Jul 27, 2021
အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (21st ASEAN Senior Officials Meeting on Transnational Crime - 21st SOMTC) ကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့တွင် ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပသည်။
Jul 27, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်းသယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Jul 27, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲတွင် မအူကုန်း ဘော်လီဘော အားကစားခန်းမ၌ သက်ဆိုင်ရာကော်မတီဝင်၊ ဌာနမှူးများ၊ စင်တာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုသရေး လုပ်ငန်းများ ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်က လိုအပ်သည်များ မှာကြားသည်။
Jul 27, 2021
လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jul 27, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ ရုံးပိတ်ရက်ရှည်ကာလအတွင်းနေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့ စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂၆-၇-၂၀၂၁ ရက်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၈ဝ မှ Oxygen Generator / Oxygen Concentrator ၃၁၈၂ ခု၊ Oximeter ၂၃၅၅၇ ခု၊ Oxygen Regulator ၁၀၃၂ ၊ Thermometer ၁၀၂၀၊ Test Kit ၅၀၀၀၊ Remdesivir
Jul 27, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိရာ ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Jul 27, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Jul 27, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက် များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအဆင်ပြေစေရေး အတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်လျက်ရှိသည်။
Jul 27, 2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ဇူလိုင် ၄ ရက်မှ ၂၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း ၆၅၆ ဦး ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရန် ရမည်းသင်းခရိုင် ကုသရေးဦးစီးဌာန အထွေထွေရောဂါအထူးကု သမားတော် ဒေါက်တာ စိုးထွဋ်ခေါင်အား ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက သွားရောက်တွေ့ဆုံမေးမြန်း ထားပါသည်။
Jul 26, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ