စစ်တွေ ဇူလိုင် ၂၀
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက စစ်တွေတက္ကသိုလ် (အဟောင်း) Quarantine Center တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ( နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်း များနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက Quarantine Center အတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်း ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေး သည်။
စစ်တွေတက္ကသိုလ်(အဟောင်း) Quarantine Center တွင် (Stay at Home) သတ်မှတ်ထားသည့် မြို့နယ်များမှ စစ်တွေမြို့သို့ လာရောက်သူ ၁၅၀ ထားရှိနိုင်ရန် စီစဉ်ထားပြီး ထို့ပြင်နေအိမ်တွင် နေထိုင်ရေး (Stay at Home) နေရာများမှ စစ်တွေမြို့ သို့ ရောက်ရှိလာကြသူများအား ထားရှိနိုင်ရန် Quarantine Center အဖြစ် ခိုင်သဇင်ပန်းခြံ ခန်းမ၊ လောကာနန္ဒာစေတီတော်အတွင်းမှ သာသနာ့ ဗိမာန်တော်၊ ရေချမ်းပြင်ကျေးရွာအနီးတွင် ရှိသည့် အားကစားနှင့် ကာယသိပ္ပံကျောင်းနှင့် ပြည်နယ် လွှတ်တော် အဆောက်အအုံတို့ကို အရန်အသင့် စီစဉ်ထား ကြောင်း သိရသည်။
သတင်းစဉ်