Jan 16, 2020
နေပြည်တော် ဇန်နဝါရီ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Xinhua သတင်းဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr.Liu Siyang နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 16, 2020
မန္တလေး ဇန်နဝါရီ ၁၆
(၁၈)ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ ကန်တော်ကြီးလူထု အပန်းဖြေဉယျာဉ်တွင် ကျင်းပပြုလုပ်ရာ လာရောက်လေ့လာသူများအား သစ်ပင်/ပန်းပင်မျိုးစုံ ပျိုးပင်ပေါင်းသုံးသောင်းအား အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
Jan 16, 2020
မော်လမြိုင် ဇန်နဝါရီ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံကိန်းမြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမှာစကားပြောကြားသည်။
Jan 16, 2020
မြိတ် ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲ စွမ်းရည်မြှင့် ရက်တိုသင်တန်းကို မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ယနေ့ နံနက်(၉)နာရီ က ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်နှင့် International IDEA တို့မှ ပူးပေါင်းစီစဉ်မှုဖြင့် မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
Jan 16, 2020
ထားဝယ် ဇန်နဝါရီ ၁၆
အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (တနင်္သာရီ)နှင့် မျိုးသိန်းအီလက်ထရောနစ် ကုမ္ပဏီ(TCL)တို့ ပူးပေါင်း၍ ပြည်သူများ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မော်တော် ဆိုင်ကယ်စီးနင်းသူများအား ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နိဗ္ဗာန်လမ်း၊ ကမ္ဘောဇ ဘဏ် အနီး၌ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Jan 16, 2020
တောင်ကြီး ဇန်နဝါရီ ၁၆
Jan 16, 2020
မန္တလေး ဇန်နဝါရီ ၁၆
Jan 16, 2020
လွိုင်ကော် ဇန်နဝါရီ ၁၆
ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်း အမှတ်အဖြစ် ကယားပြည်နယ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းချီးမြှင့် အပ်နှင်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချီးမြှင့်သော ဂုဏ်ပြုဆုချီးမြှင့်အပ်နှင်းခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား အား ယမန်နေ့ ည ၆ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ် ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 16, 2020
၂၀၂၀ ပြည့်နှစ် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲအား ၁၉-၁-၂၀၂၀ ရက်နေ့ တနင်္ဂနွေနေ့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ သုဝဏ္ဏဘူမိ Event Park မှ စတင် တာလွှတ်မည်ဖြစ်ရာ ပြိုင်ပွဲ အမျိုးအစား အလိုက် အောက်ပါလမ်းကြောင်းများအား ပြေးလမ်းကြောင်းများအဖြစ် အသုံးပြု ဆောင်ရွက် မည်ဖြစ်ပါသဖြင့် ပြိုင်ပွဲကျင်းပသည့်နေ့၊ နံနက် (၀၅၀၀) နာရီအချိန်မှစ၍ ပြိုင်ပွဲပြီးဆုံးသည့် အချိန်ထိ လမ်းများအား ခေတ္တ လမ်းလွှဲ/လမ်းပိတ်ထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်-
လမ်းကြောင်းများ
(၁) ဝေဇယန္တာလမ်း(လေးထောင့်ကန်လမ်းနှင့်သံသုမာလမ်းကြား)
Jan 16, 2020
ထားဝယ် ဇန်နဝါရီ ၁၆
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံရုံး၊ ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) တို့ပူးပေါင်း ကျင်းပသော လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် တိုင်းဒေသကြီးအဆင့် မိတ်ဆက်ခြင်းနှင့် နည်းပြသင်တန်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
Jan 16, 2020
ကော့သောင်း ဇန်နဝါရီ ၁၆
နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် The International Republican Institute (IRI) မှ တာဝန်ယူပြုလုပ်ကျင်းပသည့် ရွှေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ဂါးဒင်းဟိုတယ်ခန်းမတွင် ကျင်းပရာ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ကော့သောင်းခရိုင်အတွင်းရှိ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့စည်းများ ဖိတ်ကြားထားသူများ တက်ရောက်သည်။
Jan 16, 2020
ညောင်ဦး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ဟောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် (၁၀၈၁) ဂူဘုရားအား ဇန်နဝါရီ ၁၆ရက်နေ့မှစတင်ကာ နံရံဆေးရေးပန်းချီများအား ကြံ့ခိုင်ထိန်းသိမ်းရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း က ပြောကြားသည်။
Jan 16, 2020
ယခုနှစ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံမှု နှစ်(၇၀)ပြည့်မြောက်သော အခါသမယဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်မည့် အချိန်အခါနှင့် တိုက်ဆိုင်လျက်ရှိရာ နှစ်နိုင်ငံခေါင်းဆောင်ကြီးများ အဆက်ဆက် စိုက်ထူခဲ့ကြသည့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ကို ထပ်လောင်းသက်သေပြုသကဲ့သို့ ရှိသည်။
Jan 16, 2020
လူ့ဘုံခန်းဝါ လူတို့ရွာတွင် လူသားတို့ကြား မဟုတ်မမှန်မှု၊ အဓမ္မမှုများ မပေါ်ပေါက်နိုင်စေရန်၊ အားကြီးသူက အားနည်းသူကို နိုင်ထက်စီးနင်း မလုပ်နိုင်ကြစေရန်၊ လူတိုင်း၏ ဘဝများကို ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံမှု ရှိနေကြစေရန်၊ လူတစ်ဦးက လူတစ်ဦးကို မတရားမပြုနိုင်စေရန်၊ မည်သို့သော လိမ်လည်လှည့်ဖြား အဓမ္မပြုမှုများကိုဖြစ်စေ ကာကွယ်တားဆီး နိုင်စေရန်၊ အားနည်းသူ နုနယ် သူများကို စောင့်ရှောက်နိုင်ရန် စသည် စသည့် တရားမျှတမှုအပေါ် အခြေခံသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့ကို ရေးဆွဲပြဋ္ဌာန်းထားရ၏။
Jan 16, 2020
မျက်မှောက်ကာလတွင် စိန်ခေါ်မှုများ၊ ပြဿနာများ၊ ပဋိပက္ခများ၊ မငြိမ်း ချမ်းမှုများဖြစ်ပေါ်နေခြင်းသည် အပြုသဘောဆောင်သောရှုမြင်မှု၊ အပြုသဘောဆောင်သော တွေးတောမှုနှင့် အပြုသဘောဆောင်သော စိတ်ခံစားမှုတို့နည်းပါးသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းကိစ္စ တစ်ခုခုကို ဆင်ခြင်တုံတရား၊ ဉာဏ်သတိဖြင့် ချဉ်းကပ်ကြည့်ပါမှ အပြု သဘောဆောင်သော ခံစားမှုအရည်အသွေးဖြစ်လာမည်။
Jan 16, 2020
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၂၀ ပြည့်နှစ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျင်းပပြုလုပ်သည့်
နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်)
Jan 16, 2020
ရန်ကုန် ဇန်နဝါရီ ၁၅
အင်္ဂလိပ်ဘာသာစာအုပ် တစ်သန်းကျော်ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် (The Big Bad Wolf ) ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza Myanmar Expo Hall ၌ ဇန်နဝါရီ ၁၀ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိရာ စာပေဝါသနာရှင်များနှင့် စာပေချစ်သူများ စိတ်ဝင်တစားဖြင့် လာရောက်လေ့လာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
Jan 16, 2020
မြန်မာ့အလင်း အယ်ဒီတာအာဘော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် အခါသမယ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်တော့မည် ဖြစ်သည်။ သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်မတိုင်မီ တစ်ရက်အလိုတွင် နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များဟု အမည်ပေးထား သော သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်ရေးသားသည့် ဆောင်းပါးကို သတင်းစာများတွင် ဖော်ပြထား သည်ကို တွေ့ရပါသည်။
Jan 15, 2020
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ခြင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ ၌ ကျင်းပခဲ့သည်။
Jan 15, 2020
ရန်ကုန် ဇန်နဝါရီ ၁၅
တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ပညာ ရှင်များ၏ “Think Tank Scholars Summit on Myanmar – China Relations in the New Era” ခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။