Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ သတင်းမီဒီယာများက မေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ သတင်းမီဒီယာများက မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-

 

မေး ။ ။ မြောက်ဒဂုံမှာ ကိုဗစ်လူနာဟန်ဆောင် ပြီး စေတနာ့ဝန်ထမ်းဆရာဝန်ငါးဦးကို ဖမ်းသွားတယ်။ အောက်ဆီဂျင်အိုးနှင့် ဆေးပစ္စည်း တွေကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သိမ်းသွား တယ်လို့ သတင်းတွေတက်နေပါတယ်။ အပြင်မှာ လည်း အဲဒီသတင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်နေပါတယ်။ အဲဒီကိစ္စ မှန် မမှန် ဘာကြောင့် ဖမ်းရတယ်ဆိုတဲ့အဖြစ်မှန်ကို သတင်းထုတ်ပေး စေချင်ပါတယ်။

 

ဖြေ ။ ။ မြောက်ဒဂုံရှိ စေတနာ့ဝန်ထမ်း ဆေးကုသပေးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ ပြည်သူအကျိုးပြုဆရာဝန်နဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ကို လုံခြုံရေးအဖွဲ့များက ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှာ ဖမ်းဆီးပြီး ငွေကျပ် ၂ သိန်းတန်ဖိုးရှိဆေးဝါများနဲ့ အောက်ဆီဂျင်အိုးများ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခံရကြောင်း အဖွဲ့ ခေါင်းဆောင်ဦးချမ်းလေးရဲ့ ပြောကြားချက်အရဆိုပြီး BBC Burmese နဲ့ Myanmar Now သတင်းဌာနများ က ထုတ်ပြန်လျက်ရှိပါတယ်။

 

အဆိုပါ သတင်းကအမှန်တကယ်ဖြစ်ပွားမှုမရှိတဲ့ သတင်းဖြစ်ပြီး မြောက်ဒဂုံမှာ အဆိုပါ CDM ဆရာဝန်၊ စေတနာ့ဝန်ထမ်းများ ဖမ်းဆီးထားခြင်း မရှိပါ။ ဘာရည်ရွယ်ချက်နဲ့ ပြည်သူလူထုအတွင်း ယခုလို မဟုတ်မမှန်လုပ်ကြံသတင်းတွေ ထုတ်လွှင့်နေတာကို စိစစ်လျက်ရှိပါတယ်။ CDM ဆရာဝန်များ၊ CDM ကျန်းမာရေး ဝန်ထမ်းများအနေနဲ့ ပြည်သူလူထု အတွင်းကိုဗစ်-၁၉ရောဂါဖြစ်ပွားနေတဲ့ လူနာတွေကို ဆေးဖိုးဝါးခ အဆမတန် တောင်းယူပြီး နေအိမ်တွေမှာ လျှို့ဝှက်ကုသပေးနေကြောင်း၊ လူမှုကွန်ရက် စာမျက်နှာများကတစ်ဆင့် လူနာများ အား မိမိအစီအစဉ်နဲ့ ဆေးကုသနိုင်အောင် ညွှန်ပြမှုများကြောင့် လူနာများမှာ အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေကြကြောင်း စတဲ့သတင်း တွေ ပြည်သူလူထုအတွင်း ပျံ့နှံ့လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

 

မေး ။ ။ NLD ပါတီက ဦးဉာဏ်ဝင်းဟာ ကိုဗစ်နဲ့ ဆုံးသွားပြီလို့ သတင်းထွက်လာပါ တယ်။ မြန်မြန်အတည်ပြုပေးစေလိုပါတယ်။ အလေး ထားပြီး ပြန်ကြားပေးစေလိုပါတယ်။

 

ဖြေ ။ ။ NLD ပါတီမှ ဦးဉာဏ်ဝင်းဟာ ဆေး ကုသမှုခံယူနေရာမှ ယခင်ရောဂါအခံ ဖြစ်တဲ့ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတို့နဲ့ ယနေ့ နံနက်၉နာရီမှာ အင်းစိန်ထောင်မှာသေဆုံးခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်တွေမှာ ကိုဗစ်၁၉ ရောဂါဖြစ်ပွားသူ အကျဉ်းသား၊ အကျဉ်းသူ ၃၇၅ ဦးရှိခဲ့ပြီး အကျဉ်းထောင်များအလိုက် အကျဉ်းထောင် ဆေးရုံ၊ ဆေးခန်းများနဲ့ ကိုဗစ်-၁၉ ရောဂါ Positive Center များ သီးခြားထားရှိ ဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါပျောက်ကင်းတဲ့အထိ ကုသပေးလျက် ရှိပါတယ်။

 

ယနေ့အထိ ကိုဗစ်- ၁၉ ရောဂါ သက်သာ ပျောက်ကင်းပြီး အကျဉ်းထောင်အလိုက် ဆေးရုံမှ ဆင်းရသူ ၁၅၂ ဦး၊ ဆက်လက်ကုသမှုခံယူဆဲ ၂၀၈ ဦးဖြစ်ပြီး ယနေ့နံနက် ဦးဉာဏ်ဝင်း သေဆုံးတဲ့ အချိန်ထိ သေဆုံးသူ ၆ ဦးသာ ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ပြီး ရောဂါပျောက်ကင်း၍ လွတ်ရက် စေ့ပြီး လွတ်မြောက်ခဲ့သူ ၉ ဦး ရှိပါတယ်။ ရောဂါ ဖြစ်ပွားနေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိတယ်။

 

သတင်းစဉ်