Jun 01, 2021
အဂတိလိုက်စားမှုသည် လူ့သမိုင်းအစမှ မျက်မှောက်ခေတ်ကာလအထိ လူ့အဖွဲ့အစည်းများ အတွင်း စွဲမြဲစွာလှိုက်စားလျက်ရှိပြီး ၎င်း၏အကျိုးဆက်များမှာလည်း ကျယ်ပြန့်လှသည်။ အဂတိ လိုက်စားမှုအပေါ် ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက်များမှာလည်း အမျိုးမျိုးရှိနေကြပြီး အနှစ်သဘောအားဖြင့်မူ ကျင့်ဝတ်ပျက်ပြား ခြင်းပင်ဖြစ်သည်။
May 31, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် မေ ၂၉ ရက် နံနက်ပိုင်းက ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု၌ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
May 31, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (မန္တလေး)သို့ ရောက်ရှိပြီး မိုးကြိုကာလနှင့် မိုးဦး ကာလတွင်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဖြန့်ခွဲထောက်ပံ့ နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
May 31, 2021
မကွေးတိုင်းဒေသကြီး လယ်ယာကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၉ ရက်က မကွေးတိုင်းဒေသကြီး လယ်ယာကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
May 31, 2021
မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေး နိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် မန္တလေး လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2021
စားသုံးသူရေးရာဦးစီးဌာန၏ ရုံးသုံးကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2021
မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို SME Member Card ထုတ်ပေးလျက်ရှိရာ မေလကုန်အထိ စုစုပေါင်း (၃၀၉၅)ခု ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
May 31, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများနှင့် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အမှုထမ်း ဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားပေးသည့် ဓါတ်ပုံနှင့်ဗွီဒီယို ရိုက်ကူးရေး စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ၁/၂၀၂၁ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။