Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်မြို့၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ် နေသည့် အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

ရန်ကုန်မြို့ ဧပြီ ၁၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ် များသည် ဧပြီ ၁၁ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ ပါမောက္ခချုပ်/ ဆေးရုံအုပ်ကြီးနှင့်  ပါမောက္ခများ၊ ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ် (၂) တို့မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ယခုထက် ပိုမိုပေးအပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ နှင့် ပတ်သက်၍ မှာကြားခြင်း၊ ကွင်းဆင်းကြီးကြပ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

လေးစားတန်ဖိုးထားရမည် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ဧပြီ ၁၂ ရက်မှစတင်၍ အတွင်းလူနာကုသမှုများ ပေးအပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ပေးမှု များ ကို အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရုံး/ဌာနဆေးရုံများနှင့် ကင်းကွာလျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အမြန်ပြန်လည် ဝင်ရောက် တာဝန်ထမ်းဆောင်ကြစေလိုပါကြောင်း၊ အလုပ်တာဝန် ပြန်လည်ဝင်ရောက်ထမ်း ဆောင်မည့် ဝန်ထမ်းများအတွက်လည်း အဆင်ပြေချောမွေ့စွာတာဝန်ထမ်းဆောင်နိုင်ရေး တတ်နိုင် သမျှ စီစဉ်ထားရှိ ပါကြောင်း၊ မိမိတို့၏ဝန်ထမ်းများအနေဖြင့် ပြည်သူ များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် ပညာရှင်များဖြစ်သည်နှင့်အညီ မိမိတို့၏ Profession ကို လေးစားတန်ဖိုးထားရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရန်သူ မိတ်ဆွေ မခွဲခြားဘဲ ကျန်းမာရေးစောင့်ရှောက်မှုပေးရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစနစ် ပုံမှန်အတိုင်း လည်ပတ်မှသာ ပြည်သူများအတွက် အထူးအကျိုးရှိ မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး အသုံးစရိတ်များ ကိုလည်း ယခုထက်ပိုမို အသုံးပြုနိုင်ရေး ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှကျန်းမာရေး အသုံးစရိတ်အများအပြားကို အကုန်အကျခံ၍ ပေးအပ်ထားသော် လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ဆေးရုံများ ပိတ်ထားရသည့်အတွက် ပြည်သူတို့ အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက် မှုပေးလျက်ရှိသည့် လုပ်ငန်းများကို ပုံမှန်လည်ပတ်နိုင် ခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် ပြင်ပဆေးရုံ ဆေးခန်းများမှပေးအပ်သည့် ကျန်းမာ ရေးစောင့် ရှောက်မှု ကုန်ကျစရိတ်များကို မတတ်နိုင်သည့် လူနာအချို့သည် အသက်ဆုံးရှုံး သည်အထိ ဖြစ်ပွား နေရပါကြောင်း၊ COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း မူလအစီအစဉ်အတိုင်း ဆက်လက် ထိုးနှံပေးမည်ဖြစ်ပါကြောင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှု ပေးနေသော ဆရာဝန်များ၊ သူနာပြုများသည် လူသားများဖြစ်သည့်အတွက် တစ်ချိန်ချိန် မိမိကျန်းမာရေးမကောင်းသည့်အချိန် တွင် လူနာအဖြစ်သို့ ရောက်ရှိမည်ဖြစ်သည့်အတွက် လူနာများဘက်မှ ကိုယ်ချင်းစာ၍ စဉ်းစားပေးရမည်ဖြစ် ပါကြောင်း၊ ယခုအခါ ပူပြင်းသည့် နွေရာသီသို့ရောက်လာသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၏ မီးဘေးကာကွယ်ရေး လုပ်ငန်းများနှင့် လုံခြုံရေး လုပ်ငန်းများကိုလည်း အထူးသတိပြု ဆောင်ရွက်ရ မည်ဖြစ်ပါ ကြောင်း၊ ဆေးတက္ကသိုလ်များကိုလည်းပုံမှန်အတိုင်း မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရေး  ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်နှင့် ဆေးရုံများအားလုံး ပြန်လည် ဖွင့်လှစ်ရမည်ဖြစ် ကြောင်း၊ ဘွဲ့လွန်သင်တန်းတက်ရောက်လျက်ရှိသော ကျောင်းသားများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ ဘွဲ့လွန်သင်တန်းများ ပြီးဆုံးအောင်မြင်ရေး ဆက်လက် သင်ကြားနိုင်ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်းသားများအနေဖြင့်လည်း သင်တန်းများပြီးဆုံး သည်အထိ ဆက်လက် တက်ရောက်လိုသည့်ဆန္ဒများ ပြင်းပြလျက်ရှိပါကြောင်း၊ ထို့အတူ ဘွဲ့လွန်သင်တန်းများ ဝင်ရောက် ( ဖြေဆိုလိုသူများစွာရှိပါကြောင်း၊ ပြည်သူ့အကျိုး ပြုကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ထွက်ပေါ်လာရေးအတွက် စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု  ဆိုင်ရာဌာနမှ COVID-19 ရောဂါစစ်ဆေး ခြင်းလုပ်ငန်း များနှင့် အခြားကျန်းမာရေးဆိုင်ရာဓာတ်ခွဲ စစ်ဆေးခြင်းလုပ်ငန်းများကို ပုံမှန် အတိုင်းပြန်လည် လည်ပတ်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍တင်ပြသည်။

သွားရောက်ကြည့်ရှု ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention  Centre သို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ

ရေးဦးစီးဌာနမှူးအပါအဝင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်များ၊ သံရုံးဝန်ထမ်းများနှင့် ပြည်သူလူထု ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကို သွားရောက် ကြည့်ရှုသည်။ ။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟို တိုးချဲ့ ကာကွယ်ဆေး သိုလှောင်အအေးခန်းသို့ သွားရောက်ကာ COVID-19 ရောဂါကာကွယ်ဆေး များနှင့် ပုံမှန်တိုးချဲ့ ကာကွယ်ဆေး ထိုးလုပ်ငန်း သုံး ကာကွယ်ဆေးများဖြစ်သည့် အဆုတ်တီဘီ၊ ဆုံဆို့ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်/ အသားဝါ(ဘီ) ရောဂါ စသည့် ကာကွယ်ဆေးများအား အအေးလမ်း ကြောင်းမပြတ် သိုလှောင်ထားရှိနိုင်ရေး၊ ကာကွယ် ဆေး သက်တမ်းမကုန်မီ စနစ်တကျ သုံးစွဲနိုင်ရေး၊ မီးဘေး၊ လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကျရောက် မှု လုံခြုံစိတ်ချမှုရရှိစေရေး စသည့်အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ် သည်များ မှာကြားသည်။

တွေ့ဆုံအမှာစကားပြောကြား ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ( မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြား ရေးဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခ/ဌာနမှူးများ၊ လက်ထောက် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့ သို့အခက်အခဲများရှိနေသည့်ကြားမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြ သည့် ကျန်းမာ ရေးဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ဆေးရုံကုသမှုလုပ်ငန်းများ အဆင်ပြေစေရေး အတွက်  အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်စေလိုပါကြောင်း၊ဆရာဝန်များ၊ သူနာပြုများအနေဖြင့် ဆရာဝန်ကတိ  သစ္စာအဓိဋ္ဌာန်များ၊ သူနာပြုကတိ သစ္စာ အဓိဋ္ဌာန်များ၊ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူနာများ အပေါ်တွင် ထားရှိသည့် ကတိသစ္စာ များ တည်မြဲပါက မိမိတို့ဆောင်ရွက်သည့် ဆေးကုသ မှုများလည်း ပိုမိုအကျိုးရှိ၍ ဆေးစွမ်းထက်မည် ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြစေလိုပါကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို တွေ့ဆုံညှိနှိုင်းမှာကြားခဲ့ သည်။

သတင်းစဉ်