နေပြည်တော်၊ ဧပြီ - ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်း သင်းမြို့နယ်များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့တွင် တိုင်းစစ် ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။
ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘောပေါက်ကာ လက်လုပ်သေနတ် ၈ လက်တို့ကို ၎င်းတို့ သဘော ဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြ ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်