Jul 28, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
Jul 28, 2021
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အများပြည်သူရုံးပိတ်ရက်များတွင် ပြတ်လပ်မှုမရှိစေရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့်် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်သည့် တရုတ်နိုင်ငံဘက်မျက်နှာစာမှ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ် နှင့် ထိုင်း နိုင်ငံဘက် မျက်နှာစာမှ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မောတောင်၊ ထီးခီးတို့မှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိပါသည်။
Jul 28, 2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးတွင် အခက်အခဲများရင်ဆိုင်ရလျက်ရှိပြီး ကုန်ထုတ်လုပ်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စား၍ကုန်သည့်ပစ္စည်း၊ သုံး၍ကုန်သည့်ပစ္စည်း၊ သောက်၍ကုန်သည့်ပစ္စည်း စသည့်စားသောက်သုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကန့်သတ်မှုများ ပြုလုပ်မထားကြောင်း၊ စားရေးသည်အဓိကဖြစ်၍ အခက်အခဲမရှိအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ individual လုပ်ကိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို အဆက်မပြတ်လုပ်ကိုင်ကြရန် လိုကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့်ပတ်သက်သည့် လိုက်နာရမည့်အသိပေးချက်။ သတိပေးချက်များကိုလည်း ပြည်သူများ သိရှိစေရန်၊ လိုက်နာစေရန် မကြာခဏ ပြောဆိုသတိပေးနေရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
Jul 28, 2021
အကြမ်းဖက်အဖျက်သမားအချို့ ခိုအောင်းကျန်ရှိနေသေးသည့် ဒေသအနည်းငယ်တွင် ဒေသခံပြည်သူများအကြား စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားနေကြရကြောင်းကြားသိရသည်။ လက်နက်ကိုင် အဖွဲ့အစည်းအချို့၏သများသို့သွားရောက်၍ ဖောက်ခွဲဖျက်ဆီးရေး သင်တန်း၊ စစ်သင်တန်း၊ အဖျက်အမှောင့်သင်တန်းများရက်ကို တက်ရောက်ခဲ့ကြပြီး ပြန်လည်ခိုးဝင်လာကြသူများ၊ ပြစ်မှုရာဇဝင်ရှိသူ ထောင်ထွက်များအပါအဝင် အစွန်းရောက်စိတ်ဓာတ်ရှိကြသည့် အကြမ်းဖက်သမားတို့က အမည်အမျိုးမျိုးခံ၍ အဖွဲ့အမျိုးမျိုးဖွဲ့ကာ အပြစ်မဲ့ပြည်သူများအား စွပ်စွဲသတ်ဖြတ်ခြင်းအပါအဝင် အကြမ်းဖက် လုပ်ရပ်များကို လုပ်ကိုင်နေကြသည့် မြို့ရွာဒေသများတွင် ပြည်သူများ ကျီးလန့်စာစား အထိတ်တလန့် ဖြစ်နေကြရခြင်းဖြစ်သည်။
Jul 27, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Jul 27, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၃)သန်းအား နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဦးတည်အုပ်စုလူဦးရေနှင့် ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများကို အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် သတ်မှတ်အအေးလမ်းကြောင်းစံချိန်စံညွန်းများအတိုင်း အချိန် နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးလျက်ရှိသည်။
Jul 27, 2021
(၂၆-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၇-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း(၁၃,၆၅၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာCOVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၄,၉၆၄)ဦးတွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း(၃,၁၀၂,၆၈၈)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၇၉,၁၁၉) ဦး ရှိပြီ ဖြစ်ပါသည်။