကောင်းမွန်စွာ လည်ပတ်လျက် ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်ပြီး ချို့ယွင်းချက်အချို့ရှိသော်လည်း တပ်မတော် ဆရာဝန်များနှင့် ဝင်ရောက်လုပ်ဆောင်ပေးနေမှုများ ရှိသဖြင့် မကြာမီအပြည့်အဝလည်ပတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် Professional ကျကျ လုပ်နိုင်ရန် လိုပါကြောင်း ဖြေကြားသည်။ ၃၁။ ပြည်ထောင်စုနေ့စဉ်သတင်းဌာနမှ သတင်း ထောက် ဦးကိုကိုလွင်က ပုဒ်မ ၅၀၅ အပါအဝင် အခြားပုဒ်မများနှင့် အမှုဖွင့်အရေးယူထားခြင်းများ နှင့်ပတ်သက်ပြီး အမြန်ဖမ်းဆီးရမိရေးနှင့် ထိရောက် စွာ အရေးယူနိုင်ရေးသည် လိုအပ်နေသည့်ကိစ္စ ဖြစ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် ၎င်းတို့ နှင့် မပတ်သက် သည့် ဆန့်ကျင်ဘက်ကိစ္စများတွင် ဒုက္ခရောက်နေသည်ဟု သိရပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ရည်ရွယ် ချက်ဖြင့် လှုံ့ဆော်နေသူများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ အပါအဝင် အခြား ပုဒ်မများနှင့် အမှုဖွင့်အရေး ယူထားသည့်နေရာတွင် နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့် မြဝတီရုပ်မြင် သံကြားတွင် ထုတ်လွှင့် နေသော်လည်း ကြည့်ရှုသူနည်းပါးသည့်အတွက် တစ်ခုအကြံပေးလိုသည်မှာ ထိရောက် ပျံ့နှံ့မှုအားနည်း နေသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အတွက် ပြည်သူများဆောင်ရွက်ပေးနိုင်ရေး အမှုဖွင့် ထားသူများ၏ ဓာတ်ပုံများကို ဗီနိုင်းထုတ်ပြီး မြို့အလိုက်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းသည်။ ၃၂။ ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြံပေးသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ အောက်ခြေတွင် ဖြစ်ပျက်နေ သည့်ကိစ္စများနှင့်ပတ်သက်ပြီး အကြံ ပြုမှုများရှိပါကြောင်း၊ ရပ်ထဲရွာထဲတွင် Social Bullying အလုပ်ခံရမှု ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ထိ သိပါကြောင်း၊ အောက်ခြေ တွင်ဖြစ်နေသည့် ကိစ္စအားလုံးကိုသိပါကြောင်း၊ အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ သတင်း အတည်ပြုခြင်းများ၊ စုံစမ်းပြီး လိုက်လံဆောင်ရွက်လျက်ရှိပါကြောင်း၊ အချို့နေရာများတွင် မိမိတို့ဝန်ခံပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး လုံခြုံမှုအပြည့်ပေးနိုင်မှု ၁၀၀ ရာခိုင်နှုန်း မရှိသေးပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် တစ်တိုင်းပြည်လုံးတွင် လုံခြုံ မှုရှိစေရေး၊ တည်ငြိမ်အေးချမ်းမှု အမြန်ရောက်ရှိ စေရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။ ၃၃။ ONE NEWS သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အချို့နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ် မပြုဘူးဟု အချို့ အဖွဲ့ အစည်းများက ပြောကြား ခြင်းများ သိရပါကြောင်း၊ နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်မှုရှိပါသလား မေးမြန်းသည်။ ။ နိုင်ငံတကာနှင့် မိတ်ဝတ်မပျက်ဆက်ဆံ ၃၄။ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တစ်လတစ်ကြိမ် လစဉ်လုပ်ဆောင် ချက်များ ထုတ်ပြန်ပြီး ထိုအထဲတွင် ကဏ္ဍတစ်ခု အနေဖြင့် ပါဝင်မည်ဖြစ်ပါကြောင်း (၁၇) ကြိမ်မြောက် BIMSTEC ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလတစ်ရက်နေ့က Video Conferencing Gs Gicodoole pea အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပါဝင် တက်ရောက်ခဲ့ပါကြောင်း၊ အစည်းအဝေးတွင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအခြေအနေ သုံးသပ် ခြင်းများ၊ BIMSTEC အဖွဲ့ အတွက် ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ အခြေခံအဆောက်အဦများ ပိုမိုခိုင်မာစေရေး ဆောင်ရွက်သွားမည့်ကိစ္စများ လုပ်ငန်းများ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုဧရိယာနှင့် ဧရိယာခွဲ များအားပြင်ဆင် ဖွဲ့စည်း မှုများ၊ ထိပ်သီးအစည်းအဝေး က ချမှတ်ထားသည့် အစည်းအဝေးဆုံးဖြတ်ချက်များ အကောင် အထည်ဖော်ရေးနှင့် အတွင်းရေးမှူးရုံး အတွက် ရန်ပုံငွေအတည်ပြုခြင်း စသည်တို့ကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ထိုနေ့ အာဆီယံ စီးပွားရေး ဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိက ကဏ္ဍ၏အရေးပါမှုများ၊ ၂၀၂၁ ခုနှစ် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ၏လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအနေဖြင့် ပြဋ္ဌာန်းထား သည့် ဥပဒေများနှင့်အညီ ချုပ်ဆိုခဲ့သည့် ဒေသတွင်း နိုင်ငံ တကာသဘောတူစာချုပ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေ အနေနှင့် ယခင်အစိုးရအဆက်ဆက် ခွင့်ပြုခဲ့သည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေး သည်ဟု အာမခံကြောင်း၊ ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်းနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန် ဦးစားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မတ်လ ၅ ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အမေရိကန်သံအမတ်ကြီးတို့ Video Conferencing ဖြင့် တွေ့ဆုံခဲ့ခြင်း၊ မတ်လ ၈ ရက်နေ့တွင် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် ဂျပန်သံအမတ်ကြီးတို့ တွေ့ဆုံခဲ့ခြင်း၊ မတ်လ ၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း Head of the European Union Military staff EUMS Video Conferencing ဖြင့် ပြုလုပ် ခဲ့ခြင်း (၁၁) ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်း အဝေးကို မတ်လ ( ၁၀) ရက်နေ့တွင် Video Conferencing ဖြင့် ပြုလုပ် ခဲ့ခြင်း၊ မတ်လ ၁၂ ရက်နေ့တွင် (၁၅) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်နှင့်အဖွဲ့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ခြင်းများ ရှိပါကြောင်း၊ လူတိုင်း အလှမ်းမီရပ်ဝန်းသည် အာဆီယံ Digital အသိုက်အဝန်းဆီကို အခြေခံပြီး အာဆီယံနိုင်ငံများ အလိုက် ဆွေးနွေး ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးကောင်စီ၏ (၄၆) ကြိမ်မြောက် ပုံမှန် အစည်း အဝေးကို မတ်လ ၁၁ ရက်နေ့၌ကျင်းပခဲ့ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တာဝန်ရှိ သူများက Video မိန့်ခွန်း ပေးပို့ပြီး Online ဖြင့် ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် Video Conferencing စနစ်ဖြင့် မတ်လ ၁၅ ရက်နေ့ တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မတ်လ ၁၆ ရက်နေ့ တွင် (၁၈) ကြိမ်မြောက် အာဆီယံ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး ပြုလုပ် ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် (၁၈) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်များ အစည်းအဝေးကို အွန်လိုင်း စနစ်ဖြင့် တက်ရောက်ခဲ့ပါကြောင်း၊ (၇၆) နှစ်မြောက် တပ်မတော်နေ့ အခမ်း အနားကို ရုရှားဖက်ဒရေးရှင်း နိုင်ငံက ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ပါကြောင်း၊ ဒါတွေသည် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါကြောင်း၊ ယခု မတ်လတစ်လတည်း လုပ်ဆောင်ချက်များ ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာက အသိအမှတ်မပြုခြင်း ဆိုသည်များသည် လုပ်ကြံဖန်တီးလိုသူ၊ ပြောချင် သူများအတွက် ပြောနေခြင်းများဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ပြောသည့် အတိုင်း နိုင်ငံတကာနှင့်မိတ်ဝတ်မပျက်ဆက်ဆံလျက် ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာတွင် ဘက်မလိုက် တရားမျှတပြီး လွတ်လပ်သည့်နိုင်ငံခြား ရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။ ၃၅။ သတင်းထောက် ဦးသွင်ထူးအောင်က စီးပွား ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူနေသည့်ကာလအတွင်း၌ နိုင်ငံခြားကုန်သွယ်မှုများ တုံ့ဆိုင်းနေကြောင်း ကုန်သွယ်ရေးလုပ်ငန်း အသိုင်း အဝိုင်းအချို့က ပြောဆိုနေသည်များရှိကြောင်း၊ ပြည်ပကုန်သွယ် ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့် အခြေ အနေ ကို သိလိုပါကြောင်း မေးမြန်းသည်။ ပုံမှန်လုပ်ငန်း လည်ပတ်ဆောင်ရွက် ၃၆။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကုန်သွယ်ရေးလုပ်ငန်း များနှင့်ပတ်သက်ပြီး စာရင်းဇယားများအရ ပြောမည် ဖြစ်ပါကြောင်း၊ လက်တွေ့ အနေဖြင့် ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်တွင် ကုန်ကားများ သွားလာနေသည်ကို လက်တွေ့ကြည့်၍ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လတာ ကာလ ယာယီစာရင်းများအနေဖြင့် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇၇၄ သန်း ဖြစ်ပါကြောင်း၊ သွင်းကုန်တန်ဖိုး ၁၇၇၂ သန်းဖြစ်ပါကြောင်း၊ ကုန်သွယ် မှုပမာဏ အမေရိကန် ဒေါ်လာ ၃၅၄၆ သန်းဖြစ်ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ နှစ်သန်းကျော်ရှိပါကြောင်း၊ ယခုကာလ အများအားဖြင့် သိသာ သည့် နယ်စပ်စခန်း များ၏ ကုန်သွယ်မှုနှင့်ပြောလိုသည်မှာ အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အနေဖြင့် ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လတာကာလအတွင်း | တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၄၃၈ သန်းခန့်ရှိပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၁၇၁ သန်းရှိပါကြောင်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၀၉ သန်း ဖြစ်ကြောင်း၊ စုစုပေါင်း မူဆယ်စခန်းမှ ၆၅ ရာခိုင်နှုန်း၊ လွယ်ကျယ်မှ ခြောက်ရာခိုင်နှုန်း ချင်းရွှေဟော်မှ ၁၈ ရာခိုင်နှုန်း၊ ကန်ပိုက်တီးမှ ၁၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ထိုင်းနှင့် ကုန်သွယ်မှုအခြေအနေအနေဖြင့် ပို့ကုန် အမေရိကန်ဒေါ်လာ ၃၅သန်းဖြစ်ပြီး သွင်းကုန် အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၄ သန်း ဖြစ်ပါ ကြောင်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၉၂ သန်းဖြစ်ပြီး စခန်းများအနေဖြင့် တာချီလိတ် မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မောတောင် စခန်းများဖြစ်ပါကြောင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအိုတွင် ယခု နှစ်လတာ ကာလ အတွင်း ဘင်္ဂလား ဒေ့ရှ်တွင် ပို့ကုန်တင်ပို့နိုင်မှုမရှိဘဲ သွင်းကုန်ဒေါ်လာ ငါးသန်း စစ်တွေစခန်းမှ ဆောင်ရွက် ခဲ့ပါကြောင်း၊ အိန္ဒိယဘက်တွင် တမူးစခန်းမှ ပို့ကုန် ခုနစ်သန်း ဖြစ်ပြီး သွင်းကုန်ဆောင်ရွက်နိုင်မှု မရှိပါကြောင်း၊ မြိတ်စခန်းမှ ပို့ကုန်ဒေါ်လာ ၃၄ သန်းနှင့် သွင်းကုန် ဒေါ်လာ သုည ဒသမ ၁၇ သန်းရှိပါကြောင်း၊ လာအိုဘက်တွင် ကျိုက်လတ်စခန်းမှ ကုန်သွယ်မှု ဆောင်ရွက်နိုင်မှု များများစားစား မရှိပါကြောင်း၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ကုန်သွယ်မှုလုပ်ငန်း များသည် ယခင်ကထက် လျော့နည်းနိုင်သော်လည်း ပုံမှန်လုပ်ငန်း လည်ပတ်ဆောင် ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။ ၃၇။ သတင်းထောက် ဦးသွင်ထူးအောင်က အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဆရာ ဆရာမများကို မွမ်းမံသင်တန်းများပေးနေ သည်ကို သိရပါကြောင်း၊ မွမ်းမံသင်တန်းတက်ရောက် နေသည့် အခြေခံပညာက ဆရာ ဆရာမ ရာခိုင်နှုန်း မည်မျှရှိသည် ထိရောက်မှုရှိ/ မရှိ၊ သင်တန်းဖွင့်သည့် အချိန် မည်သို့ အခက်အခဲများရှိသည်ကို သိလို ပါကြောင်း၊ ကျောင်းများဖွင့်ရန်အတွက် စီစဉ် နေသည့်အခြေအနေ၊ ဘာများ စီစဉ်ထားသလဲ သိလိုကြောင်း မေးမြန်းသည်။ ၅၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်းအထက်တွင်ရှိ ၃၈။ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုမေးခွန်းကို မိမိ ဖြေနိုင်သလောက် ဖြေပေးမည်ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနမှ ဖြည့်စွက် ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အနေဖြင့်ကျောင်းများ ဖွင့်လှစ်လိုသည့်ရည်ရွယ်ချက်သည် တစ်ခုသာရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် ကျောင်းများပိတ်ခဲ့ရပါကြောင်း၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ နစ်နာပါကြောင်း၊ ထို့ကြောင့် ကျောင်းများဖွင့်လိုခြင်းဖြစ်ပြီး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းများ ဖွင့်ရန်အတွက် မွမ်းမံ သင်တန်းများ ခေါ်ခြင်းဖြစ်ကြောင်း၊ မွမ်းမံသင်တန်းများခေါ်ချိန်တွင် စိတ်မကောင်းဖွယ်တွေ့ရသည်မှာ CDM လုပ်သူ များသည် ဆရာ ဆရာမများကို ဝိုင်းဝန်းပြီး ဖိအား ပေးခြင်းများ ဆောင်ရွက်သည်ကို တွေ့ရပါကြောင်း၊ မကြားဝံ့မနာသာများ တွေ့ရပါကြောင်း၊ မြန်မာလူမှု အစဉ်အလာတွင် မရှိခဲ့ဖူးသည်များ တွေ့ရပါကြောင်း၊ မိမိတို့မြန်မာလူမျိုးတို့၏ ချစ်စရာကောင်းသည့် အစဉ်အလာ၊ လေးစားဖွယ်ကောင်းသည့် အစဉ်အလာ ထဲတွင် အာစရိယဆရာသမားဆိုသည်မှာ အနန္တာ အနန္တငါးပါးနှင့် တစ်ဂိုဏ်းတည်းထားပြီး ဆောင်ရွက် ခဲ့သည့် လူမျိုးများဖြစ်ကြောင်း၊ သင်ကြားပေးနေသည့် ဆရာ ဆရာမများကို တပည့်များကစပြီး စော်ကား နေသည့်ပုံစံကို တွေ့ရပါကြောင်း၊ ယဉ်ကျေးမှု အနန္တောအနန္တဂိုဏ်းဝင်ဟု ထွတ်ထွတ်မြတ်မြတ် ထားသည့် နိုင်ငံမျိုး ရှားပါ ကြောင်း၊ အတွေ့အကြုံအရ သင်ကြားပေးသူ၊ သင်ယူသူများရှိပြီး သူ့တာဝန်နှင့်သူ လုပ်ကြသည့် ပုံစံမျိုး သာဖြစ်ကြောင်း၊ အဆိုပါပုံစံမျိုး မဟုတ်ဘဲ မိမိတို့အနေဖြင့် သင်ကြားပေးသည့် ဆရာကို အထူး အလေး အနက်ထားပြီး လုပ်ခဲ့ကြ ပါကြောင်း၊ မြန်မာစကားပုံတစ်ခု ပြောလိုပါကြောင်း၊ မြန်မာများသည် တစ်လုတ်စားဖူး သူ့ကျေးဇူးဟု ပြောကြပြီး ဆရာ ဆရာမများ ပညာသင်ကြား ပေးသည်မှာ တစ်လုတ်မကပါကြောင်း၊ တစ်သက် လုံး ထမင်းစားနိုင်ရန် ပညာသင်ကြားပေးပါကြောင်း၊ မြန်မာများသည် တစ်လုတ်စားဖူး သူ့ကျေးဇူးကို တန်ဖိုး ထားမည်ဆိုလျှင် တစ်သက်လုံး ထမင်း စားနိုင်ရန် ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမများကို ဘာကြောင့် စော်ကားနေရသလဲဟု မေးမြန်းလိုကြောင်း၊ ယဉ်ကျေးမှုအချို့ သည် စကားပုံ အဖြစ်သာ ကျန်ခဲ့ရန်မကောင်းသည့် ယဉ်ကျေးမှု၊ ကြားကောင်းအောင်ပြောနိုင်သည့် ယဉ်ကျေးမှု မဖြစ်ရန် အရေးကြီးပါကြောင်း၊ ဘာအခက် အခဲရှိသလဲ ဆိုလျှင် အဆိုပါအခက်အခဲများရှိပါကြောင်း၊ ကိုယ်ထိ လက်ရောက်မှုများရှိကြောင်း၊ မီးရှို့ခံရသည့် ကျောင်းများ၊ ရုံးများစာရင်းများအနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ပညာရေးမှူးရုံး၊ ကလေး ခရိုင်ပညာရေးမှူးရုံး၊ ရေဦးပညာရေးမှူးရုံး၊ မြင်းခြံမြို့နယ် အထက(၄)။ မွန်ပြည်နယ်၊ ရေးမြို့နယ် ပညာရေးမှူးရုံး၊ ဖယ်ခုံမြို့နယ် ပညာရေးမှူးရုံးများ မွမ်းမံသင်တန်းလုပ်သည်ဟူ၍ မီးရှို့ခံခဲ့ရပါကြောင်း၊ ဘာများအဓိပ္ပာယ်ရှိလဲဟု မေးမြန်းလိုပါကြောင်း၊ ၎င်းတို့ကို ပညာသင်ကြားပေးမည့်သူများဖြစ်ပြီး ဆရာ ဆရာမများကိုလည်း မိမိပြော လိုသည် မှာ တာဝန်ကျေပွန်စွာ တက်ရောက်နေသည့် ဆရာ ဆရာမများရှိပါကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်း အထက်တွင်ရှိသည်ဟု သိရပါကြောင်း၊ အချို့ ဆရာ ဆရာမများ မလာနိုင်သည်မှာလည်း အခက် အခဲမျိုးစုံကြောင့် ဖြစ်ပါကြောင်း၊ ဝိုင်းဝန်း တိုက်ခိုက်ခြင်းမျိုး၊ တပည့်များကစပြီး တိုက်ခိုက်ခြင်း မျိုးများကြောင့် မလာခြင်းမျိုးဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ ပြည့်ပြည့်ဝဝ အောင်မြင်နိုင်မည်ဟု ယုံကြည် ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် အခြေခံ ပညာသည် Teaching သင်ကြားပေးရမည်ဖြစ်ပြီး တက္ကသိုလ်ကဲ့သို့ Studying လုပ်သည့်လိုင်း မဟုတ် ပါကြောင်း၊ ထို့ကြောင့် Tacher ဟုခေါ်ခြင်း ဖြစ်ကြောင်း၊ မိမိတို့သည် သင်ကြား ပေးမည့်သူ မရှိလျှင် မိမိကိုယ်တိုင်မိမိ လေ့လာ၍ မရပါကြောင်း၊ လေ့လာ၍မရသည့် အသိုင်းအဝိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် တန်ဖိုးထားရမည့်အသိုင်းအဝိုင်း ဖြစ်ပါကြောင်း၊ တက်ရောက်နေသည့် ဆရာ ဆရာမများ ကိုလည်း အထူးကျေးဇူးတင် လေးစားပါကြောင်း၊ တပည့်များ ပညာသင်ကြားမှုနှင့် ပတ်သက်ပြီး အလေးထားကာ ဆောင်ရွက်နေသည့် ဆရာ ဆရာမ များ၊ သင်တန်းတက်နေသည့် ဆရာ ဆရာမများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကိုယ်စား အထူး ကျေးဇူးတင်ပါကြောင်း အကြံပြုပြောကြားသည်။ ၃၉။ ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖြည့်စွက်ဖြေကြားရာတွင် ကျောင်းများ ဖွင့်လှစ်ရန် အစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအစီအစဉ်နှင့် ဆက်လက်ဖွင့်လှစ်နိုင်ရန် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွင့်လှစ်နိုင်ရန်လည်း ပြင်ဆင်ထားပါကြောင်း၊ တက်ရောက် သည့်ရာနှုန်း လည်း မှန်ကန်ပါကြောင်း၊ ဆရာ ဆရာမသင်တန်း များတွင် ၅၀ ရာခိုင်နှုန်းကျော် တက်ရောက် ပါကြောင်း၊ ဒေသအခက်အခဲများ၊ ဆရာ ဆရာမများသည် ကျောင်းရက်ရှည်ပိတ်ထားသည့်အတွက် သင်တန်း တည်နေရာကို ပြန်လာရန် မလွယ်ကူခြင်းများ ရှိပါ ကြောင်း၊ ကျန်သည်များလည်း တော်တော်များများ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ (ဆက်လက်ဖော်ပြပါမည်)