နေပြည်တော် ဇူလိုင် ၂၀
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကို ပြင်ဆင် ဆောင်ရွက် လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက် ပေးနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေ မှုများကိုယနေ့ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်များမှ စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌများ၊ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာ များနှင့် အလှူငွေများ ပေးအပ် ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုသို့ ပြင်ဆင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည ၇ နာရီထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ၁၁၅ ဦးနှင့် အမျိုးသမီး ၁၂၇ ဦး စုစုပေါင်း ၂၄၂ ဦးကိုလည်းကောင်း၊ ဥတ္တရ သီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၀ ကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၃၀၉ ဦးနှင့် အမျိုးသမီး ၁၉၆ ဦး စုစုပေါင်း ၅၀၅ ဦးကို လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၆၀ နှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၇၀ ကိုလည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၃၅ ဦးကို လည်းကောင်း အသီးသီးလက်ခံ ထားရှိကြောင်းနှင့် ယနေ့တွင် ကျန်းမာရေးကောင်းမွန်လာသည့် စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း အမျိုး သား ၅၆ ဦး၊ အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၇၉ဦးတို့ကို သက်ဆိုင်ရာ ရပ်ကွက်များသို့ ပို့ဆောင်ပေးနိုင် ခဲ့ကြောင်း သိရသည်။
အထက်ပါ စောင့်ကြည့်လူနာ များနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး အဖွဲ့ များနှင့် တာဝန်ရှိသူများက ကူညီဆောင် ရွက်ပေးလျက်ရှိသည်။
သတင်းစဉ်