Oct 13, 2022
မေး ။ ။ ဒီနေ့နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးပြည်သူများကို ပစ်ခတ်ခံခဲ့ရတယ်လို့ ကြားသိရပါတယ်။ ဘုရားဖူးပြည်သူ များ သေဆုံးဒဏ်ရာရရှိမှုများရှိတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အနေနဲ့ သတင်းထုတ်ပြန်ဖြေကြားပေးစေ လိုပါတယ်။
Oct 13, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် (Russian Energy Week International Forum) ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ရုရှားနိုင်ငံမော်စကိုမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်းရေးမှူး မစ္စတာ အလက်ဇန်းဒါး ရှာတီရော့နှင့် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် မော်စကိုမြို့ရှိ Crowne Plaza Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။
Oct 13, 2022
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှ ခေတ်မီစံပြကျေးရွာများ၏ စီမံကိန်းလုပ်ငန်း များကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကွင်းဆင်းစစ်ဆေးသည်။
Oct 13, 2022
ယနေ့ဆွေးနွေးပွဲသည် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော ပုဂ္ဂိုလ်များ၏ ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးများ၏ စီမံခန့်ခွဲမှု အရည်အသွေးပေါ် မူတည်၍ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးသည် ပညာရေး ရည်မှန်းချက်များ အောင်မြင် ပေါက်မြောက်အောင် အကောင်အထည်ဖော်ရာတွင် အခရာ ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။
Oct 13, 2022
အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ အသိပညာမျှဝေမှု အစီအစဉ်အရ ဆေးဝါးဝယ်ယူ ဖြန့်ဖြူးမှုလုပ်ငန်းစဉ် စစ်ဆေးခြင်း နှင့်စပ်လျဉ်းသည့် အသိပညာမျှဝေမှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 13, 2022
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ကျန့်ကျိုးသိပ္ပံနှင့် နည်းပညာကောလိပ်တို့ ပူးပေါင်း၍ ဖွင့်လှစ်သော “ကျေးလက်ဒေသ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံကိန်း ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲ”ကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက် အမှာစကား ပြောကြားသည်။
Oct 13, 2022
သစ်တောများ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး လုပ်ငန်းများ ဖော်ဆောင်ရာတွင် မြို့နယ်အဆင့်သည် အခြေခံအကျဆုံးဖြစ်ပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရခြင်းကြောင့် ဌာန၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဓိကကျသည့် အဆင့်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ဦးစီးအရာရှိများအနေဖြင့် ဌာန၏လုပ်ငန်းရည်မှန်းချက် များကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ ညွှန်ကြားချက်များနှင့်အညီ အရည်အသွေးပြည့်မီ၍ စွမ်းဆောင်ရည်များ မြင့်မားလာ စေရန်နှင့် နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးကို အထိရောက်ဆုံး ဖြည့်ဆည်းစွမ်းဆောင်နိုင်ရေးအတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။
Oct 13, 2022
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
Oct 13, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်သည် လွတ်လပ်ပြီးတရား မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွပ်လပ်စွာမဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်း၊ မဲရုံတည်နေရာများအား အတည်ပြုသတ်မှတ်သည့် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် တောင်ငူခရိုင် တောင်ငူမြို့ ခပေါင်းခန်းမ၌ ကျင်းပသည်။
Oct 13, 2022
“ယနေ့ကျင်းပသည့် အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU) ၏ (၁၄၈) နှစ်ပြည့်အခမ်းအနား ဖြစ်ပါကြောင်း ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တွင် အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး ကမ္ဘာတစ်ဝန်းတွင် စာပို့တိုက်စခန်းပေါင်း ၆၀၀၀၀၀ ကျော်ကို ချိတ်ဆက်ပေးထားသည့် တစ်ခုတည်းသော ကမ္ဘာ့စာပို့တိုက် ကွန်ရက်အဖြစ် ရပ်တည် လျက်ရှိနေပါကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာနှင့် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများက ကမ္ဘာတစ်ဝန်းရှိ စာပို့တိုက်လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ပို့ဆောင်ရေးနှင့် ဆကသွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။
Oct 13, 2022
(၂၈) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (28th Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့ တက်ရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်။
Oct 13, 2022
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း နှစ်ပေါင်းထောင်ချီ အေးအတူပူအမျှ အတူတကွလက်တွဲနေထိုင်ခဲ့သော တိုင်းရင်းသားညီအစ်ကို မောင်နှမများဖြစ်သည်။ မိသားစုအတွင်း ညီအစ်ကိုမောင်နှမချင်းဖြစ်၍ ရံဖန်ရံခါ အခန့်မသင့်ဖြစ်မှုအချို့သာရှိပြီး ပြည်ထောင်စုကြီးအကျိုးစီးပွားကို အစဉ်ထာဝရ ရှေးရှုကာ လက်တွဲနေထိုင်လာခဲ့သောကြောင့် ပြည်ထောင်စုကြီး ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။
Oct 13, 2022
၂၁ ရာစု ဦးပိုင်းမှစတင်ကာ ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုများ သိသိသာသာ များပြားလာခဲ့သည်။ ရာသီဥတုပြောင်းလဲမှုမှ ထွက်ပေါ်လာသည့် အကျိုးဆက်များမှာလည်း ကောင်းကျိုးထက် ဆိုးကျိုးကသာ အများစုဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အတော်များများ ခံစားနေကြရခြင်းဖြစ်သည်။ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခြင်း စသောသဘာဝဘေးအန္တရာယ်များမှာ ဖြစ်ပေါ်သည့်အကြိမ်ရေ ပိုမိုများပြားလာသလို ပိုမို၍လည်း ပြင်းထန်လာသည်။ သဘာဝဘေး အန္တရာယ်များကျရောက်မှုကို တားဆီး၍ မရနိုင်သော်လည်း အဆိုပါ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက် ဆုံးရှုံးမှုများ၊ ဘေးဒုက္ခများ လျော့ပါးသက်သာအောင်၊ နည်းနိုင် သမျှနည်းအောင် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။
Oct 12, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါသည်။
Oct 12, 2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင် မြတ်စွာဘုရား၊ ကင်းမွန်းချောင် တောင်တက်ကားဂိတ်အား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
Oct 12, 2022
CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအား မတရားစွပ်စွဲ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံပိုင်အဆောက်အဦ၊ ရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦများအား နှောင့်ယှက်ဖျက်ဆီးမှုများကို လုပ်ဆောင်လျက်ရှိသည်။
Oct 12, 2022
၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကင်ပွန်းစခန်းရှိ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော် တောင်တက် မော်တော်ယာဉ်ဝင်းအနီးတွင် အောက်တိုဘာလ ၁၂ ရက် ယနေ့နံနက်ပိုင်း၌ အကြမ်းဖက်သမားများက လက်နက်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဖူး ပြည်သူသုံးဦး သေဆုံးကာ(၁၉)ဦးဒဏ်ရရှိခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။
Oct 12, 2022
၁။ အောက်တိုဘာလ ၁၂ ရက်နေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်တောင်ခြေရှိ ကင်ပွန်းစခန်း တောင်တက်ယာဉ်စခန်းသို့ ၆၀ မမ၊ ၄၀ မမတို့ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ဘုရားဖူး ခရီးသွား(၁၃)ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး(၃)ဦးသေဆုံးကြောင်း သိရှိရသည့် ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အနေဖြင့် လွန်စွာပင် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ရပါသည်။
Oct 12, 2022
၁။ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်တောင်တက်ကားဂိတ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးပြီး ၁၉ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။
