Jul 22, 2021
မြင်းခြံမြို့နယ် စက်မှုဇုန်ရှိ အောက်ဆီဂျင်ဖြည့်ပေးနေသော ဝပ်ရှော့ပိုင်ရှင် အပါအဝင် လူခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် လာရောက်ဖမ်းဆီးသွားသည့် သတင်းအား RFA က ဖြစ်စဉ် အမှန်စိစစ်ခြင်း မရှိဘဲ ကျင့်ဝတ်မဲ့စွာ ထုတ်ပြန်ထား ကြောင်းသိရသည်။
Jul 22, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တစ်နှစ်အကြာ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး ၂၀၂၁ အထူးဗီဒီယို ကွန်ဖရင့် Special VIDEO Conference of the 2021 ASEAN Health Ministers on “ASEAN COVID-19 Response after One Year” ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှ တက်ရောက်ဆွေးနွေးသည်။
Jul 22, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးရောက်ရှိ နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်း ခွင့်ပြုလျက်ရှိသည်။
Jul 22, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် နေပြည်တော်ကောင်စီ နယ်မြေ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့များ၌
Jul 22, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jul 22, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းသည် ဇွန်လလယ်မှ စတင်ခဲ့ကာ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့၏ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများကို သုတေသနပြု နှိုင်းယှဉ်ရာတွင် တတိယလှိုင်းတွင် ကူးစက်ဖြစ်ပွားမှုနှုန်းသည် များပြားမြန်ဆန်ပြီး ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
Jul 22, 2021
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သရုပ်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်(ရန်ကုန်)၊စစ်ရေးပြကွင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဉက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြတ်သူနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jul 22, 2021
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။
Jul 22, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ပေးပို့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို နေပြည်တော်လေဆိပ်မှ ကလေးမြို့ သို့လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သော အောက်ဆီဂျင်စက်ပစ္စည်း များကို ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဟားခါး၊ မင်းတပ်၊ ခန္တီး၊ သံတွဲမြို့များသို့ လည်းကောင်း ယနေ့နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်များဖြင့် အသီးသီး ပို့ဆောင်ပေးခဲ့သည်။
Jul 22, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။