Aug 19, 2021
နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အကျုံးဝင်သူ များကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုရုံးပိတ်ရက် သတ်မှတ်ကာလ များတွင်လည်း ပန်းခင်းစီမံချက်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအဖြစ် ဝန်ကြီး ဌာနမှဆောင်ရွက် ရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်နှင့် မီဒီယာဖြင့် ပြည်သူများသို့ အသိပေး ဆောင်ရွက်ရန်စသည့် အပိုင်း (၃) ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
Aug 19, 2021
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (SEACEN Centre) က ကြီးမှူးကျင်းပသည့် SEACEN Virtual High-Level Seminar and Meeting of Deputy Governors of Financial Stability and Supervision ဒုတိယဥက္ကဋ္ဌများ၏ အစည်း အဝေးကို ယမန်နေ့ နံနက် (၇) နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Aug 19, 2021
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ််အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 19, 2021
သရက်မြို့စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့်ထွက်ပြေးဆိုသည့် ဖြစ်စဉ် နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းခဲ့ရာ “သရက်မြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်မတော်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေးသွားတယ်ဆိုပြီးတော့ Mizzima သတင်းဌာနကနေ ဖော်ပြထားတာကို တွေ့ရပါတယ် ၊ ဒါ့အပြင် ထားဝယ်မြို့တွင် တပ်မတော်သား ၂၅ ဦး လက်နက် အပြည့်အစုံဖြင့် ထွက်ပြေး တယ်ဆိုပြီး Khit Thit Media ကလည်း ဖော်ပြနေပါတယ်။ အဲဒီသတင်းတွေက သတင်း အမှားပဲဖြစ်ပါတယ်။ လုံးဝမရှိပါဘူး။ အကြမ်းဖက်သမားတွေ ဖမ်းဆီး ထိန်းသိမ်းခံရမှုများနေပြီး ထွက်ပြေးတိမ်းရှောင်နေရတာတွေ များပြားနေတဲ့အတွက် အကြမ်းဖက်သမားတွေ စိတ်ဓါတ် ပြန်တက်ကြွလာအောင် ဝါဒဖြန့်ထုတ်ပြန်ပေးနေတဲ့ သတင်း တွေဖြစ်ပါတယ်။ အဲလိုသတင်းမျိုး တွေကို ဒီသတင်းဌာနတွေကနေ မကြာခဏဆိုသလို မဟုတ်မမှန် ရေးသားဖော်ပြနေကြတာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ဒီသတင်းဌာနတွေရဲ့ သတင်းကို မယုံကြဖို့ သတင်းပေး လိုပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Aug 19, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ လုံးစန့်ကျေးရွာအနီး၌ မြင့်နိုင် မောင်းနှင်ပြီး ကျော်လှ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၇၀၀ နှင့် ဓားမြှောင်တစ်ချောင်းတို့ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် ဘားအံမြို့နယ် ဘားအံ-အိန္ဒုသွားကားလမ်း ကော့ခမိတ်ကျေးရွာ ကော့ခမိတ်တောင်ကြားလမ်း၌ ထိန်လင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း။
Aug 19, 2021
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ၁၆ မိုင် စစ်ဆေးရေးစခန်း ၌ ငွေကျပ်သိန်း ၃၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 19, 2021
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ် စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက Zoom Meeting ဖြင့် ကျင်းပသည်။
Aug 19, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် ပိတ်ရက်မရှိ စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 19, 2021
အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့် မပြုတော့ဘဲ တစ်ဝက်တစ်ပျက် ကုန်ချော (Semi-finished) နှင့် ကုန်ချော (Finished) များကိုသာ ပြည်ပတင်ပို့ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ပြောကြားသည်။
Aug 19, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက် ရှိသည်။