Oct 15, 2022
အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးဖြစ်သူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများအစည်းအဝေး (28th Meeting of the ASEAN Socio – Cultural Community (ASCC) Council) သို့တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
Oct 15, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်းဟာသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ကျင်းပသည့် ရုပ်သေးကြိုးဆွဲပြိုင်ပွဲသို့တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
Oct 15, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီတော်အနီးရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင်ဖွင့်လှစ်မည့် ဒီပလိုမာ(၁)နှစ်သင်တန်းသို့ ပြည်တွင်း/ပြည်ပမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ တက်ရောက်နိုင်ရန်အတွက် လျှောက်လွှာများအား စတင်ခေါ်ယူထားပြီးဖြစ်ကြောင်း သိရသည်။
Oct 15, 2022
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန် အတွက်ကွပ်ကဲ အုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (CommanderSpirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။
Oct 15, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး MITV News Studio ပြန်လည်တည်ဆောက်မှု၊ ရုပ်သံ Tower များ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Oct 15, 2022
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် (၇၅) နှစ် စိန်ရတုကာလရောက်ရှိတော့မည်ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော် လူ့သက်တမ်းတစ်ခုနီးပါးရှိပြီ ဖြစ်သော်လည်း တိုင်းပြည်သည် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အပြည့်အဝမရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။ အကြောင်းရင်းကိုဆန်းစစ်ကြည့်လျှင် တစ်တိုင်းပြည်လုံး တည်ငြိမ်အေးချမ်းမှုရှိသည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်းမရှိသောကြောင့်ဟု ပြောရမည်ဖြစ်သည်။
Oct 15, 2022
ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်ပစ်ခတ်မှုဖြစ်စဉ်မှာ အကြမ်းဖက်သမားတို့၏ ရက်စက်ကြမ်းကြုတ်မှု၊ အသိဉာဏ်ကင်းမဲ့မိုက်မဲမှု သက်သက်သာဖြစ်ကြောင်း ထင်ရှားပေါ်လွင်ပြီးသားဖြစ်သည်။ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ အပေါင်းအဖော်မီဒီယာများက မည်သို့ပင်လိမ်လည်ဖုံးကွယ်ကြစေကာမူ အခိုင်အမာကျန်ရစ်သည့်သက်သေများ၊ မှတ်တမ်းများ၊ အထောက်အထားများကို ငြင်းဆို၍မရ။
Oct 14, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 14, 2022
NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများတွင်မိုင်းထောင်ခြင်း၊ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
Oct 14, 2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား အခုလ(၁၂)ရက် မနက်ပိုင်းတွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ (၃) ဦး သေဆုံးခဲ့ပြီး (၁၉)ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
Oct 14, 2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Oct 14, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Oct 14, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်၌ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။
Oct 14, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 14, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 14, 2022
မြန်မာနိုင်ငံ၏ အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံတွင် အဓိကမဏ္ဍိုင်ကြီးများဖြစ်သော စံချိန်စံညွှန်းသတ်မှတ်ခြင်း (Standardization)၊ အသိအမှတ်ပြုခြင်း (Accreditation)၊ တိကျစွာတိုင်းတာခြင်း(Metrology)၊ ဓာတ်ခွဲတိုင်းတာခြင်း (Testing)နှင့် အရည်အသွေးထောက်ခံ ချက်ပြုရေး(Certification) လုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင်များ၏ လမ်းညွှန်ချက်၊ အကြံပြုချက်များနှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားသည်။
Oct 14, 2022
စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးရေး၊ ဒေသတွင်းမှထွက်ရှိသော ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုများအနက် အဓိကတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာများ ပိုမိုတိုးတက်ထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏
Oct 14, 2022
နယ်စပ်ဒေသရှိ ပုံမှန်ပညာသင်ကြားခွင့်မရသော တိုင်းရင်းသားလူငယ်များအတွက် စက်မှုလက်မှုပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ဘားအံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် သင်တန်းများဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ စုစုပေါင်းသင်တန်း (၄၁)ကြိမ်တွင် သင်တန်းသား ၉၂၅ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၇၅၀ မှာ လုပ်ငန်းခွင်ဝင်ရောက်၍ ရာခိုင်နှုန်း အားဖြင့် ၈၁ ရာခိုင်နှုန်း အလုပ်အကိုင်အခွင့်အလမ်းများရရှိခဲ့ကြောင်း သိရသည်။
Oct 14, 2022
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အား လမ်းညွှန်မှုများနှင့်အညီ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ကာ ကျင်းပလျက်ရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
Oct 14, 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့သည် မြန်မာ့ရုပ်ရှင်လောကသားတို့အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့တစ်နေ့ဖြစ်သည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းတွင်ရှိသော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ရုပ်ရှင်လောကမှ အနုပညာရှင်များ ပန်းဥယျာဉ်ကြီးအတွင်း ပန်းပေါင်းစုံပွင့်လန်းသည့် ပမာဝေဝေဆာဆာဖြင့်စုရုံးရောက်ရှိ လျက်ရှိသည်။ တစ်ချိန်က အာရှတွင် မြန်မာ့ရုပ်ရှင်သည် နာမည်တစ်ခုဖြင့် အဆင့်မီမီရပ်တည်ခဲ့သည်။ ထိုသို့ ရပ်တည်နိုင်ရန် မြန်မာ့ရုပ်ရှင်ကို ရုပ်ရှင်ချစ်ပြည်သူများ၏ အားပေးမှုနှင့်အတူ မြန်မာ့ရုပ်ရှင် ဖခင်ဒါရိုက်တာကြီးများက ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
