နေပြည်တော် ဇူလိုင် ၂၀
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ ဆေးမှူးများ၊ သူနာပြုများ ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၇၃၁၁၄ ဦးနှင့် အတွင်းလူနာပေါင်း ၇၉၄၅၃ ဦးတို့ကို ကုသပေးနိုင် ခဲ့သည်။
၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၂၆၆၂ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၆၇၈၀၊ စုစုပေါင်း ၁၉၄၄၂ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာ များကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၆၄၈၅ ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၉၁၁၇ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေး နိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေး ငယ် ၁၅၆၀၂ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကဏ္ဍမြင့်မားရေးတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်