Jul 21, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီခွဲတွင် အမရပူရမြို့နယ် မြစ်ငယ်ဘူတာ၌ ရန်ကုန်မြို့ မလွှကုန်းဘူတာမှ မြစ်ငယ်ဘူတာသို့ ဆိုက်ရောက်လာသည့်
Jul 21, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကို ပြင်ဆင် ဆောင်ရွက် လျက်ရှိသည်။
Jul 21, 2021
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့ ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာမင်းနိုင်ကျော်အား ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ဇူလိုင်လ ၁၇ ရက် နေ့က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
Jul 21, 2021
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ ဆေးမှူးများ၊ သူနာပြုများ ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၇၃၁၁၄ ဦးနှင့် အတွင်းလူနာပေါင်း ၇၉၄၅၃ ဦးတို့ကို ကုသပေးနိုင် ခဲ့သည်။
Jul 21, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Jul 21, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ သတင်းမီဒီယာများက မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-
Jul 21, 2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက စစ်တွေတက္ကသိုလ် (အဟောင်း) Quarantine Center တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုအားပေးသည်။
Jul 21, 2021
ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇသစ်ဖြင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ အသက်ဇီဝိန် တို့ကို နုတ်ယူခြိမ်းခြောက် နေဆဲဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်ရှိ ပြည်သူသန်းပေါင်း နှစ်ရာနီးပါး ရောဂါကူးစက်ခံနေရသည်။ ရောဂါကြောင့် ကမ္ဘာ့ပြည်သူလေးသန်းကျဉ် အသက်ခန္ဓာစွန့်လွှတ်လိုက်ရပြီဖြစ်သည်။ ရောဂါဖြစ်ပွားမှုသည် ယခင်ထက် ၁၀ ရာခိုင်နှုန်းတိုးနေပြီး သေဆုံးသူမှာသုံးရာခိုင်နှုန်းတက်နေသည်။ ပြည်သူအားလုံးမှာ သတိကြီးကြီးထား၍ ရောဂါမကူးစက်အောင် ရှောင်ရှားကြရမည် ဖြစ်သည်။
Jul 21, 2021
တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် လတ်တလော အရေးကြီးဆုံး ဆောင်ရွက်ရမည့်အလုပ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုကို ဖြတ်တောက်ထိန်းချုပ်ရေးပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကကိယလှိုင်း ဝင်ရောက်ချိန်မှစ၍ နေ့စဉ်မြင့်တက်လာနေသည့် ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်မှာ ရာဂဏန်းမှသည် ထောင် ဂဏန်းသို့ ရောက်ရှိလာပြီး ယခုအခါ ငါးထောင်ကျော်အထိ ဖြစ်နေ သည်။ ဓာတ်ခွဲနမူနာ စစ်ဆေးမှုများ ယခုထက်ပို၍ များများပြုလုပ် နိုင်လျှင် အတည်ပြုလူနာများ ယခုထက်ပို၍ တွေ့ရှိမည်မှာ အသေ အချာ ပင်ဖြစ်သည်။
Jul 20, 2021
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အရေးပေါ်ကုသရာတွင်အသုံးပြုရန်အတွက် National Strategic Investment Corporation Co.Ltd(NSIC) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လှူဒါန်းသည့် Remdesivir ကုသဆေးအလုံးပေါင်း သုံးသောင်းသည် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ယနေ့ညပိုင်းတွင် ရောက်ရှိလာသည်။