နေပြည်တော် ဇူလိုင် ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီခွဲတွင် အမရပူရမြို့နယ် မြစ်ငယ်ဘူတာ၌ ရန်ကုန်မြို့ မလွှကုန်းဘူတာမှ မြစ်ငယ်ဘူတာသို့ ဆိုက်ရောက်လာသည့် အမှတ်(923-B) အဆန်ရထားကို စစ်ဆေး ရှာဖွေရာ တွဲအမှတ် GBHV-40768 တွင် ပဲခူးဘူတာမှ လူမဲ့တန်ဆာ ဖြင့် တင်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ် အလေးချိန် ကီလို ၁၄၉၅၀ ကို လည်းကောင်း၊ အလားတူ ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ မစုစန္ဒီဝင်း မောင်းနှင်ပြီး မဘူးဘ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား