Skip to main content

ဒွါရသုံးပေါက်ကို ကောင်းစွာစောင့်ရှောက်

 

တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် လတ်တလော အရေးကြီးဆုံး ဆောင်ရွက်ရမည့်အလုပ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုကို ဖြတ်တောက်ထိန်းချုပ်ရေးပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကကိယလှိုင်း ဝင်ရောက်ချိန်မှစ၍ နေ့စဉ်မြင့်တက်လာနေသည့် ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်မှာ ရာဂဏန်းမှသည် ထောင် ဂဏန်းသို့ ရောက်ရှိလာပြီး ယခုအခါ ငါးထောင်ကျော်အထိ ဖြစ်နေ သည်။ ဓာတ်ခွဲနမူနာ စစ်ဆေးမှုများ ယခုထက်ပို၍ များများပြုလုပ် နိုင်လျှင် အတည်ပြုလူနာများ ယခုထက်ပို၍ တွေ့ရှိမည်မှာ အသေ အချာ ပင်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ် ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်ရှည် ကိုးရက်သက်မှက်ထားရာ အများပြည်သူတို့အိမ်မှာနေရင်း မိမိနှင့် ကကွ မိသားစုတို့၏ ကျန်းမာရေးကို စောင့်ရှောက်နိုင်ကြရန်လိုသည်။ ကျန်းမာရေးစောင့်ရှောက်ရန်ဟုဆိုရာတွင် လူတိုင်းကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်ကြစေရန် ဆိုလိုရင်းဖြစ်သည်။ ခန္ဓာကိုယ်ကျန်းမာရေး အတွက် ကိုယ်ခံအားကောင်း ဖို့လိုသလို စိတ်ဓာတ်ကြံ့ခိုင်နိုင်ရေး အတွက် ကြုံလာသမျှ အရေးတို့အပေါ်တွင် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းနိုင်ဖို့၊ မတုန်လှုပ်ဖို့လိုသည်။ ကပ်ရောဂါ ကျရောက်နေသည့် ကာလအတွင်း တစ်ကိုယ်ရည်ဖြစ်စေ၊ မိသားစုနှင့်ဖြစ်စေ မည်သို့ နေရမည်၊ မည်သို့ စားရမည်၊ မည်သည်တို့ကို ပြုလုပ်ရမည်၊ မည်သည် တို့ကို ရှောင်ရှားရမည် စသည်တို့ကို မီဒီယာနည်းလမ်းမျိုးစုံဖြင့် ပြည်သူတို့သိရှိစေရန် ပညာပေးလျက်ရှိရာ ကောင်းစွာလေ့လာ မှတ်သားပြီး လက်တွေ့ကျကျ ကျင့်သုံးခြင်းအားဖြင့် ကမ္ဘာ့ကပ်ရောဂါ ကို ရင်ဆိုင်နိုင်ကြမည် ဖြစ်သည်။

 

ကူးစက်မြန်ပြီး ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါပိုးတို့ လူသား တို့၏ ခန္ဓာကိုယ်ကို မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှ ဝင်ရောက်ခြင်း ဖြစ်ရာ အဆိုပါ ဒွါရသုံးပေါက်ကို သတိဖြင့် စောင့်ရှောက်ပိတ်ဆို့နိုင် လျှင် ကူးစက်ရောဂါဘေးမှ ကင်းဝေးပြီဟု ဆိုနိုင်သည်။ နှာချေသူ၊ ချောင်းဆိုးသူ၊ စကားကျယ်လောင်စွာ ပြောဆိုသူ၊ သီချင်းဆိုသူတို့ ကြောင့် ကိုရိုနာဗိုင်းရပ်စ်တို့ကလေထုထဲသို့ အခိုက်အတန့် ရောက်ရှိ လာသည်။ လူများများ စုဝေးနေကြသည့်နေရာ မျိုးတွင် လေထုထဲမှာ ပိုးများများလွင့်မျောနေနိုင်သည်။ လေထဲမှ ရောဂါပိုးတို့ မျက်စိထဲ ဝင်လျှင်၊ နှာခေါင်း၊ ပါးစပ်ထဲဝင်လျှင် ရောဂါကူးစက်ခံရပြီ ဖြစ်သည်။ ထို့ကြောင့် လူစုလူဝေးရှောင်ရန်၊ အိမ်ပြင်ထွက်ပါက ပါးစပ်နှာခေါင်း စည်းကို လုံခြုံစွာကပ်ရန်၊ မျက်နှာအကောကပ်ဆင်ရန် နှိုးဆော်နေ ခြင်းဖြစ်သည်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ထဲသို့ ရောဂါပိုးကို သယ်ဆောင်ပေးသည့် နောက်ထပ်တရားခံမှာ မိမိကိုယ်တိုင်၏ လက်ပင်ဖြစ် သည်။ လေထုထဲမှ ဗိုင်းရပ်စ်ပိုးတို့က အရာဝတ္ထုများပေါ် သို့ ကျရောက်ခြင်း၊ ရောဂါပိုးသယ်ဆောင်ထားသူတို့ ကိုင်တွယ် ထိတွေ့ခြင်းတို့ကြောင့်ကိုဗစ်-၁၉ ဗိုင်းရပ်စ်တို့မှာ အရာဝတ္ထုများ၏ မျက်နှာပြင်များပေါ်မှာ ရှိနေတတ်သည်။ ထိုအရာဝတ္ထုများကို ကိုင်တွယ်ထိတွေ့ခြင်းဖြင့် ရောဂါပိုးကို မိမိလက်ပေါ်ရောက်လာသည်။ ထိုလက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ ထပ်မံထိတွေ့သည့်အခါ ရောဂါပိုးတို့ ခန္ဓာကိုယ်ထဲ ဝင်ခွင့်ရသွားသည်။ မကြာမကြာ ကိုယ့်လက်ကိုယ်ဆေးကြောခြင်းဖြင့် ရောဂါပိုးတို့ ကင်းစင်နေစေဖို့ လိုသည်။ အလွန်လွယ်ကူရှင်း လင်းသော နည်းလမ်းကလေး အနည်းငယ်မျှဖြင့် ကပ်ရောဂါဘေးဆိုးကို ရှောင်ကြဉ်နိုင်ရန်မှာ သတိကလေးကို မပြတ်ကပ်ထားကြရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု အရှိန်အဟုန်မြင့်တက်လာ သည့်အတွက်ဖြစ်ပေါ်လာသည့် အခက်အခဲ အကျပ်အတည်းများကို မိမိတို့နိုင်ငံမှာသာမက အခြားနိုင်ငံတို့တွင်လည်း တွေ့နေကြရ သည်။ ကမ္ဘာ့ကပ်ရောဂါဖြစ် သည့်အလျောက် နိုင်ငံတိုင်းမှာ ရင်ဆိုင်ကြရသည့် ပြဿနာများက အတူတူ။ ဆေးရုံခုတင် ဆေးဝါး၊ အောက်ဆီဂျင်၊ ဆရာဝန်၊ သူနာပြု စသည့် အခက်အခဲများပင် ဖြစ်သည်။ ရောဂါမဖြစ်သောသူတို့အဖို့ မိမိကိုယ်ကို ကောင်းစွာ ကာကွယ် စောင့်ရှောက်ကြရာတွင် အထက်မှာဆိုခဲ့ပြီးသည့်အတိုင်း မျက်စိ၊ နှာခေါင်း၊ ပါးစပ်တည်းဟူသော ဒွါရသုံးပေါက်မှ သေမင်း  ကမန် ရန်သူဗိုင်းရပ်စ်တို့ ဝင်ရောက်ခွင့်မရရေးသည်သာ အဓိကဟု မျှဝေလိုက်ရပါကြောင်း။ ။