Skip to main content

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၁)ကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ ၂၄ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။ အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး (ခ) ဘူးရယ် က ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေး ဝန်ဆောင်မှု အခြေအနေများ ၊ ပြည်နယ်အတွင်း စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက် ထားရှိမည့် အခြေ အနေများ ၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ၊ မွေးမြူရေးကဏ္ဍတိုးတက်စေရေးအတွက် ဆောင်ရွက် နေသည့် အခြေအနေများ ၊ တန်ခိုးကြီးဘုရားများ ပြန်လည်ဖွင့်လှစ်မှုနှင့် ဘုရားဖူးပြည်သူများ ဖူးမျှော်နေမှု အခြေ အနေများ စသည်တို့ကို သက်ဆိုင်ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဆွေးနွေးတင်ပြကြရန် အဖွင့် အမှာစကားတွင်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြခဲ့ပြီး ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကိုဗစ်-၁၉ဆိုင်ရာကိစ္စရပ်များနှင့် Quarantine Center များဖွင့်လှစ် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊ ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။ ခရိုင်(ပြန်/ဆက်)