နေပြည်တော် ဧပြီ ၁၂
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက်တပ်မတော်ဆေးရုံများနှင့်ယာယီ ကုသရေး ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် မှ ယနေ့အထိ ပြင်ပလူနာ ၁၃၅၆၃၄ ဦး၊ အတွင်း လူနာ ၄၃၆၅ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများ အနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၆၃၇၇ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၃၃၂၅ ဦး စုစုပေါင်း ၉၇၀၂ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့်လူနာများကိုလည်း ပါရဂူ များ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ်ကုသ ပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၃၃၆၂ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၅၀၉၅ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၈၄၅၇ ဦးကို အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ် ရန်လိုအပ်သည့် လူနာ များကို ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း များ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာ များနှင့် လူနာစောင့်များ နေထိုင် စားသောက် ရေး အဆင်ပြေစေရန်အတွက်ပါ စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်