Skip to main content

Feb 25, 2021

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2021

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲ အချိန်က မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ဌာနဆိုင်ရာများ၏ ဆောင်ရွက် ပြီး၊ ဆောင်ရွက် ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

(၂၃-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၄-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၁,၁၁၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၃၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၄၈၆,၂၀၆) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၁,၈၁၆) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ထိုင်းနိုင်ငံသို့ ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် သွားရောက် ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန် လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

မြန်မာစီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် အမယ်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးဆွေးနွေးပွဲ (ဒုတိယနေ့)ကို ယနေ့မွန်းလွဲ ၁ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန် များအား ရှင်းလင်း တင်ပြသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယ ဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဉတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း နှင့် ပုဗ္ဗသီရိမြို့နယ် ရေပြာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်း မ၌ Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊လင်းခေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားပြည်သူများအား ၄င်းတို့၏ ပင်စင်လစာများကို ယမန်နေ့က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ယခုပွင့်လင်းရာသီသို့ စတင်ဝင်ရောက်လာပြီဖြစ်ရာ မီးဘေး အန္တရာယ် ကင်းဝေးပြီး မီးဘေးအသိ မီးဘေးသတိ ရှိစေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ဖေဖေါ်ဝါရီ ၂၃ ရက် ညပိုင်းက မြို့တွင်းသို့ လှည့်လည် ကြေညာပေးနေလျှက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ရှမ်းပြည်နယ် (တောင်ပိုင်း)လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စေတီပုံရှားမီး ပူဇော်ပွဲကို လွိုင်မြေ ရပ်ကွက်ရှိ ဝိဇ္ဇာရိယဘုန်းတော်ကြီး၌ တပို့တွဲလပြည့်ညတွင် စည်ကားစွာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်မှုူအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ဖေဖော်ဝါ ရီလ ၂၄ ရက် နံနက်ပိုင်းကကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

မော်လမြိုင် ဖေဖော်ဝါရီ ၂၄ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မဗိမာန်တော်ကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်သော ဝိနယာ နုဂ္ဂဟအသင်း ရာပြည့်အထိမ်းအမှတ် ဆောက်လုပ်လှူဒါန်းခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ်ကျောင်း လွှတ်ပူဇာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြာသော ဆရာတော်အရှင် သူမြတ်များနှင့် ဧည့်ပရိ သတ်အပေါင်းတို့က "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် မော်လမြိုင်မြို့ ဇောတိကာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတ

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံ ဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ တတိယအကြိမ် ပင့်ဆောင် ပူဇော်ခြင်း မဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဆီမီးခုံ ကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း အဆိုပါပြည်ပရောက်မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး စီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်မှာကြားခဲ့သဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယခင်ကာလများကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော် (ရေ)မှ ဗိုလ်မှူးချုပ် နိုင်မင်းကျော် ဦးဆောင်သည့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်ထွက်ခွာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာနေသူ အမျိုးသမီးတစ်ဦး သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျေးရွာအတွင်း၌ ဆိုင်ကယ်မတော်တဆတိမ်းမှောက်၍ ယာဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြည်မြို့ (ကုတင်-၅၀၀) ပြည်သူ့ဆေးရုံမှာ ဖွင့်လှစ်ကုသခြင်းမရှိသဖြင့် ညနေ ၅ နာရီခန့်တွင် ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသခြင်းမရှိဘဲ ပုဂ္ဂလိက သံလွင်ဆေးရုံ၌ အခကြေးငွေရယူလျက် ဆေးကုသနေသည့် ဒေါက်တာ ကျော်သူရ ထံသို့ သွားရောက်ပြသခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီတွင် အမျိုးသမီး၏ ယာဘက်လက်သူကြွယ်နှင့် လက်သန်းနှစ်ချောင်းအား ငွေကျပ် ၁၃ သိန်းပေး၍ ခွဲစိတ်ဖြတ်တောက်ခဲ့ရသည့်အပြင် ဒေါက်တာကျော်သူရမှ ဒုတိယအကြိမ် ထပ်မံခွဲစိတ်ရန် လိုအပ်ကြောင်း ပြောလာခဲ့သဖြင့် ငွေကြေးမတတ်နိုင်တော့သည့်အတွက် ၎င်းပုဂ္ဂလိကဆေးရုံမှ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)သို့ လာရောက်ပြသ အရေးပေါ် ခွဲစိတ်ကုသမှုခံ ယူခံရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူး အဆင့် အလံတင်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ မောင်တောမြို့ အမှတ်(၁) လူဝင်/ ထွက် စစ်ဆေးရေးစခန်း (POE) ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2021

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အတူ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့လိုက်ပါ၍ ယမန်နေ့နံနက်(၈)နာရီက ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ အနီးရှိ ဂုံညှင်းပင် စခန်းရှေ့တွင် ကျင်းပပြုလုပ်သော အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေး-ဘုရားဖူးရာ သီလမ်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်