Skip to main content

၉-၄-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း

(ယမန်နေ့မှအဆက်) ၁၃။ ပထမဦးစွာ Voice Of MyanmartvOM) သတင်း ဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ( မဲလက်မှတ်များကို မည်သည့်နေရာတွင် ရိုက်နှိပ် ခဲ့ပါသလဲ။ မည်မျှရိုက်နှိပ်ခဲ့ပါသလဲ။ မည်သူတာဝန်ယူ လုပ်ခဲ့ပါ သလဲ။ တင်ဒါပေးခြင်းလား၊ ကော်မရှင်က လုပ်ဆောင်ခြင်းလားဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။ UEC ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရ | ၁၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆန္ဒမဲလက်မှတ်များနှင့် ပတ်သက် ပြီး ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ ကျင်းပပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ကြားဖြတ်ရွေးကောက်ပွဲအားလုံး၏ မဲလက်မှတ်များကို ပြန်ကြားရေး ဝန်ကြီးဌာန ကိုသာ အပ်နှံကြောင်း၊ မဲလက်မှတ်လုပ်ငန်းများက အရေးသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနကို အပ်နှံ ကြောင်း၊ အပ်နှံသည့်အရေအတွက်မှာ ၁၃၉၃၃၁၁၂ဝ အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ UEC ကလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်ရကြောင်း၊ ရိုက်နှိပ်သည့်အချိန်မှာ ရန်ကုန်နှင့် နေပြည်တော်တပ်ကုန်းတို့တွင် ရိုက်နှိပ် ကြောင်း၊ ရိုက်နှိပ်သည့်အချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ရေးအဖွဲ့များ၊ UEC က တာဝန်ရှိ သော ညွှန်ကြား ရေးမှူးအထက် ကိုယ်စားလှယ် တစ်ယောက်အပါအဝင် စုပေါင်းပြီး မှန်ကန်အောင် စိစစ်ခြင်းများ ရိုက်နှိပ်မှုများကို ဆောင်ရွက်ရကြောင်း၊ ထုတ်ပေးသည့်အချိန်တွင်လည်း ပူးပေါင်းပြီး ထုတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား သည်။ ၁၅။ Sankei Shimbun သတင်းဌာနမှ သတင်း ထောက် ဒေါက်တာဇော်သန်းက ပြီးခဲ့သည့်သတင်း စာရှင်း လင်းပွဲတွင် သတင်းထောက်တစ်ဦးက UEC ကို PR စနစ်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သည်ကို သတိပြု မိကြောင်း၊ မိမိအနေဖြင့် ထိုမေးခွန်းကို Follow up လိုက်ပြီးမေးချင်ကြောင်း၊ PR စနစ်နှင့် ပတ်သက်ပြီး ကျင့်သုံး နိုင်မှုအလားအလာ၊ အကယ်၍ အလားအလာရှိခဲ့ပါက မည်သည့်ပုံစံဖြင့်သွားမည်ကို သိချင်ကြောင်း မေးမြန်း သည်။ ၁၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက PR စနစ်နှင့်ပတ်သက်ပြီး အချိုး ကျ စနစ်)။ယခုမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည်မှာ FPTP (အများဆုံးကို တစ်ဦးတည်းအနိုင်ယူသည့် စနစ်) ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသည့်အချိန်တွင် နိုင်ငံရေး ပါတီ များက တင်ပြခဲ့မှုလည်းရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် အချိုးကျကိုယ်စားပြု စနစ် (PR) ကို ကျင့်သုံး နိုင်ရေးကို ဆောင်ရွက်ပေးရန် ထိုကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်သတင်းစာ ရှင်းလင်းပွဲတွင်လည်း တင်ပြခဲ့ မှုရှိကြောင်း နိုင်ငံရေး ပါတီများကို PR စနစ်နှင့်ပတ်သက်ပြီး စာတမ်းများ ပေးပို့ရန် အကြောင်းကြားထားကြောင်း၊ နိုင်ငံရေး ပါတီသုံးပါတီက PR စနစ်နှင့် ပတ်သက်သည့် အကြောင်းပြန်ချက်များ၊ စာတမ်းများ ရရှိခဲ့မှုလည်း ရှိကြောင်း၊ ယခုမှသာ PR စနစ်က ပေါ်ပေါက်ခြင်း မဟုတ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်း ၌ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်တစ်ဦးက အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရေးကို လွှတ်တော် က အဆုံးအဖြတ်ပေးပါရန်နှင့် ဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ကြောင်း၊ ဤအဆိုသည် အမျိုးသား လွှတ်တော်တွင် အောင်မြင် ခဲ့ကြောင်း၊ ထို့နောက် PR စနစ် ကျင့်သုံးရေးဆိုင်ရာ အဆို အကောင် အထည်ဖော်ရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့မှုရှိကြောင်း၊ ဖွဲ့စည်းပြီး ကော်မရှင်ကို အစီရင်ခံစာ တင်သွင်းမှု ကိုလည်း တွေ့ရကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း နိုင်ငံရေးပါတီ ၁ဝ ပါတီခန့်က FPTP စနစ်ကနေ PR စနစ်ကို ပြောင်းရန်အတွက် အကြံပြုချက်စာတမ်းများ ကော်မရှင်ကို တင်ပြခဲ့မှုလည်း တွေ့ရကြောင်း၊ PR စနစ် (အချိုးကျကိုယ်စားပြုစနှစ်) အဓိပ္ပာယ်က မဲဆန္ဒနယ်ဧရိယာကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ပြီး ထိုမဲဆန္ဒနယ်မှာ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေပါ သတ်မှတ်ကြောင်း၊ ပြီးနောက် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလများ ဝင်ရောက် ယှဉ်ပြိုင်ကြောင်း၊ ယှဉ်ပြိုင်ပြီးပါက ပါတီအလိုက် သို့မဟုတ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များက ရရှိ သည့် ထောက်ခံဆန္ဒမဲလက်မှတ်အပေါ် မူတည်ပြီး ရွေးကောက်ခံရသည့်ကိုယ်စားလှယ်အရေအတွက်ကို အချိုးကျသတ်မှတ်ကာ ရွေးချယ်သည့်စနှစ်ဟု အကြမ်းဖျင်း ပြော၍ရကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် PR စနစ် မျိုးကွဲများစွာရှိကြောင်း၊ အဓိကအသုံးပြု နေသည်မှာ သုံးမျိုး ခန့်ရှိကြောင်း၊ နိုင်ငံပေါင်း ၈၀ တွင် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံ၏ ဖွဲ့စည်း ပုံအခြေခံဥပဒေ၊ နိုင်ငံ ဖွဲ့စည်းတည်ဆောက်မှုနှင့် နိုင်ငံရေးသမိုင်းကြောင်း တို့အပေါ်မူတည်ပြီး ကျင့်သုံး သင့်ကြောင်း၊ အဓိက PR စနစ်သုံးမျိုးမှာ ပါတီအမည်စာရင်းကိုမူတည်ပြီး အချိုးကျရွေးချယ်သည့်စနှစ် (Party List Propotional Representation System) logo အမတ်လောင်းနှစ်ခုလုံး တစ်ပါတည်းရွေးချယ်သည့် စနစ် ပေါင်းစပ် ထားသည့် အချိုးကျရွေးချယ်သည့် စနစ်၊ တစ်နည်းအားဖြင့် (Ma MemberPropotional Stem)၊ ထိုအချက်မှာ ပါတီ ကိုယ်စားလှယ်များပါ နာမည်ပေးပြီး အချိုးကျရွေးသည့်စနစ်၊ နောက်တစ်ခု မှာ လွှဲပြောင်း ၍ရသည့် တစ်ခဲတည်းမဲပေးစနှစ် Single Transferable Volt - STV) Gewoes ထို PR စနစ်သုံးမျိုးထဲမှာမှ အမှတ်စဉ်တွင် ပထမ နှစ်မျိုးက အများစုအသုံးပြုကြကြောင်း၊ တတိယ ဖြစ်သည့် လွှဲပြောင်းပေးရသည့်မဲများက တွက်ချက်ရ ခက်ခဲခြင်း၊ နားလည်မှုခက်ခဲခြင်း၊ ရှုပ်ထွေးမှုရှိခြင်း တို့ကြောင့် ကျင့်သုံးမှုနည်းပါးသည်ကို တွေ့ရ ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံး မည်ဆိုပါက စဉ်းစားသုံးသပ်ရန်လိုအပ်သည့် အချက် များကိုလည်း လေ့လာထားကြောင်း၊ ထိုအချက် များက ဥပဒေရေးရာမူဘောင်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ရွေးကောက်ပွဲဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ၊ ပြင်ဆင်ရန်လို/ မလို ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ပေးအပ်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတို့၏ အနေ အထားများကို သက်ရောက်မှု၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်သုံးရပ်တွင် PR စနစ်ကို ကျင့်သုံးနိုင်မှု အနေအထား၊ PR စနစ်ဖြင့် ကိုက်ညီသည့် ပြင်ဆင် ချက်များ ဆောင်ရွက်နိုင်မှုအနေအထား၊ PR စနစ်ဖြင့် ကိုက်ညီမည့် မဲဆန္ဒနယ်သတ်မှတ်ခြင်း အပါအဝင် ပါတီအလိုက် အချိုးကျကိုယ်စားလှယ်အရေအတွက် တွက်ချက် သည့် နည်းစနစ်များ၊ မဲရလဒ်စာရင်းများ ရေတွက်သည့် နည်းစနစ်များဖြစ်ပြီး ထိုအချက် များသည် လေ့လာ ရမည့်အချက်များဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်များလည်း ရှိကြောင်း၊ ထိုလုပ်ငန်း စဉ်များမှာ သက်ဆိုင်ရာဌာန များနှင့် ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ State Holder များဖြစ်သည့် ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ညှိနှိုင်းဆွေးနွေးမှုများလည်း လိုအပ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းစဉ်များ ပြင်ဆင် ရေးဆွဲ၊ ထုတ်ပြန်ရန်လည်း လိုအပ်ကြောင်း၊ ထို့နောက် ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး များ၊ မဲရုံ | အဖွဲ့ဝင်များကိုလည်း လေ့ကျင့်ပေးရန်လည်း လိုအပ် ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများကိုလည်း အသိပေးရန် | လည်းလိုအပ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးမည့်အပိုင်းတွင်လည်း စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်းကို အကျဉ်းချုပ် တင်ပြခြင်းဖြစ်ကြောင်း အချုပ်အားဖြင့် မိမိနိုင်ငံနှင့် ကိုက်ညီ သင့်လျော်ပြီး မဲဆန္ဒရှင်ပြည်သူများကလည်းလွယ်ကူစွာသိရှိနားလည်သည့် ရိုးရှင်းလွယ်ကူသော စနစ်ကို ရွေးချယ်သုံးသပ်ပြီး ဆောင်ရွက်နိုင်ကြောင်း နှင့် လက်ရှိအခြေအနေတွင် ကနဦးစိစစ်တွေ့ရှိမှုများ ကိုသာ တင်ပြခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံ ရေးပါတီများ၊ သက်ဆိုင်သည့်အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွား နိုင်မည့်အနေအထားဖြစ်ကြောင်းရှင်းလင်းပြောကြား သည်။ ၁၇။ Myanmar Public Press သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက မဲမသမာ မှုများနှင့် ပတ်သက်ပြီး ပါတီများ၏ရပ်တည်မှုကို ထိခိုက်နိုင်ပါသလား။ နောက်လာမည့် ရွေးကောက်ပွဲ | ကာလတွင် ထိုပါတီများ၏ရပ်တည်မှု အခြေအနေ မည်သို့ရှိနိုင်မလဲ၊ ပါတီအသစ်များအတွက် မှတ်ပုံတင်၍ရပြီလား၊ မည်သည့်အချိန်ကာလတွင် မှတ်ပုံတင်၍ရမလဲကို သိလိုကြောင်း မေးမြန်း သည်။ ၁၇။ Myanmar Public Press သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက မဲမသမာ မှုများနှင့် ပတ်သက်ပြီး ပါတီများ၏ရပ်တည်မှုကို ထိခိုက်နိုင်ပါသလား၊ နောက်လာမည့် ရွေးကောက်ပွဲ ကာလတွင် ထိုပါတီ များ၏ရပ်တည်မှု အခြေအနေ မည်သို့ရှိနိုင်မလဲ။ ပါတီအသစ်များအတွက် မှတ်ပုံတင်၍ရပြီလား၊ မည်သည့် အချိန် ကာလတွင် မှတ်ပုံတင်၍ရမလဲကို သိလိုကြောင်း မေးမြန်း မဲစာရင်းစစ်ဆေးမှု လက်ရှိအချိန်အထိ ၁၀၀ ကျော်ပြီ ၁၈။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက မဲမသမာမှုများ၊ မဲစာရင်းစစ်ဆေးမှု များအပိုင်းကို လက်ရှိအချိန်အထိ ၁၀၀ ကျော်ပြီ ဖြစ်၍ သုံးချိုးတစ်မျိုးခန့် ရှိပြီဖြစ်ကြောင်း၊ ထုတ်ပြန် ပြီးသည်မှာ သုံးမျိုး တစ်မျိုးရှိပြီး ထိုထက်ကျော်ကြောင်း၊ တစ်ဝက်နီးပါး လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း၊ သို့သော်လည်း ထုတ်ပြန် မှုအဆင့်မှာ ကျန်ရှိနေသေးကြောင်း အားလုံးသိရှိရန်အတွက် တစ်ဝက်ကျော်ခန့် ကျန်ရှိသည့် အနေ အထားမျိုး ရှိကြောင်း၊ ထို့ကြောင့်အားလုံးကို လွှမ်းခြုံပြီး ကျူးလွန်မှု၊ ဖောက်ဖျက်မှု၊ မဲမသမာမှုအတိုင်းအတာ သည် စိစစ်နိုင်မှုအနေအထားမျိုးဖြစ်ကြောင်း၊ ပါတီများနှင့်ပတ်သက်၍ ပါတီမှတ်ပုံတင်ခြင်းအပိုင်း မှာ ပြီးခဲ့သည့် ကော်မရှင်လက်ထက် ကြေညာခဲ့မှု ရှိကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပ ခါနီးဖြစ် သည့်အတွက် Large Stata ပေးပြီး မှတ်ပုံတင်ခွင့်ကို ဤကာလနောက်ပိုင်း မပေးဘူး ဆိုပြီး ပြောဆို ခဲ့မှုရှိ ကြောင်း၊ လက်ရှိကော်မရှင်အနေ ဖြင့် ပါတီများမှတ်ပုံတင်ခွင့် ပြန်လည်ဆောင်ရွက် နိုင်သည့်အနေအထားကို ကော်မရှင် အားတင်ပြပြီး အသိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မှတ်ပုံ တင်နိုင်သည့်အနေအထားကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၁၉။ ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် အမတ်ဒိန် က Democracy Destruction ဖြစ်၍ မိမိတို့နိုင်ငံတွင် ယနေ့ အရေးပေါ်ကာလ ဖြစ်ပေါ် လာကြောင်း၊ အကြောင်းအချက် (၁)မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် UEC ကို သမ္မတက ခန့်ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအားလုံး UEC အဆုံးအဖြတ်သာ အတည်ဖြစ် သည်ဆိုသည့် အားနည်းချက်ကြောင့် ရှေးလူကြီးများက သမ္မတနှင့် UEC ကို ယုံကြည်မှုကဲပြီး ဤကဲ့သို့ ထင်ခဲ့ကြောင်း၊ ယခုအတိုင်း ထိုအားနည်းချက်ဖြင့်သာ ဆက်သွား ပါက မိမိတို့၏ ကျေးဇူး ခံကျေးဇူး စားများ စနစ်အပေါ် တွင် မိမိတို့ ဒီမိုကရေစီမှာ လမ်းချော်မြဲ ချော်နေမည် ဖြစ်ကြောင်း၊ မိမိမေးချင်သည်မှာ ယနေ့ UEC အနေ ဖြင့် ယခုသွားနေသည့်လမ်းကြောင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွင့်ပြုထားသောကိစ္စများကို မည်သည့် နည်းလမ်းဖြင့် ရွေးကောက်ပွဲလုပ်ရမည်ဟု သတ်မှတ်ထားသည်ကို မတွေ့ရကြောင်း၊ ထို့ကြောင့် PR ကဲ့သို့ နည်း လမ်းဖြင့် ဆောင်ရွက်မည်ဆိုပါက ဒီမိုကရေစီလမ်းချော်မှုကို ထိန်းသိမ်းစောင့်ရှောက် နိုင်မည်ဟု ထင်ကြောင်း၊ တချို့ ပါတီများကလည်း ထိုကိစ္စကို စိတ်ဝင်စားမှုရှိကြောင်း၊ ထို့ကြောင့် UEC အနေဖြင့် ပါတီများနှင့် ထိပ်တိုက်ဆွေးနွေးပြီး ထိုကိစ္စ ကို ဆောင်ရွက်ရန်အစီအစဉ်ရှိပါသလား၊ မည်သည့် ကာလ တွင်ဖြစ် မည်ကို သိလိုကြောင်း မေးမြန်းသည်။ PR နှင့် ပတ်သက်သည့်စာတမ်းများ ၂၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ပါတီများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပြီးဖြစ်ကြောင်း၊ PR စာတမ်းများကို တောင်း ထားပြီး နှစ်လ၊ သုံးလခန့်တွင် ပြန်ဆုံကာ PR နှင့် ပတ်သက်သည့်စာတမ်းများကို ဖတ်မည်။ ဆွေးနွေး မည်ဖြစ်ကြောင်း ပြီးမှ ပူးပေါင်းညှိနှိုင်းပြီးဆောင်ရွက် ကြမည်ကို ပြောကြား ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် သတ်မှတ်ကာလအတွင်း ထိုကိစ္စများနှင့် ပတ်သက် ပြီး မိမိအနေဖြင့် တိုးတက်မှု အခြေ အနေကို ထပ်မံ တင်ပြမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၂၁။ ဆက်လက်၍ ရဲရဲတောက်ဂျာနယ် အယ်ဒီ တာချုပ် အမတ်ဒိန်က မိမိတို့နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း သွေဖည် မှုအကြောင်း(၂) မှာ နိုင်ငံခြားအထောက်အပံ့ ဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်ပါတီများ ရှိခဲ့၍ဖြစ် ကြောင်း၊ ထိုပါတီများရှိခဲ့မှုကို မိမိအထောက် အထားတစ်ခု တင်ပြမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က နေပြည်တော် Hilton Hotel တွင် အမေရိကန်သံရုံး၏ ဆက်ဆံရေးရုံး ပန္နက် တင်ပွဲ၌ အမေရိ ကန်သံအမတ် စကော့မာစီရယ်က “မြန်မာပြည်ကိုထောက်ပံ့မှုများမရှိကြောင်း၊ သို့သော် လည်း NLD ပါတီကို အမေရိကန်ဒေါ်လာ ၉၅ဝ သန်း ထောက်ပံ့ခဲ့သည်” ဟု တရားဝင်အဖွင့်မိန့်ခွန်းတွင် ပြောသွားကြောင်း၊ ထိုကဲ့သို့ပြောသွား၍ အမျိုးသား ဒီမိုကရက်တစ်ပါတီဟု ထင်ကြောင်း၊ ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ကန့်ကွက် မှုလည်းရှိကြောင်း၊ ထိုကိစ္စ သည် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ကြောင်း၊ နောက်အကြောင်းမှာ ရွေးကောက်ပွဲ ကာလတွင် အမေရိကန်သံရုံးက ရွေးကောက်ပွဲအတွက် အမေရိကန် ဒေါ်လာ ၄၆ သန်း ပံ့ပိုးသည်ဟု ပြောကြောင်း၊ ထိုအချိန်က UEC ဥက္ကဋ္ဌက တစ်ဒေါ်လာမှမရဘူးဟု ပြန်လည်ပြောကြောင်း၊ ထိုကိစ္စသည်လည်း ဟိုးလေး တကျော်ကျော် ဖြစ်သွားကြောင်း ထိုအချိန်၌ NLD ပါတီပြောရေးဆိုခွင့်ရှိသူက ဤသည်မှာ အစိုးရ၏ | လုပ်ပိုင် ခွင့်ထဲတွင် ဆက်လုပ်ခြင်းဖြစ်ကြောင်းနှင့် အစိုးရက စီမံခန့်ခွဲမည်ဟုပြောကြောင်း၊ အမှန် တကယ် မုံရွာ အောင်ရှင်က အစိုးရကိုယ်စားလှယ် မဟုတ်ဘဲ ပါတီကိုယ်စားလှယ်ဖြစ်ပြီး ပါတီ ကိုယ်စားလှယ်က အစိုးရ ကိုယ်စားလှယ်၏စကားကို ဝင်ရောက်ပြောဆိုပြီး ငွေစီမံခန့်ခွဲသည့်ကိစ္စကို အဖြေ ထုတ်ကြောင်း၊ အားလုံး ကလည်း ဆက်လက်ပြီး မပြောတော့ကြောင်း၊ သို့သော်လည်း ထိုကိစ္စသည် UEC ကို ကန့်ကွက် ထားမှုလည်း ရှိကြောင်း၊ ထိုကိစ္စ များသည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း သွေဖည်သွားခြင်းသည် နိုင်ငံခြား အထောက် အပံ့များ ယူထား၍ သွေဖည်သွားခြင်းသည် သေချာသည့် အချက်အလက်များဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ကိစ္စများကို စိစစ်ဆောင်ရွက်ရန်၊ ယခု UEC က ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိပါလား ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အခန်း (၉) အနေဖြင့် ရွေးကောက်တင်မြှောက်ခြင်း၊ အခန်း (၁၀) နိုင်ငံရေးပါတီများ၊ အခန်း (၁၁) အရေးပေါ် ကာလဆိုသည့် ပြဋ္ဌာန်းချက်များရှိကြောင်း၊ မိမိတို့နှင့် သက်ဆိုင်သည်မှာ အခန်း (၉) နှင့် အခန်း (၁၀) ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံရေး ပါတီများနှင့်ပတ်သက်ပြီး ပုဒ်မ ခြောက်ခုသာ ရှိကြောင်း၊ အလားတူ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ၊ နည်းဥပဒေများလည်းရှိကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေတွင် ပါတီ တစ်ခုသည် ပုဒ်မ ၆ ဝါ အချက်အလက်များကို လိုက်နာရမည်ဟု ပါရှိကြောင်း၊ ပုဒ်မ ၁၂ ကို ကျူးလွန်ပါက ပါတီအတွက် ရပ်တည်ခွင့် မရှိဟု ပါရှိကြောင်း၊ သို့သော်လည်း အရင်းအမြစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိကြောင်း၊ ၎င်းမှာ ပုဒ်မ ၄၀၇ ဖြစ်ကြောင်း နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ပိုင်ခွင့်ရှိခြင်း- ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၇ တွင် “နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါ အကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိစေရ”- (က) တည်ဆဲဥပဒေ အရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊ (ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန် ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည် ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့ အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊ (ဂ) နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့ အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊ (ဃ) ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစားပြုခြင်းဆိုသည့် လေးချက်တွင် ပါရှိပြီးဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်တစ်ခု၊ အစိုးရ၊ ဘာသာရေးအဖွဲ့များမှ အထောက်အပံ့ယူပါကရပ်တည်ပိုင်ခွင့်မရှိဟု ပါရှိပြီးဖြစ်ကြောင်း၊ ထိုအချက် | များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိပြီးဖြစ်ကြောင်း၊ အလားတူ နိုင်ငံရေးပါတီဥပဒေ၊ နည်းဥပဒေများတွင်လည်း ပါရှိပြီးဖြစ်ကြောင်း၊ထိုအချက်များနှင့် ပတ်သက်ပါက ခိုင်လုံသော အကြောင်းအချက်အလက်နှင့် အတိအကျ မိမိတို့ကော်မရှင်အနေဖြင့် လက်ခံရရှိပြီးပါက ဆောင်ရွက် မည်ဆိုပါက အဆိုပါဥပဒေများနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၂၃။ ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် အမတ်ဒိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သက်တမ်း သည်တစ်နှစ်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် (၅) ရပ်တွင် UEC က လုပ်ဆောင် ရမှာသည် နံပါတ် (၁) နှင့် နံပါတ် (၅) အချက်ဖြစ်ကြောင်း၊ နံပါတ် (၁) အချက် လုပ်ဆောင် သည်မှာ သုံးလ ရှိပြီးဖြစ်သော်လည်း တစ်ဝက်သာ ပြီးစီးသေးကြောင်း၊ မိမိတို့လူထုက သိချင်သည်မှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် မကိုက်ညီ သည့် ပါတီများကို ရှင်းလင်းရန်၊ ပါတီအသစ်များကို လက်ခံ၍ စိစစ်အတည်ပြုရန်၊ ရွေးကောက်ပွဲဥပဒေ များကို ပြင်ဆင်ရန် ရွေးကောက်ပွဲနီးလာသည့်အချိန် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်တို့ ဖြစ်ပြီး ထိုကဲ့သို့လုပ်ငန်းများ အများကြီးကျန်ရှိနေ သေးသည်ဟု မိမိတို့ နားလည်ကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် UEC တွင် Time Table များရှိပါသလား၊ ရှိခဲ့ပါက လူထုက သိချင် နေကြောင်း မေးမြန်းသည်။ ရလဒ်များ၊ ဆုံးဖြတ်ချက်များ ထွက်ရှိ ၂၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅) ရပ်တွင် ပါရှိသည့် ရှေ့လုပ်ငန်းစဉ် နံပါတ်(၁) ကိုလည်း အလေးထားပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များဖြစ်သည့် PR စနစ်ကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သက်၍ Review လုပ်ခြင်း ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ရွေးကောက် ပွဲ ဥပဒေများနှင့် ပတ်သက်ပြီး အချိန်နှင့်တစ်ပြေးညီ တစ်ပြိုင်နက်တည်း ဆောင်ရွက်နေသည့် အနေ အထား ရှိကြောင်း၊ ဆောင်ရွက်ပြီးရလဒ်များ ဆုံးဖြတ်ချက်များ ထွက်ရှိ လာပါက အသိပေးကြေညာသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၂၅။ NP News (National Post) 2007G249 အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ပေးမည့်ပုံစံမျိုးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ကြေညာထားပြီးဖြစ်၍ အကယ်၍ ရွေးကောက်ပွဲ ပြန်လည် ကျင်းပသည့် အချိန်တွင် ပြည်သူလူထုက ရွေးကောက်ပွဲကျင်းပခြင်း ကို လုံးဝအယုံအကြည်မရှိကြောင်း၊ လုံးဝလက်မခံကြောင်းဆိုပြီး မဲလာမပေးခဲ့ပါက သို့မဟုတ် ပါတီ တချို့ တော်တော်များများက ဝင်ရောက် မယှဉ်ပြိုင်ခဲ့ ပါက မည်သို့ဖြစ်မည်ကို သိလိုကြောင်း မေးမြန်းသည်။ ၂၆။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက သတ်မှတ်ထားသော လုပ်ငန်းစဉ် တိုင်းတွင် ဥပဒေ၊ နည်းဥပဒေများရှိကြောင်း၊ ဆောင်ရွက် ရသည့် ရွေးကောက်ပွဲစက်ဝန်းပါလုပ်ငန်း စဉ်များ၊ ရွေးကောက်ပွဲကာလတွင် လုပ်ဆောင်ရသည့် လုပ်ငန်း စဉ်များအပြည့်အဝရှိကြောင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုအထဲ တွင်လည်း ပြဋ္ဌာန်းချက်များ အပြည့်အစုံရှိကြောင်း ရှင်းလင်းပြောကြားသည်။ ၂၇။ NP News (National Post) သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ဆိုလိုသည်မှာ လုံလောက်သည့် လူဦးရေ မဲစာရင်း မပေးခဲ့ပါက ရွေးကောက်ပွဲ အထမမြောက်ဖြစ်သွားနိုင်လား။ ဘာဆက်ဖြစ်သွားနိုင်လဲကို သိလိုကြောင်းမေးမြန်း သည်။ ၂၈။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲလုပ်ငန်းစဉ်အတိုင်း ကော်မရှင် ကကြေညာမည်။ မှတ်ပုံတင်သည့်သူက မှတ်ပုံတင်မည်၊ မိမိတို့က ထိုအချက်များကြုံရသည့် အနေ အထားလည်း မဟုတ်သေးကြောင်း၊ မိမိတို့က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်သည့် အချိန်တွင် သတ်မှတ်သောဘောင်အတိုင်းသာ ယခင် ရွေးကောက်ပွဲများတွင်လည်း ထိုကဲ့သို့ စိန်ခေါ်မှုများ၊ အခက်အခဲ များကြားက အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ လက်ရှိ လာမည့်ရွေးကောက်ပွဲ ကိုလည်း သတ်မှတ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်လက်စွဲများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း အောင်မြင်အောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။ (ဆက်လက်ဖော်ပြပါမည်)