Skip to main content

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရန် အတွက် အစိုးရဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်း အဝေး

 

နေပြည်တော် ဧပြီ ၁၂

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကြုံတွေ့နေရသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရန် အတွက် အစိုးရဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်း  အဝေးကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပ သည်။

ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လာစေရေးသည် နိုင်ငံတော်အတွက် အရေးကြီးသော ဦးစား ပေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ အထူး သဖြင့် အာရှနှင့် ပစိဖိတ်ဒေသတွင်းနိုင်ငံများအပါ အဝင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံ့ စီးပွားရေး ပြန်လည်ထူထောင်နိုင်ရေးကို ရည်ရွယ်၍ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ် ခေါ်ဆောင်ရွက်လျက်ရှိပါ

ကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် မှုမှာ လွန်ခဲ့သောနှစ်က ၄၂ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီး ယခု၂၀၂၁ ခုနှစ်တွင် ၅-၁၀ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အတားအဆီးနှင့် စိန်ခေါ်မှု ဖြစ်စေသည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖြေရှင်းဆောင်ရွက်ရာတွင် အဖွဲ့အစည်း၊ ဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်ခြင်းထက် သက်ဆိုင်ရာ ဝန်ကြီးဌာနအားလုံးက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် နိုင်ငံ၏လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့ လာမည်ဖြစ်ပါကြောင်း။

အဓိကအခန်းကဏ္ဍမှပါဝင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် လက်ရှိ ရင်းနှီး မြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးခြင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာ သည့် အခက်အခဲများကို ယနေ့ အစည်းအဝေးတွင် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသွားကြရန် ဖြစ်ပါ

ကြောင်းနှင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်ပြီးစီးမှု များကို ပြန်လည်တင်ပြသွားကြရန် မှာကြားသည်။

ရှင်းလင်းတင်ပြ ထို့နောက်အစည်းအဝေးသို့တက်ရောက်လာကြ သူများက စက်ရုံ၊ အလုပ်ရုံ များမှ ဝန်ထမ်းများ၏ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ လုပ်သားများ လုံခြုံစိတ်ချစွာ လုပ်ငန်း ခွင်သို့ ပြန်လည်ဝင်ရောက် ရေးနှင့် စက်ရုံများ လုံခြုံစွာလည်ပတ်နိုင်ရေးကိစ္စ

များ၊ ဘဏ္ဍာရေးဆိုင်ရာနှင့် အလုပ်သမားရေးရာ  ကိစ္စရပ်များအပေါ် အကျယ်တဝင့် ဆွေးနွေး ကြပြီး မိမိတို့ဌာနအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က ဌာန အလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ  တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ  တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်