Skip to main content

Aug 04, 2026

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ကာ ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဆန်ရိက္ခာ အ‌ခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေး မျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်(၅)ရပ်ကွက်/ကျေးရွာ (၃၃)ရွာတွင် အိမ်ခြေ (၃၇၂၈) လုံး၊ အိမ်ထောင်စု (၃၇၇၁) စု၊ လူဦးရေ ကျား/မစုစုပေါင်း (၁၆၂၇၇) ဦး ရေဘေးသင့်ခဲ့ကြောင်းနှင့် ကယ်ဆယ်‌ ရေးစခန်း(၉)ခုအား စာရေးကွင်းကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ရွာသစ်စုကျေးရွာတို့တွင် ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု(၂၈၇)စု၊ လူဦးရေ(၈၀၆)ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးချည်မျှင်ရှည်ဝါ ၁၀၂၇ ဧက စိုက်ပျိုးထားကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် ၁၂ ခုရှိပြီး မိုးချည်မျှင်ရှည်ဝါများကို တိုက်နယ် ၆ အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၃၂ ဧက၊ တိုက်နယ် ၇ အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၂ ဧက၊ တိုက်နယ် ၁၂ အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၉၇၃ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၉) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနမှူးများ၊ ပညာဌာနများမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်း အသီးသီးမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

သမဝါယမစနစ်အခြေပြုကျေးလက်ဖွံ့ဖြိုးရေး (Cooperative based Rural Development - CBRD) အတွက်ပြုလုပ်သည့် သမဝါယမစနစ်စီးပွားရေး ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် အစုအဖွဲ့စနစ်ဖြင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ စာတမ်းရှင်ခုနစ်ဦးက ရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

အိုလံပစ်သွေးစည်းညီညွတ်ရေးအစီအစဉ်သည် အဖွဲ့ဝင်နိုင်ငံများ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားသမားနှင့်နည်းပြများ၏ အရည်အသွေးမြှင့်တင်ရေးကို အဓိကပံ့ပိုးပေးနေသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်ကကျင်းပသည့် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများနှင့် ၁၉၈၉ ခုနှစ် (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှစ၍ ၂၀၂၅ ခုနှစ် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ ရွှေတံဆိပ် ၉၅ ခု၊ ငွေတံဆိပ် ၈၉ ခု၊ ကြေးတံဆိပ် ၂၁၅ ခုတို့ကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူ ပေးနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများ၊ သက်တမ်း အလိုက်ပြိုင်ပွဲများနှင့် မလေးရှားနိုင်ငံ၌ကျင်းပမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် အောင်မြင်မှုများရရှိရန် ကြိုးစားကြစေလိုကြောင်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက တိုက်ကွမ်ဒိုနည်းပြသင်တန်း (အဆင့်-၁) ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

ချေးငွေအစီအစဉ်တွင်ခွင့်ပြုထားသည့် ဘဏ် ၁၀ ဘဏ်နှင့် Finance Company နှစ်ခုအနက် ယနေ့အစည်းအဝေးတွင် ဘဏ်ခြောက်ဘဏ်နှင့် Finance Company တစ်ခုတို့မှ တင်ပြလာသည့်ချေးငွေအမှုတွဲ ၁၁ ခုကိုတင်ပြခဲ့ရာ နိုင်ငံ့ဝန်ထမ်းသုံးဦးနှင့် လုပ်ငန်းခုနစ်ခု အပါအဝင် စုစုပေါင်း ချေးငွေ ၁၀ ခု အတွက် ချေးငွေပမာဏ ငွေကျပ် ၆ ဒသမ ၈၆ ဘီလီယံကို ဗဟိုကော်မတီအဖွဲ့ဝင်များက စိစစ်အတည်ပြုခဲ့ကြောင်း အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီ (၂/၂၀၂၆) အစည်းအဝေးမှသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

ငါးနှစ်ကြာ ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus သည် ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းတွင် ဩဂုတ် ၁ ရက်မှစ၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

လေးမျက်နှာမြို့နယ် ငဝန်တာ တာမိုင် ၂၅ မိုင် ၃ ဖာလုံနေရာ တာကိုယ်ထည် နိမ့်ကျရေစီးဝင်မှုအပေါ် ကာကွယ်ထိန်းသိမ်းနိုင်ရေး တာအတွင်းဝင်ရောက်နေသော ကွင်းရေများလျော့ကျစေရေးအတွက် ဦးစားပေးအနေဖြင့် တာ၏မြစ်ဘက်ခြမ်းတွင်ရှိသော ကမ်းရင်း (စွန့်ပစ်) တာပေါင်ဟောင်းရှိ အလျားပေ ၃၀ ရေဝင်ပေါက်ပိတ်ခြင်း၊ ရေဝင်ပေါက်အနီး ဘေးနှစ်ဖက်တွင် ရေတိုက်စားမှုသက်သာစေရန် အရေးပေါ်ရေလွှဲတန်းရိုက်ခြင်း၊ ဝါးထရံကာခြင်း၊ သဲအိတ်ချခြင်း၊ Geo Bag (ကမ်းပြိုကာကွယ်ရေးအိတ်) များချခြင်း စသည့်လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပြိုင်ပွဲကောင်းတစ်ခု ဖြစ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲ၏ရည်ရွယ်ချက်နှင့် အနှစ်သာရများ မပျောက်ပျက်စေရန် တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့်လာအိုအသင်းတို့ ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ဇူလိုင် ၃၀ ရက်ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ကာ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၅၁ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

အမျိုးသမီးများကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများကြောင့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းနှင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်စခန်းရှိ အဆောက်အအုံများနှင့် နိုင်ငံပိုင် စက်/ယာဉ် ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများ၊ တည်ဆောက်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ မီးစက်များ၊ အရည်အသွေးထိန်းသိမ်းရေးရုံးရှိ ပစ္စည်းကိရိယာများ၊ မိုးလေဝသနှင့်ဇလဗေဒ တိုင်းတာရေးစခန်းရှိ တိုင်းတာရေးကိရိယာပစ္စည်းများ၊ နိုင်ငံခြားမှတင်သွင်းတပ်ဆင်ရသော စက်မှုလျှပ်စစ်ပစ္စည်းများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများအား ခိုးယူ/ဖျက်ဆီးခြင်းခံခဲ့ရကာ ကျောက်မဲမြို့ စီမံကိန်းအခြေစိုက်စခန်းအတွင်းရှိ ရုံးအဆောက်အအုံတစ်လုံးနှင့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းနေအိမ်တစ်လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယခုအချိန်တွင် ကျောက်မဲမြို့ရှိ စီမံကိန်းအခြေစိုက်စခန်းနှင့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအတွင်း ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

ပြင်သစ်နိုင်ငံပါရီမြို့တွင် ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၁ ရက်အထိကျင်းပသည့် ESports ကမ္ဘာ့ဖလားပြိုင်ပွဲ ESports World Cup 2026 (MLBB) တွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) MLBB အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကမ္ဘာ့အဆင့် Mobile Legends: Bang Bang ပြိုင်ပွဲ၏ Grand Final ၌ 1st Runner Up (ဒုတိယဆု) ဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို ပြည်တွင်းပြည်ပ အလုပ်အကိုင်များရရှိရေးဆောင်ရွက်ပေးလျက်ရှိရာ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာသူများအား အလုပ်အကိုင်ရရှိစေရေး မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၌ကျင်းပသည့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

၁၉၉၄ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သော ပခုက္ကူဦးအုံးဖေစာပေဆု ယခု (ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု) ချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ဒုတိယပတ်တွင် (၃၂) ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ရာ ပခုက္ကူတစ်သက်တာစာပေဆုရရှိသူ စာရေးဆရာကြီး နှစ်ဦး အပါအဝင် ဆုရရှိသူစုစုပေါင်း ၁၇ ဦးကို ဆုချီးမြှင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ တပ်သားဒေါင်လွမ်း (အငြိမ်းစား) အား မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အသက် ၁၀၃ နှစ်ပြည့် ဂါရဝပြုဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 04, 2026

လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်ပြီး ဘာသာရပ် (၁၉) မျိုးကို လက်တွေ့လျှပ်စစ်လုပ်ငန်းခွင်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာနှင့် စစ်ဆေးရေးလုပ်ငန်းများ၌ အတွေ့အကြုံရှိသည့် လျှပ်စစ်စစ်ဆေးရေးဌာနမှ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးရေးဝန်ထမ်းများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်