Skip to main content

Jun 02, 2021

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ အခြေခံပညာ ကျောင်းများကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာသင်ကြားမှုများ ရပ်နားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ကျောင်းများကို နိုင်ငံတော်က ယနေ့ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ စတင်ပညာသင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ လက်လုပ်ရီမုမိုင်းထောင်နေစဉ် ပေါက်ကွဲမှုကြောင့် အကြမ်းဖက်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော်ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖမ်းဆီးထိန်းသိမ်း၍ လိုအပ်သလို အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

တစ်ပါးသူတို့အား ချီးမြှင့်ခြင်းကို သင်္ဂဟတရားဟုခေါ်သည်။ ဤသင်္ဂဟတရား ထွန်းကားမှ လောကကြီးသည် ငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ အခြေအနေ အားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာ၌ ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော တရားများ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 02, 2021

ဇွန် (၁) ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည်။ အဖြူနှင့်အစိမ်း ကျောင်းဝတ်စုံ ကလေးများဝတ်ဆင်၍ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ကျောင်းတက်လာကြသည့် ကလေးငယ်များ၏ ပုံရိပ်များမှာ အပြစ်ကင်းစင် ချစ်ခင်ဖွယ်အတိ ဖြစ်သည်။ ပြီးခဲ့သည့် စာသင်နှစ်တွင် အသက်ငါးနှစ်ပြည့်သော်လည်း ကျောင်းမတက်ခဲ့ရသည့် ကလေးများ၊ ယခုနှစ်တွင်မှစတင်၍ ကျောင်းတက်ရသည့်ကလေးများ၊ ကိုဗစ်- ၁၉ ကြောင့် စာသင်နှစ်တစ်နှစ် ဆုံးရှုံးခဲ့ရသည့် ကလေးများ စသည့်ကျောင်းသူကျောင်းသားကလေးများအားလုံး ပထမဆုံး ကျောင်းတက်ရက်တွင် ရွှင်လန်းတက်ကြွနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် မွန်ပြည်နယ်၊ ပေါင်မြို့ နယ်၊ သဲဖြူကုန်းကျေးရွာရှိ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၊ ပဒုမ္မာဆပ်ပြာစက်ရုံ(ပေါင်မြို့နယ်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်