Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ တက်ရောက်

 

နေပြည်တော် ဧပြီ ၁၂

 အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများ  ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်း ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများ တက်ရောက် ကြသည်။

အရေးယူဆောင်ရွက်လျက်ရှိ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခုဝန်ထမ်း ဆန္ဒဖော်ထုတ်ပွဲသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတွင် တင်ပြရန် ရှိသည်များအတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနဝန်ထမ်းများ  အနေဖြင့် လက်ရှိနိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့် အညီ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ထိထိရောက်ရောက် အလေးထား ဆောင်ရွက်နိုင် ရေးအတွက် မှာကြားလိုပါကြောင်း၊ ဌာနမှ ဝန်ထမ်းအချို့ CDM ပါဝင်လှုပ်ရှားမှုကြောင့် ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ် ခြင်း ပြစ်ဒဏ်များ ချမှတ်ခဲ့ရ သည်များရှိ ပါကြောင်း၊ နိုင်ငံ တော်အစိုးရ အနေဖြင့် CDM ပါဝင်လှုပ်ရှားမှုများအတွက် အပြစ်မယူသေးဘဲ စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနေရာမှ မတ် ၁ ရက်နောက်ပိုင်း ပါဝင်ဆောင်ရွက်ခဲ့မှုများ အတွက် ထိုက်သင့်သည့်ပြစ်ဒဏ်များ ချမှတ်၍ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။

ယင်းကဲ့သို့ နိုင်ငံရေးပါဝင်လှုပ်ရှားသည့် ဝန်ထမ်းများအတွက်  ဝန်ထမ်းစည်းမျဉ်း စည်းကမ်းကို မလိုက်နာမှုများအပေါ် အရေးယူဆောင်ရွက်သကဲ့သို့ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရို သေ ကြသည့် ဝန်ထမ်းများ မိမိ၏လုပ်ငန်းများကို တာဝန်ကျေပွန်စွာထမ်းဆောင်ကြသည့် ဝန်ထမ်းများကိုလည်း ထိုက်သင့်သည့် ချီးကျူး  ဂုဏ်ပြုမှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ မိမိဌာနဝန်ထမ်း များသည် နိုင်ငံတော်အတွက် အရေးပါသည့်လုပ်ငန်း များကို တာဝန်ယူ

ဆောင်ရွက်နေရသူများဖြစ်သည်နှင့်အညီ ဌာန၏အမိန့်၊ ညွှန်ကြားချက် များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တိတိကျကျဆောင်ရွက်ကြရန်  လိုအပ်ပါကြောင်း၊ လူဝင်မှု ကြီးကြပ် ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် နိုင်ငံအတွင်းရှိ နိုင်ငံခြားသား များအား ဥပဒေနှင့် အညီ ဝင်/ထွက်သွားလာနေထိုင်ရေးအတွက် စနစ်တကျ ဂရုပြုဆောင်ရွက်ကြရန်၊ နိုင်ငံတွင်းရှိ ပြည်သူများအား ၎င်းတို့၏ နိုင်ငံသား ဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ တိကျမှန် ကန်စွာဆောင်ရွက်နိုင်ရေးတို့ကိုလည်း အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်ကလည်း ဝန်ထမ်းများ၏သက်သာ ချောင်ချိရေးနှင့် လုပ်ငန်း လိုအပ်ချက်များကို အတတ်နိုင်ဆုံး အလေးထားဖြည့်ဆည်းပေးကြရန်လိုကြောင်း၊ ယခု ဆန္ဒဖော်ထုတ်ပွဲတွင်လည်း မိမိတို့၏လိုအပ်ချက်များ၊ ဌာနမှ ဖြည့်ဆည်းပေးရန်များကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် တိုက်တွန်း ပါကြောင်း ရှင်းလင်းပြောကြားသည်။

ညှိနှိုင်းဖြည့်ဆည်း 

ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ယဉ်ဦးက ယခင်ကျင်းပခဲ့သည့် ဆန္ဒဖော် ထုတ်ပွဲတွင် ဝန်ထမ်းများတင်ပြမှုများ အပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် အထက်ဌာနမှ အမိန့်ညွှန်ကြား ချက်များနှင့်ပတ်သက်၍ ဝန်ထမ်းများ သိသင့်သိထိုက်သည်များအား လိုက်နာ ဆောင်ရွက်နိုင်ရေးအခြေအနေများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဌာနအလိုက် တာဝန်ရှိသူများက တင်ပြ ကြရာ တာဝန်ရှိသူများက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မကြာခင်ကျရောက် တော့မည့် မဟာသင်္ကြန်ရုံး ပိတ်ရက်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားစေရေးအတွက် သွားလာနေထိုင်မှု ညွှန်ကြား ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရေးနှင့် ရုံးပြန်ဖွင့်သည့်အခါ လုပ်ငန်းခွင်သို့ တက်ကြွစွာ ပြန်လည်ဝင်ရောက်၍ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည်တက်ရောက်လာကြသည့် ဝန်ထမ်း များကို မြန်မာ့ရိုးရာမဟာသင်္ကြန် အထိမ်းအမှတ် သပြေခက်ဖြင့် အတောရေပက်ဖျန်းကြပြီး ပြည်ထောင်စု ဝန်ကြီးသည် ရုံးဝန်ထမ်းအားလုံးအား ရွှေရင်အေးဖြင့် စတုဒီသာ ကုသိုလ်ပြု ကျွေးမွေးခဲ့သည်။

မွန်းလွဲ ၂ နာရီတွင် အလုပ်သမားရေးရာဆိုင်ရာဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို အဆိုပါရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားသည်။

ထို့နောက် ဌာနတာဝန်ခံများက ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ်ဌာနအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး ဒုတိယအမြဲတမ်းအတွင်း ဝန်က နိုင်ငံ့ ဝန်ထမ်းများ ခရီးသွားလာမှုနှင့်ပတ်သက်၍ လိုက်နာရမည့် စံသတ်မှတ် ချက်များကို ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အပြစ်ရှိသည့် ဝန်ထမ်း များအပေါ် အပြစ်ပေးအရေးယူသကဲ့သို့ တာဝန် ကျေပွန်စွာထမ်းဆောင်သော ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် သင်္ကြန်ကာလရုံးပိတ်ရက်များ အတွင်း စနစ်တကျ နေထိုင်သွားလာရေးနှင့်ရုံးများပြန်လည်ဖွင့်လှစ်သည့် အခါ တက်တက်ကြွကြွဖြင့် ပေးအပ် သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားပြီး ရုံးတွင်း ရှိ ဝန်ထမ်းအားလုံးအား ရွှေရင်အေးဖြင့် စတုဒိသာကုသိုလ်ပြု ကျွေးမွေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်